နယူးကာဆယ္ကို ၅ဂိုးျပတ္အႏိုင္ယူၿပီး အဆင့္ ၃ေနရာေရာက္လာတဲ့လက္စတာ (လက္စတာ ၅-၀ နယူးကာဆယ္ပဲြၿပီးျမင္ကြင္းက်ယ္)

Photo Credit

Photo Credit

ဒီရာသီမထင္မွတ္ဘဲ ေျခစြမ္းျပေနတဲ့ လက္စတာအသင္းဟာ နယူးကာဆယ္ကို အလြယ္တကူပဲ ၅ဂိုးျပတ္အႏုိင္ယူၿပီး အမွတ္ေပးဇယားရဲ႕အဆင့္ ၃ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ လက္စတာဟာ သူ႕ထက္ အဆင့္ပိုျမင့္တဲ့ လီဗာပူးနဲ႔ စီးတီးတုိ႔ၿပီးရင္ ဂိုးကြာျခားခ်က္အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတာေၾကာင့္လည္း သူတုိ႔ရဲ႕ရပ္တည္မႈကို ပိုမိုအထင္ႀကီးေစပါတယ္။

Photo Credit

ပြဲခ်ိန္ ၄၃မိနစ္မွာ နယူးကာဆယ္ကြင္းလယ္လူ နစ္ကီေဟဒန္ တုိက္႐ိုက္အနီကတ္ျပသခံခဲ့ရတာကလည္း လက္စတာအသင္းကို ပိုမိုလြယ္ကူသြားေစၿပီး ေဟဒန္ကေတာ့ ၿပီးခဲ့တဲ့ရာသီကစတင္လုိ ပရီးမီးယားလိဂ္မွာ တိုက္႐ိုက္အနီကတ္ျပသခံရမႈအမ်ားဆုံးကစားသမားအျဖစ္ ၂ႀကိမ္နဲ႔ ရပ္တည္သြားခဲ့ရပါတယ္။

Photo Credit

ဒီပြဲမွာ လက္စတာအသင္းအဓိကကြင္းလယ္လူ မက္ဒီဆင္ မပါ၀င္ခဲ့ေပမယ့္ အသင္းရဲ႕တုိက္စစ္ကစားပုံက ပ်က္မသြားဘဲ ၂ဂိုးသြင္းယူသြားတဲ့ တုိက္စစ္မွဴး ဗာဒီကလည္း လက္စတာအသင္းကို လက္ရွိနည္းျပ ေရာ့ဂ်ာ စတင္တာ၀န္ယူခဲ့တဲ့ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၁၇ပဲြမွာ ၁၄ဂိုးသြင္းယူထားတာကို ၾကည့္ရင္ ဗာဒီနဲ႔ ေရာ့ဂ်ာ ဘယ္ေလာက္အလုပ္ျဖစ္ေနလဲဆုိတာ သိသာပါတယ္။

Photo Credit

ပဲြခ်ိန္ ၁၆မိနစ္မွာ လက္စတာအသင္း ဦးေဆာင္ဂိုးရခဲ့ၿပီး ညာေနာက္ခံလူ ရီကာဒိုပါရဲရားက ဘယ္ေျခနဲ႔ ကန္သြင္းယူခ့ဲတာျဖစ္ပါတယ္။ ဒုတိယပိုင္းျပန္စၿပီး ၉မိနစ္အၾကာမွာ လက္စတာအသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဟာေဗးဘားနက္စ္ရဲ႕ေပးပို႔မႈကုိ ဗာဒီက ပင္နယ္တီဧရိယာဘယ္ဘက္ကေန ဂိုးသမားပိတ္ထားတဲ့အနီးတုိင္ေထာင့္ထဲ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit

ေနာက္ ၃မိနစ္အၾကာမွာ ပရာယက္ရဲ႕ေထာင့္ျဖတ္ေဘာက နယူးကာဆယ္ေနာက္ခံလူ ဒမ္းမက္ရဲ႕ေျခေထာက္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္း၀င္သြားလုိ႔ လက္စတာအသင္း တတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့သလုိ ပြဲခ်ိန္ ၆၄ မိနစ္မွာ အယ္လ္ဘ႐ိုက္တန္ရဲ႕ေထာင့္ျဖတ္ေဘာကေန ဗာဒီက ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ စတုတၳေျမာက္ဂိုးရရွိသြားခဲ့ပါတယ္။

Photo Credit

ဒါ့အျပင္ ပြဲၿပီးခါနီးမွာ ကြင္းလယ္လူ အင္ဒီဒီက ခ်ီ၀ဲလ္ရဲ႕ေထာင့္ျဖတ္ေဘာကုိ တစ္ခ်က္အရင္ထိန္းကာ အျပင္းကန္သြင္းယူႏုိင္ခဲ့လု႔ိ လက္စတာအသင္း အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။ လက္စတာအတြက္ အသင္းသမုိ္င္းတစ္ေလွ်ာက္ အႀကီးမားဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္လာခဲ့ၿပီး လိဂ္ေနာက္ဆုံး ၅ပြဲမွာ ၄ပဲြေျမာက္ႏိုင္ပြဲလည္းျဖစ္လာပါတယ္။

Photo Credit

Unicode

နယူးကာဆယ်ကို ၅ဂိုးပြတ်အနိုင်ယူပြီး အဆင့် ၃နေရာရောက်လာတဲ့လက်စတာ (လက်စတာ ၅-၀ နယူးကာဆယ်ပွဲပြီးမြင်ကွင်းကျယ်)

ဒီရာသီမထင်မှတ်ဘဲ ခြေစွမ်းပြနေတဲ့ လက်စတာအသင်းဟာ နယူးကာဆယ်ကို အလွယ်တကူပဲ ၅ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့အဆင့် ၃နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ပြီးတော့ လက်စတာဟာ သူ့ထက် အဆင့်ပိုမြင့်တဲ့ လီဗာပူးနဲ့ စီးတီးတို့ပြီးရင် ဂိုးကွာခြားချက်အများဆုံးအသင်းအဖြစ် ရပ်တည်နေတာကြောင့်လည်း သူတို့ရဲ့ရပ်တည်မှုကို ပိုမိုအထင်ကြီးစေပါတယ်။
ပွဲချိန် ၄၃မိနစ်မှာ နယူးကာဆယ်ကွင်းလယ်လူ နစ်ကီဟေဒန် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာကလည်း လက်စတာအသင်းကို ပိုမိုလွယ်ကူသွားစေပြီး ဟေဒန်ကတော့ ပြီးခဲ့တဲ့ရာသီကစတင်လို ပရီးမီးယားလိဂ်မှာ တိုက်ရိုက်အနီကတ်ပြသခံရမှုအများဆုံးကစားသမားအဖြစ် ၂ကြိမ်နဲ့ ရပ်တည်သွားခဲ့ရပါတယ်။
ဒီပွဲမှာ လက်စတာအသင်းအဓိကကွင်းလယ်လူ မက်ဒီဆင် မပါဝင်ခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ကစားပုံက ပျက်မသွားဘဲ ၂ဂိုးသွင်းယူသွားတဲ့ တိုက်စစ်မှူး ဗာဒီကလည်း လက်စတာအသင်းကို လက်ရှိနည်းပြ ရော့ဂျာ စတင်တာဝန်ယူခဲ့တဲ့ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၇ပွဲမှာ ၁၄ဂိုးသွင်းယူထားတာကို ကြည့်ရင် ဗာဒီနဲ့ ရော့ဂျာ ဘယ်လောက်အလုပ်ဖြစ်နေလဲဆိုတာ သိသာပါတယ်။
ပွဲချိန် ၁၆မိနစ်မှာ လက်စတာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ညာနောက်ခံလူ ရီကာဒိုပါရဲရားက ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၉မိနစ်အကြာမှာ လက်စတာအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဟာဗေးဘားနက်စ်ရဲ့ပေးပို့မှုကို ဗာဒီက ပင်နယ်တီဧရိယာဘယ်ဘက်ကနေ ဂိုးသမားပိတ်ထားတဲ့အနီးတိုင်ထောင့်ထဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
နောက် ၃မိနစ်အကြာမှာ ပရာယက်ရဲ့ထောင့်ဖြတ်ဘောက နယူးကာဆယ်နောက်ခံလူ ဒမ်းမက်ရဲ့ခြေထောက်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားလို့ လက်စတာအသင်း တတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာ အယ်လ်ဘရိုက်တန်ရဲ့ထောင့်ဖြတ်ဘောကနေ ဗာဒီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စတုတ္ထမြောက်ဂိုးရရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ပွဲပြီးခါနီးမှာ ကွင်းလယ်လူ အင်ဒီဒီက ချီဝဲလ်ရဲ့ထောင့်ဖြတ်ဘောကို တစ်ချက်အရင်ထိန်းကာ အပြင်းကန်သွင်းယူနိုင်ခဲ့လု့ိ လက်စတာအသင်း အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။ လက်စတာအတွက် အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်လာခဲ့ပြီး လိဂ်နောက်ဆုံး ၅ပွဲမှာ ၄ပွဲမြောက်နိုင်ပွဲလည်းဖြစ်လာပါတယ်။