ပစ္မွတ္ကို အမွတ္ေပးခ်န္ပီယံဆုေအာက္ ထားေနရတာက လက္သင့္ခံႏိုင္စရာမဟုတ္ေပမယ့္ ေအာင္ျမင္တဲ့ရာသီျဖစ္ဖို႔ ဘာေတြရယူရမလဲဆုိတာ ဖြင့္ဟလာတဲ့ နဗီးလ္

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းအတြက္ ပစ္မွတ္ကို အမွတ္ေပးခ်န္ပီယံဆုေအာက္ ထားေနရတာက လက္သင့္ခံႏိုင္စရာမဟုတ္ေပမယ့္ ၂၀၁၉-၂၀ ရာသီမွာ ထိပ္ဆုံး ၄သင္းစာရင္း၀င္ဖုိ႔နဲ႔ ဆုဖလားရရွိခဲ့ရင္ပဲ အသင္းအတြက္ ေအာင္ျမင္တဲ့ရာသီအျဖစ္ သတ္မွတ္ရမွာျဖစ္ေၾကာင္း အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က ဆိုပါတယ္။

Photo Credit

ယူႏိုက္တက္ဟာ ၂၀၁၃ခုႏွစ္က နည္းျပေလာကကေန ဂႏၳ၀င္နည္းျပႀကီးဖာဂူဆန္အနားယူသြားၿပီးခ်ိန္ကတည္းက ရလဒ္ဆုိးေတြနဲ႔ ဆက္တိုက္ရင္ဆုိင္ေနရၿပီး အမွတ္ေပးခ်န္ပီယံဆုစိန္ေခၚႏုိင္တဲ့အဆင့္ကေန ေလွ်ာက်လာတာ ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ အဆင့္ ၆ေနရာသာရရွိခ့ဲကာ ဖလားလက္မဲ့ဘ၀နဲ႔လည္း အဆုံးသတ္ခဲ့ရပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္နဲ႔အတူ ကစားသမားဘ၀က အမွတ္ေပးခ်န္ပီယံဆု ၈ႀကိမ္အထိရရွိခဲ့တဲ့ နဗီးလ္က ယူႏိုက္တက္အေနနဲ႔ လက္ရွိအခ်ိန္အထိ အသင္းကို ျပန္လည္တည္ေဆာက္ေနရဆဲျဖစ္ၿပီး အဲဒီအတြက္ေၾကာင့္လည္း ရည္မွန္းခ်က္ကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ထားရွိေနရေၾကာင္း ဆုိပါတယ္။

Photo Credit

”ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ ဖလား၁လုံးရယူႏိုင္ရင္ ယူႏိုက္တက္အတြက္ ေအာင္ျမင္တဲ့ရာသီအျဖစ္ သတ္မွတ္ရမွာပါ။ ဒါက လက္ရွိယူႏုိက္တက္အသင္းရဲ႕အေနအထားျဖစ္ပါတယ္။ ယူႏုိက္တက္အတြက္ေတာ့ ဒါက လက္သင့္ခံႏုိင္စရာမရွိတဲ့ရည္မွန္းခ်က္ျဖစ္ေပမယ့္ လက္ရွိအေျခအေနအရ ဒီလုိျဖစ္ေနရပါတယ္”

Photo Credit

”အထူးသျဖင့္ ေနာက္ဆုံး ၆ႏွစ္၊ ၇ႏွစ္အတြင္း ကစားသမားသစ္ေခၚယူရာမွာ ႀကီးမားတဲ့မွားယြင္းမႈေတြရွိခဲ့ပါတယ္။ ေနာက္ထပ္ေစ်းကြက္ ၃၊ ၄ခုေလာက္ကို အေကာင္းဆုံးျဖတ္သန္းႏိုင္ဖို႔ လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီကေတာ့ အသင္းရဲ႕လႈပ္ရွားမႈေတြက ေက်နပ္စရာေကာင္းခဲ့ပါတယ္။ ကစားသမား ၃ေယာက္ပဲ ေခၚယူခ့ဲတယ္ဆုိတာထက္ အမွားမက်ဴးလြန္ခဲ့တာက ၀မ္းသာစရာပါ”လုိ႔ နဗီးလ္က ေျပာပါတယ္။

Photo Credit

နဗီးလ္က လက္ရွိနည္းျပဆုိးလ္ရွားအေနနဲ႔ လူငယ္ကစားသမားေတြကို ေနရာေပးေနတာက လြယ္ကူတဲ့ကိစၥမဟုတ္ဘူးလို႔ ၀န္ခံခဲ့ေပမယ့္ အသင္းရဲ႕အနာဂတ္အတြက္ အဲဒီလုပ္ေဆာင္မႈက အေရးႀကီးေၾကာင္း ဆုိပါတယ္။

Photo Credit

Unicode

ပစ်မှတ်ကို အမှတ်ပေးချန်ပီယံဆုအောက် ထားနေရတာက လက်သင့်ခံနိုင်စရာမဟုတ်ပေမယ့် အောင်မြင်တဲ့ရာသီဖြစ်ဖို့ ဘာတွေရယူရမလဲဆိုတာ ဖွင့်ဟလာတဲ့ နဗီးလ်

ယူနိုက်တက်အသင်းအတွက် ပစ်မှတ်ကို အမှတ်ပေးချန်ပီယံဆုအောက် ထားနေရတာက လက်သင့်ခံနိုင်စရာမဟုတ်ပေမယ့် ၂၀၁၉-၂၀ ရာသီမှာ ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့နဲ့ ဆုဖလားရရှိခဲ့ရင်ပဲ အသင်းအတွက် အောင်မြင်တဲ့ရာသီအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ဆိုပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၃ခုနှစ်က နည်းပြလောကကနေ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်အနားယူသွားပြီးချိန်ကတည်းက ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အဆင့်ကနေ လျှောကျလာတာ ပြီးခဲ့တဲ့နှစ်ကဆိုရင် အဆင့် ၆နေရာသာရရှိခဲ့ကာ ဖလားလက်မဲ့ဘဝနဲ့လည်း အဆုံးသတ်ခဲ့ရပါတယ်။
ယူနိုက်တက်နဲ့အတူ ကစားသမားဘဝက အမှတ်ပေးချန်ပီယံဆု ၈ကြိမ်အထိရရှိခဲ့တဲ့ နဗီးလ်က ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်အထိ အသင်းကို ပြန်လည်တည်ဆောက်နေရဆဲဖြစ်ပြီး အဲဒီအတွက်ကြောင့်လည်း ရည်မှန်းချက်ကို လိုက်လျောညီထွေဖြစ်အောင် ထားရှိနေရကြောင်း ဆိုပါတယ်။
”ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဖလား၁လုံးရယူနိုင်ရင် ယူနိုက်တက်အတွက် အောင်မြင်တဲ့ရာသီအဖြစ် သတ်မှတ်ရမှာပါ။ ဒါက လက်ရှိယူနိုက်တက်အသင်းရဲ့အနေအထားဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ ဒါက လက်သင့်ခံနိုင်စရာမရှိတဲ့ရည်မှန်းချက်ဖြစ်ပေမယ့် လက်ရှိအခြေအနေအရ ဒီလိုဖြစ်နေရပါတယ်”
”အထူးသဖြင့် နောက်ဆုံး ၆နှစ်၊ ၇နှစ်အတွင်း ကစားသမားသစ်ခေါ်ယူရာမှာ ကြီးမားတဲ့မှားယွင်းမှုတွေရှိခဲ့ပါတယ်။ နောက်ထပ်ဈေးကွက် ၃၊ ၄ခုလောက်ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကတော့ အသင်းရဲ့လှုပ်ရှားမှုတွေက ကျေနပ်စရာကောင်းခဲ့ပါတယ်။ ကစားသမား ၃ယောက်ပဲ ခေါ်ယူခဲ့တယ်ဆိုတာထက် အမှားမကျူးလွန်ခဲ့တာက ဝမ်းသာစရာပါ”လို့ နဗီးလ်က ပြောပါတယ်။
နဗီးလ်က လက်ရှိနည်းပြဆိုးလ်ရှားအနေနဲ့ လူငယ်ကစားသမားတွေကို နေရာပေးနေတာက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလို့ ဝန်ခံခဲ့ပေမယ့် အသင်းရဲ့အနာဂတ်အတွက် အဲဒီလုပ်ဆောင်မှုက အရေးကြီးကြောင်း ဆိုပါတယ်။