နယ္သာလန္က ဒီေဂ်ာင္နဲ႔ ဘာစီလိုနာက ဒီေဂ်ာင္ ဘာကြာလဲလို႔ ဗဲလ္ဗာဒီကို ေမးခ်င္တယ္

0
1929

ဂ်ာမနီကို 2-4 ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ နယ္သာလန္ကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္ေျခစြမ္းျပသြားခဲ့တာကို ၾကည့္ၿပီး ဘာစီလိုနာပရိသတ္ေတြကေတာ့ ေၾကကြဲေနၾကပါတယ္။ နယ္သာလန္အသင္းမွာ အဲဒီလိုအေကာင္းဆံုးပံုစံကို ျပသႏုိင္ေပမယ့္ ဘာစီလုိနာအသင္းမွာ က်ေတာ့ ဘာေၾကာင့္ ဒီလုိမ်ား ေျခစြမ္းမျပႏုိင္ဘူးလဲဆိုတဲ့ ေမးခြန္းထုတ္စရာေတြလည္း ရိွလာခဲ့ပါတယ္။

ဘာစီလိုနာပရိသတ္အမ်ားစုကေတာ့ ဖရန္ကီဒီေဂ်ာင္ ဘာစီလိုနာမွာ ေျခစြမ္းမျပႏုိင္တာဟာ နည္းျပဗဲလ္ဗာဒီရဲ႕ နည္းစနစ္ပိုင္းေၾကာင့္ျဖစ္လိမ့္မယ္လို႔ ေ၀ဖန္ေထာက္ျပေနၾကပါတယ္။ ဒီေဂ်ာင္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ေအဂ်က္ဇ္ကေန ဘာစီလုိနာကို ေျပာင္းေရႊ႕လာခဲ့ေပမယ့္ အသင္းအတြက္ ထူးျခားတဲ့ စြမ္းေဆာင္ရည္ျပသႏုိင္ခဲ့ျခင္းမရိွခဲ့ပါဘူး။

ဒါေပမယ့္ ယူရို 2020 ေျခစစ္ပြဲအျဖစ္ ဂ်ာမနီနဲ႔ပြဲကို နယ္သာလန္အတြက္ ပါ၀င္ကစားေပးခဲ့ရာမွာေတာ့ ဒီေဂ်ာင္ဟာ အႏုိင္ဂိုးတစ္ဂိုးသြင္းယူေပးႏုိင္ခဲ့တဲ့အျပင္ တစ္ပြဲလံုးမွာ ေဘာလံုးနဲ႔ ထိတဲ့အႀကိမ္အေရအတြက္ 81 ႀကိမ္၊ ေဘာလံုးေပးပို႔မႈ 77 ႀကိမ္မွာ တိက်မႈ 66 ႀကိမ္၊ ရာခိုင္ႏႈန္းအားျဖင့္ 91 % အထိရိွခဲ့ပါတယ္။

ဒါ့အျပင္ ေဘာလံုးဆြဲေျပးမႈ 3 ႀကိမ္ျပဳလုပ္ခဲ့ရာမွာ 2 ႀကိမ္ေအာင္ျမင္ခဲ့ပါေသးတယ္။ အေ၀းေဘာ ျဖတ္တင္ေပးမႈ 8 ႀကိမ္မွာ 7 ႀကိမ္ေအာင္ျမင္ခဲ့သလို အဓိက က်တဲ့ ေဘာလံုးျဖတ္ထုတ္မႈ 2 ႀကိမ္၊ ေဘာလံုးလုယူမႈ 7 ႀကိမ္မွာ 3 ႀကိမ္ေအာင္ျမင္ခဲ့တာကိုေတြ႕ရပါတယ္။

ဒီေဂ်ာင္ရဲ႕ ေျခစြမ္းအေပၚ ဘာစီလိုနာပရိသတ္တစ္ဦးက “ ဖရန္ကီဒီေဂ်ာင္က သူ႔ရဲ႕ ဆရာက်တဲ့ေျခစြမ္းကို ျပသြားခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာမွာေတာ့ သူ႔ရဲ႕ေျခစြမ္းကို ဗဲလ္ဗာဒီက ပိတ္ေလွာင္ ခ်ဳပ္ထားလို႔ပဲျဖစ္ပါလိမ့္မယ္” လို႔ မွတ္ခ်က္ျပဳေ၀ဖန္ခဲ့ပါတယ္။

ဒါ့အျပင္ အျခား ဘာစီလိုနာပရိသတ္တစ္ဦးကလည္း “ ဖရန္ကီရဲ႕ေျခစြမ္းက အဆင့္ျမင့္တယ္ဆိုတာကို သံသယျဖစ္စရာမရိွဘူး။ ဗယ္ဗာဒီကသာ ကစားခဲ့တဲ့ 3 ပြဲမွာ သူ႔ကို မတူညီတဲ့ ပံုစံ 3 မ်ိဳးနဲ႔ကစားခိုင္းလို႔ ဘာစီလိုနာအတြက္ ေျခစြမ္းမျပႏိုင္တာ” လို႔ ဆိုခဲ့ျပန္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ အမာခံပရိသတ္တစ္ဦ၊းက “ ေအဂ်က္ဇ္နဲ႔ နယ္သာလန္မွာ ကစားတဲ့ ဒီေဂ်ာင္နဲ႔ ဘာစီလိုနာမွာ ကစားတဲ့ ဒီေဂ်ာင္က လံုး၀ကို ကြာျခားပါတယ္။ ဘာေၾကာင့္ အဲဒီလို ကြာျခားသြားတယ္ဆိုတာကို ဗယ္ဗာဒီကို ေမးခ်င္တယ္” လို႔ တြစ္တာစာမ်က္နာေပၚမွာ ေ၀ဖန္ေရးသားခဲ့ၾကတာပဲျဖစ္ပါတယ္။

[Unicode]

နယ်သာလန်က ဒီဂျောင်နဲ့ ဘာစီလိုနာက ဒီဂျောင် ဘာကွာလဲလို့ ဗဲလ်ဗာဒီကို မေးချင်တယ်
=========================================

ဂျာမနီကို 2-4 ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ခြေစွမ်းပြသွားခဲ့တာကို ကြည့်ပြီး ဘာစီလိုနာပရိသတ်တွေကတော့ ကြေကွဲနေကြပါတယ်။ နယ်သာလန်အသင်းမှာ အဲဒီလိုအကောင်းဆုံးပုံစံကို ပြသနိုင်ပေမယ့် ဘာစီလိုနာအသင်းမှာ ကျတော့ ဘာကြောင့် ဒီလိုများ ခြေစွမ်းမပြနိုင်ဘူးလဲဆိုတဲ့ မေးခွန်းထုတ်စရာတွေလည်း ရှိလာခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်အများစုကတော့ ဖရန်ကီဒီဂျောင် ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်တာဟာ နည်းပြဗဲလ်ဗာဒီရဲ့ နည်းစနစ်ပိုင်းကြောင့်ဖြစ်လိမ့်မယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အေဂျက်ဇ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ထူးခြားတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် ယူရို 2020 ခြေစစ်ပွဲအဖြစ် ဂျာမနီနဲ့ပွဲကို နယ်သာလန်အတွက် ပါဝင်ကစားပေးခဲ့ရာမှာတော့ ဒီဂျောင်ဟာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အပြင် တစ်ပွဲလုံးမှာ ဘောလုံးနဲ့ ထိတဲ့အကြိမ်အရေအတွက် 81 ကြိမ်၊ ဘောလုံးပေးပို့မှု 77 ကြိမ်မှာ တိကျမှု 66 ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် 91 % အထိရှိခဲ့ပါတယ်။

ဒါ့အပြင် ဘောလုံးဆွဲပြေးမှု 3 ကြိမ်ပြုလုပ်ခဲ့ရာမှာ 2 ကြိမ်အောင်မြင်ခဲ့ပါသေးတယ်။ အဝေးဘော ဖြတ်တင်ပေးမှု 8 ကြိမ်မှာ 7 ကြိမ်အောင်မြင်ခဲ့သလို အဓိက ကျတဲ့ ဘောလုံးဖြတ်ထုတ်မှု 2 ကြိမ်၊ ဘောလုံးလုယူမှု 7 ကြိမ်မှာ 3 ကြိမ်အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။

ဒီဂျောင်ရဲ့ ခြေစွမ်းအပေါ် ဘာစီလိုနာပရိသတ်တစ်ဦးက “ ဖရန်ကီဒီဂျောင်က သူ့ရဲ့ ဆရာကျတဲ့ခြေစွမ်းကို ပြသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမှာတော့ သူ့ရဲ့ခြေစွမ်းကို ဗဲလ်ဗာဒီက ပိတ်လှောင် ချုပ်ထားလို့ပဲဖြစ်ပါလိမ့်မယ်” လို့ မှတ်ချက်ပြုဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အခြား ဘာစီလိုနာပရိသတ်တစ်ဦးကလည်း “ ဖရန်ကီရဲ့ခြေစွမ်းက အဆင့်မြင့်တယ်ဆိုတာကို သံသယဖြစ်စရာမရှိဘူး။ ဗယ်ဗာဒီကသာ ကစားခဲ့တဲ့ 3 ပွဲမှာ သူ့ကို မတူညီတဲ့ ပုံစံ 3 မျိုးနဲ့ကစားခိုင်းလို့ ဘာစီလိုနာအတွက် ခြေစွမ်းမပြနိုင်တာ” လို့ ဆိုခဲ့ပြန်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အမာခံပရိသတ်တစ်ဦ၊းက “ အေဂျက်ဇ်နဲ့ နယ်သာလန်မှာ ကစားတဲ့ ဒီဂျောင်နဲ့ ဘာစီလိုနာမှာ ကစားတဲ့ ဒီဂျောင်က လုံးဝကို ကွာခြားပါတယ်။ ဘာကြောင့် အဲဒီလို ကွာခြားသွားတယ်ဆိုတာကို ဗယ်ဗာဒီကို မေးချင်တယ်” လို့ တွစ်တာစာမျက်နာပေါ်မှာ ဝေဖန်ရေးသားခဲ့ကြတာပဲဖြစ်ပါတယ်။