ပင္နယ္တီကေန ဂိုးသြင္းယူခဲ့တဲ့ လူကာကူေၾကာင့္ ယူႏိုက္တက္နဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြ ေထာက္ျပေန

Photo Credit

Photo Credit

အင္တာမီလန္တုိက္စစ္မွဴး လူကာကူဟာ ယူႏုိက္တက္ကေန ေျပာင္းေရႊ႕လာၿပီးေနာက္ အသင္းသစ္အတြက္ ဒုတိယေျမာက္ဂိုးအျဖစ္ ပင္နယ္တီကေန အႏိုင္ဂုိးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ေဘာလုံးပရိသတ္ေတြက လူမႈမီဒီယာမွာ ကံၾကမၼာရဲ႕လွည့္ကြက္အေၾကာင္း အျပန္အလွန္ေဆြးေႏြးလ်က္ရွိပါတယ္။

Photo Credit

ယူႏိုက္တက္ကေတာ့ ဒီရာသီမွာ ပင္နယ္တီက်ိန္စာသင့္ေနၿပီး ၀ုဗ္၊ ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ ပင္နယ္တီအသီးသီးရခဲ့ေပမယ့္ ကြင္းလယ္လူေပါ့ဂ္ဘာနဲ႔ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ ၀င္ေအာင္ မသြင္းႏိုင္ခဲ့ဘဲ ပထမဆုံးပြဲမွာေတာ့ ရက္ရွ္ဖို႔ဒ္က ခ်ဲလ္ဆီးဘက္ကို ပင္နယ္တီကေန တစ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ယူႏိုက္တက္အသင္းက ပင္နယ္တီကေန ဂိုးသြင္းႏိုင္ဖို႔ ႐ုန္းကန္ေနရခ်ိန္မွာ လူကာကူကေတာ့ ပင္နယ္တီကေန ဂိုးသြင္းႏိုင္ဖို႔ ဘာမွအခက္မေတြ႕ဘဲ ကက္ဂလီယာရီကုိ -၁၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္အႏိုင္ဂုိးအျဖစ္ ပင္နယ္တီကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

Photo Credit

”လူကာကူကေတာ့ ကက္ဂလီယာရီနဲ႔ပြဲမွာ ပင္နယ္တီကေန အင္တာအတြက္ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါၿပီ။ ရက္ရွ္ဖို႔ဒ္နဲ႔ေပါ့ဂ္ဘာတုိ႔လည္း သူ႕ဆီကေန ေလ့က်င့္ထားဖို႔ လိုအပ္ေနပါတယ္”။ ”လူကာကူကေတာ့ သူ႕အသင္းေဖာ္ေဟာင္းေတြကို ပင္နယ္တီကေန ဂိုးဘယ္လုိသြင္းရမလဲဆိုတာ သင္ၾကားေပးေနပါၿပီ”

Photo Credit

”လူကာကူက ပင္နယ္တီကေန ဂိုးသြင္းႏိုင္ခဲ့တယ္။ ယူႏိုက္တက္က ပင္နယ္တီကေန ေအးေဆးဂိုးသြင္းႏိုင္တဲ့ကစားသမားကို သူတုိ႔နဲ႔ခပ္ေ၀းေ၀းပို႔လုိက္တယ္။ ရယ္စရာေတာ့ေကာင္းသား”။ ”ကဲ…ယူႏိုက္တက္ကစားသမားေတြကေတာ့ ေနရာစုံကေနကို ပင္နယ္တီလြဲေနတယ္။ ဒီအခ်ိန္မွာ လူကာကူက ေအးေဆးပင္နယ္တီကန္သြင္းသြားတယ္။ ခင္ဗ်ားတို႔လည္း ဒါကို ေတြ႕ေတာ့ ေပ်ာ္သြားတယ္ေပါ့”

Photo Credit

”ရက္ရွ္ဖို႔ဒ္နဲ႔ ေပါ့ဂ္ဘာတုိ႔က ပင္နယ္တီအသီးသီးလြဲေခ်ာ္ေနခ်ိန္မွာ လူကာကူကေတာ့ ပင္နယ္တီ ၁ႀကိမ္ကေန ၁ဂိုးသြင္းယူသြားတယ္။ သူဟာ အခုေတာ့ အီတလီမွာ ၂ပြဲကစား၊ ၂ဂိုးသြင္းယူထားၿပီးၿပီ”လုိ႔ ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ပါတယ္။ လူကာကူဟာ အဲဒီပြဲမွာ ပင္နယ္တီကန္သြင္းဖို႔ ျပင္ဆင္ေနခ်ိန္ အိမ္ရွင္ကက္ဂလီယာရီပရိသတ္ေတြက ေမ်ာက္ေအာ္သံနဲ႔အတူ လူမ်ိဳးေရးခြဲျခားမႈေတြျပဳလုပ္ခဲ့ပါတယ္။

Photo Credit

Unicode

ပင်နယ်တီကနေ ဂိုးသွင်းယူခဲ့တဲ့ လူကာကူကြောင့် ယူနိုက်တက်နဲ့ပတ်သက်လို့ ပရိသတ်တွေ ထောက်ပြနေ

အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ ယူနိုက်တက်ကနေ ပြောင်းရွှေ့လာပြီးနောက် အသင်းသစ်အတွက် ဒုတိယမြောက်ဂိုးအဖြစ် ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးပရိသတ်တွေက လူမှုမီဒီယာမှာ ကံကြမ္မာရဲ့လှည့်ကွက်အကြောင်း အပြန်အလှန်ဆွေးနွေးလျက်ရှိပါတယ်။
ယူနိုက်တက်ကတော့ ဒီရာသီမှာ ပင်နယ်တီကျိန်စာသင့်နေပြီး ဝုဗ်၊ ပဲလေ့စ်တို့နဲ့ပွဲတွေမှာ ပင်နယ်တီအသီးသီးရခဲ့ပေမယ့် ကွင်းလယ်လူပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဝင်အောင် မသွင်းနိုင်ခဲ့ဘဲ ပထမဆုံးပွဲမှာတော့ ရက်ရှ်ဖို့ဒ်က ချဲလ်ဆီးဘက်ကို ပင်နယ်တီကနေ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းက ပင်နယ်တီကနေ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရချိန်မှာ လူကာကူကတော့ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ဖို့ ဘာမှအခက်မတွေ့ဘဲ ကက်ဂလီယာရီကို -၁၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်အနိုင်ဂိုးအဖြစ် ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
”လူကာကူကတော့ ကက်ဂလီယာရီနဲ့ပွဲမှာ ပင်နယ်တီကနေ အင်တာအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါပြီ။ ရက်ရှ်ဖို့ဒ်နဲ့ပေါ့ဂ်ဘာတို့လည်း သူ့ဆီကနေ လေ့ကျင့်ထားဖို့ လိုအပ်နေပါတယ်”။ ”လူကာကူကတော့ သူ့အသင်းဖော်ဟောင်းတွေကို ပင်နယ်တီကနေ ဂိုးဘယ်လိုသွင်းရမလဲဆိုတာ သင်ကြားပေးနေပါပြီ”
”လူကာကူက ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့တယ်။ ယူနိုက်တက်က ပင်နယ်တီကနေ အေးဆေးဂိုးသွင်းနိုင်တဲ့ကစားသမားကို သူတို့နဲ့ခပ်ဝေးဝေးပို့လိုက်တယ်။ ရယ်စရာတော့ကောင်းသား”။ ”ကဲ…ယူနိုက်တက်ကစားသမားတွေကတော့ နေရာစုံကနေကို ပင်နယ်တီလွဲနေတယ်။ ဒီအချိန်မှာ လူကာကူက အေးဆေးပင်နယ်တီကန်သွင်းသွားတယ်။ ခင်ဗျားတို့လည်း ဒါကို တွေ့တော့ ပျော်သွားတယ်ပေါ့”
”ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာတို့က ပင်နယ်တီအသီးသီးလွဲချော်နေချိန်မှာ လူကာကူကတော့ ပင်နယ်တီ ၁ကြိမ်ကနေ ၁ဂိုးသွင်းယူသွားတယ်။ သူဟာ အခုတော့ အီတလီမှာ ၂ပွဲကစား၊ ၂ဂိုးသွင်းယူထားပြီးပြီ”လို့ ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။ လူကာကူဟာ အဲဒီပွဲမှာ ပင်နယ်တီကန်သွင်းဖို့ ပြင်ဆင်နေချိန် အိမ်ရှင်ကက်ဂလီယာရီပရိသတ်တွေက မျောက်အော်သံနဲ့အတူ လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့ပါတယ်။