ပရီးမီးယားလိဂ္အေကာင္းဆံုး ဂႏၳဝင္ေနာက္ခံလူအျဖစ္ မဲေပးေရြးခ်ယ္ခံရတဲ့ နီမန္ဂ်ာ ဗီဒစ္

Photo Credit

Photo Credit

လီဗာပူးအသင္းေနာက္ခံလူ ဗာဂ်ီဗန္ဒိုက္ဟာ ဥေရာပမွာ အေကာင္းဆံုး ကစားသမားအျဖစ္ လက္ရွိမွာ သတ္မွတ္ခံထားရသူပါ။ ဒါေပမဲ့ တကယ္အခ်က္အလက္ေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဗန္ဒိုက္က ပရီးမီးယားလိဂ္အေကာင္းဆံုးေနာက္ခံလူတစ္ဦးေတာ့ မဟုတ္ေသးပါဘူး။

Photo Credit

အဆုိပါ လီဗာပူးေနာက္ခံလူဟာ ဒီလအေစာပိုင္းက ယူအီးအက္ဖ္ေအတစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုကို ပူပူေႏြးေႏြးရရွိထားသလို ဖီဖာကခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုအတြက္လည္း ေရပန္းစားေနသူတစ္ဦး ျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ ၁၈လခန္႔က လီဗာပူးအသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီး အသင္းမွာ အေကာင္းဆံုးေျခစြမ္းျပသထားခဲ့ကာ တခ်ိဳ႕တခ်ိဳ႕ေတြကေတာ့ နယ္သာလန္သားကို ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးေနာက္ခံလူလိ႔ု အခိုင္အမာ ေျပာဆိုေနၾကပါတယ္။

Photo Credit

ဒါေပမဲ့ Sky Sports ကျပဳလုပ္တဲ့ ဂႏၳဝင္ေနာက္ခံလူေတြကို ႏိႈင္းယွဥ္မဲေပးပြဲမွာေတာ့ နယ္သာလန္သားဟာ ဖိုင္နယ္မွာ ယူႏိုက္တက္ဂႏၳ၀င္နီမန္ဂ်ာဗီဒစ္ကို အ႐ႈံးေပးခဲ့ရပါတယ္။ ပထမအေက်ာ့ ယွဥ္ၿပိဳင္မႈမွာေတာ့ စီးတီးအသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ကြန္ပနီက ယူႏုိက္တက္ဂႏၳဝင္ေနာက္ခံလူ ဂ်ပ္စတမ္းကို ေက်ာ္ျဖတ္ခဲ့သလို ဗန္ဒိုက္ကလည္း အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း တိုနီအဒမ္ထက္ သာလြန္တယ္လိ႔ု မဲေပးခံခဲ့ရပါတယ္။

Photo Credit

ဗီဒစ္နဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ဂြ်န္တယ္ရီတိ႔ုကေတာ့ ယွဥ္ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကၿပီး ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ကလည္း မဲေပးမႈမွာ အာဆင္နယ္ဂႏၳ၀င္ေနာက္ခံလူ ဆိုးလ္ကမ္းဘဲလ္ကို ေက်ာ္ျဖတ္ႏိုင္ခ့ဲပါတယ္။ ပထမဆီမီးဖိုင္နယ္ မဲေပးမႈေရာက္ရွိခ်ိန္မွာေတာ့ ဗန္ဒိုက္က ကြန္ပနီကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပရီးမီးယားလိဂ္ ဖလား ၄ ႀကိမ္ ရရွိထားတဲ့ စီးတီးအသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီဟာ ပရီးမီးယားလိဂ္နံပါတ္ ၁ အေကာင္းဆံုး ေနာက္ခံလူ ေရြးခ်ယ္မႈမွာေတာ့ ဗန္ဒိုက္ကို အရံႈးေပးခဲ့ရပါတယ္။ ဒုတိယဆီမီးဖိုင္နယ္မွာ ယူႏိုက္တက္ အသင္းေဖာ္ေဟာင္းေတြျဖစ္ၾကတဲ့ ဗီဒစ္က ဖာဒီနန္ကိုေက်ာ္ျဖတ္ၿပီး မဲေပးေရြးခ်ယ္ခံခဲ့ရပါတယ္။

Photo Credit

ဖိုင္နယ္မွာေတာ့ အမွတ္ေပးဖလား ၅ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရရွိထားကာ ယူႏိုက္တက္ေနာက္တန္းမွာ ဖာဒီနန္နဲ႔အတူ အေကာင္းဆံုး ေျခစြမ္းေတြ ျပသႏိုင္ခဲ့တဲ့ ဗီဒစ္ကပဲ နံပါတ္ ၁ အေကာင္းဆံုး ေနာက္ခံလူအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဗန္ဒိုက္ကေတာ့ အသက္ ၂၈ ႏွစ္အရြယ္သာ ရွိေသးတာျဖစ္ကာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမွာက္ႏိုင္ျခင္း မရွိေသးဘဲ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ပါတယ္။

Photo Credit

နိဂံုးခ်ဳပ္အေနနဲ႔ကေတာ့ ဗန္ဒိုက္ဟာ အေကာင္းဆံုး ေနာက္ခံလူလိ႔ု ေျပာခ်င္ေျပာၾကပါလိမ့္မယ္၊ ဒါေပမဲ့ သမိုင္းေၾကာင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ နယ္သာလန္သားဟာ ယူႏိုက္တက္ ဂႏၳဝင္ ေနာက္ခံလူ ဗီဒစ္ရဲ႕ေနာက္မွာသာ ေနရာရမွာ ျဖစ္ပါေတာ့တယ္။

Photo Credit

Unicode

ပရီးမီးယားလိဂ်အကောင်းဆုံး ဂန္ထဝင်နောက်ခံလူအဖြစ် မဲပေးရွေးချယ်ခံရတဲ့ နီမန်ဂျာ ဗီဒစ်

လီဗာပူးအသင်းနောက်ခံလူ ဗာဂျီဗန်ဒိုက်ဟာ ဥရောပမှာ အကောင်းဆုံး ကစားသမားအဖြစ် လက်ရှိမှာ သတ်မှတ်ခံထားရသူပါ။ ဒါပေမဲ့ တကယ်အချက်အလက်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဗန်ဒိုက်က ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူတစ်ဦးတော့ မဟုတ်သေးပါဘူး။
အဆိုပါ လီဗာပူးနောက်ခံလူဟာ ဒီလအစောပိုင်းက ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပူပူနွေးနွေးရရှိထားသလို ဖီဖာကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက်လည်း ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၁၈လခန့်က လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသထားခဲ့ကာ တချို့တချို့တွေကတော့ နယ်သာလန်သားကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနောက်ခံလူလိ့ု အခိုင်အမာ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ Sky Sports ကပြုလုပ်တဲ့ ဂန္ထဝင်နောက်ခံလူတွေကို နှိုင်းယှဉ်မဲပေးပွဲမှာတော့ နယ်သာလန်သားဟာ ဖိုင်နယ်မှာ ယူနိုက်တက်ဂန္ထဝင်နီမန်ဂျာဗီဒစ်ကို အရှုံးပေးခဲ့ရပါတယ်။ ပထမအကျော့ ယှဉ်ပြိုင်မှုမှာတော့ စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီက ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂျပ်စတမ်းကို ကျော်ဖြတ်ခဲ့သလို ဗန်ဒိုက်ကလည်း အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်ထက် သာလွန်တယ်လိ့ု မဲပေးခံခဲ့ရပါတယ်။
ဗီဒစ်နဲ့ ချဲလ်ဆီးနောက်ခံလူ ဂျွန်တယ်ရီတိ့ုကတော့ ယှဉ်ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီး ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း မဲပေးမှုမှာ အာဆင်နယ်ဂန္ထဝင်နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပထမဆီမီးဖိုင်နယ် မဲပေးမှုရောက်ရှိချိန်မှာတော့ ဗန်ဒိုက်က ကွန်ပနီကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ရရှိထားတဲ့ စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီဟာ ပရီးမီးယားလိဂ်နံပါတ် ၁ အကောင်းဆုံး နောက်ခံလူ ရွေးချယ်မှုမှာတော့ ဗန်ဒိုက်ကို အရှုံးပေးခဲ့ရပါတယ်။ ဒုတိယဆီမီးဖိုင်နယ်မှာ ယူနိုက်တက် အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ဗီဒစ်က ဖာဒီနန်ကိုကျော်ဖြတ်ပြီး မဲပေးရွေးချယ်ခံခဲ့ရပါတယ်။
ဖိုင်နယ်မှာတော့ အမှတ်ပေးဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားကာ ယူနိုက်တက်နောက်တန်းမှာ ဖာဒီနန်နဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ဗီဒစ်ကပဲ နံပါတ် ၁ အကောင်းဆုံး နောက်ခံလူအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဗန်ဒိုက်ကတော့ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးတာဖြစ်ကာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ခြင်း မရှိသေးဘဲ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ဗန်ဒိုက်ဟာ အကောင်းဆုံး နောက်ခံလူလိ့ု ပြောချင်ပြောကြပါလိမ့်မယ်၊ ဒါပေမဲ့ သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ နယ်သာလန်သားဟာ ယူနိုက်တက် ဂန္ထဝင် နောက်ခံလူ ဗီဒစ်ရဲ့နောက်မှာသာ နေရာရမှာ ဖြစ်ပါတော့တယ်။