ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ရက္ရွ္ဖုိ႔ဒ္တုိ႔ကိုေက်ာ္ၿပီး မန္ယူအသင္းရဲ႕ အျမန္ဆံုးသူျဖစ္ေနတဲ့ခ်ာတိတ္

Photo Credit: Mirror
Photo Credit: Mirror

ဒီရာသီမန္ယူအသင္းမွာ ေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အျမန္ႏႈန္းက ပရိသတ္ေတြသတိထားမိေလာက္ေအာင္ ထူးျခားမႈတစ္ခုျဖစ္ေနတာပါ။ အရင္ကလည္း ရက္ရွ္ဖုိ႔ဒ္၊ လင္ဂတ္၊ မာရွယ္တုိ႔လုိ ျမန္ႏႈန္းျမင့္ကစားသမားေတြ မန္ယူမွာရွိထားခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိမန္ယူအသင္းရဲ႕ အျမန္ဆံုးကစားသမားကေတာ့ စီနီယာအသင္းကမဟုတ္ဘဲ အသက္ 16 ႏွစ္ပဲရွိေသးတဲ့ ခ်ာတိတ္ေလးျဖစ္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit: Mirror

မန္ယူအသင္းပိုင္ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ကစားသမားေတြရဲ႕အျမန္ႏႈန္းနဲ႔ပတ္သက္ၿပီး တိက်တဲ့စမ္းသပ္မႈေတြျပဳလုပ္ခဲ့ခ်ိန္မွာ အသက္ 16 ႏွစ္ပဲရွိေသးတဲ့ ေတာင္ပံကစားသမား ဒီဂ်ီဆုိတုိနာဟာ စီနီယာအသင္းသားေတြထက္ေတာင္မွ ပိုၿပီးေကာင္းမြန္တဲ့မွတ္တမ္းရွိခဲ့တာပါ။ လက္ရွိမန္ယူရဲ႕ စီနီယာအသင္းသားေတြထဲမွာေတာ့ ေနာက္ခံလူဒါေလာ့က အျမန္ဆံုးသူျဖစ္ခဲ့ၿပီး 22.63 mph ရွိခဲ့ပါတယ္။ သူ႕ရဲ႕ေနာက္မွာမွ ရက္ရွ္ဖုိ႔ဒ္ 22.18 mph၊ ဒန္နီရယ္ဂ်ိမ္းစ္က 22.07 mph တုိ႔နဲ႔အစဥ္လုိက္ရပ္တည္ခဲ့တာပါ။ ဒါေပမဲ့ ဒီဂ်ီဆုိတုိနာကေတာ့ အားလံံုးထဲမွာ အျမန္ဆံုးကစားသမားျဖစ္ခဲ့ၿပီး သူ႕ရဲ႕မွတ္တမ္းက 22.9 mph ေတာင္မွရွိခဲ့တာျဖစ္ပါတယ္။

Photo Credit: Mirror

ေတာင္ပံကစားသမားျဖစ္တဲ့ ဆုိတုိနာဟာ အုိင္ယာလန္လူငယ္လက္ေရြးစင္ျဖစ္ၿပီး မန္ယူအသင္းမွာေတာ့ ယူ-18 အသင္းအတြက္ပါ၀င္ကစားေနတာပါ။ သူဟာ အသက္ 12 ႏွစ္အရြယ္မွာကတည္းက အုိင္ယာလန္ ယူ-14 အဆင့္ တာတုိအေျပးခ်န္ပီယံျဖစ္ခဲ့လုိ႔ အျမန္ႏႈန္းနဲ႔ပတ္သက္ရင္ တကယ့္ကိုထူးျခားတဲ့သူျဖစ္ခဲ့ပါတယ္။ မန္ယူလူငယ္အသင္းမွာလည္း ဆိုတိုနာရဲ႕ေျခစြမ္းနဲ႔ လ်င္ျမန္မႈေၾကာင့္ ဂႏၳ၀င္ကစားသမားေဟာင္း ရိုင္ယန္ဂစ္လက္သစ္အျဖစ္ တင္စားခံထားရပါတယ္။ ဆုိတုိနာဟာ လက္ေရြးစင္အဆင့္မွာ အဂၤလန္ကိုယ္စားျပဳခြင့္ရွိသူျဖစ္လုိ႔ မန္ယူနဲ႔ အဂၤလန္ႏွစ္သင္းစလံုးရဲ႕ အနာဂတ္ၾကယ္ပြင့္ျဖစ္လာႏုိင္သူလုိ႔လည္း ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

(Unicode)

ဒန်နီရယ်ဂျိမ်းစ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကိုကျော်ပြီး မန်ယူအသင်းရဲ့ အမြန်ဆုံးသူဖြစ်နေတဲ့ချာတိတ်

ဒီရာသီမန်ယူအသင်းမှာ တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ရဲ့အမြန်နှုန်းက ပရိသတ်တွေသတိထားမိလောက်အောင် ထူးခြားမှုတစ်ခုဖြစ်နေတာပါ။ အရင်ကလည်း ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ မာရှယ်တို့လို မြန်နှုန်းမြင့်ကစားသမားတွေ မန်ယူမှာရှိထားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမန်ယူအသင်းရဲ့ အမြန်ဆုံးကစားသမားကတော့ စီနီယာအသင်းကမဟုတ်ဘဲ အသက် 16 နှစ်ပဲရှိသေးတဲ့ ချာတိတ်လေးဖြစ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းပိုင် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့အမြန်နှုန်းနဲ့ပတ်သက်ပြီး တိကျတဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့ချိန်မှာ အသက် 16 နှစ်ပဲရှိသေးတဲ့ တောင်ပံကစားသမား ဒီဂျီဆိုတိုနာဟာ စီနီယာအသင်းသားတွေထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့မှတ်တမ်းရှိခဲ့တာပါ။ လက်ရှိမန်ယူရဲ့ စီနီယာအသင်းသားတွေထဲမှာတော့ နောက်ခံလူဒါလော့က အမြန်ဆုံးသူဖြစ်ခဲ့ပြီး 22.63 mph ရှိခဲ့ပါတယ်။ သူ့ရဲ့နောက်မှာမှ ရက်ရှ်ဖို့ဒ် 22.18 mph၊ ဒန်နီရယ်ဂျိမ်းစ်က 22.07 mph တို့နဲ့အစဉ်လိုက်ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ ဒီဂျီဆိုတိုနာကတော့ အားလုံံးထဲမှာ အမြန်ဆုံးကစားသမားဖြစ်ခဲ့ပြီး သူ့ရဲ့မှတ်တမ်းက 22.9 mph တောင်မှရှိခဲ့တာဖြစ်ပါတယ်။

တောင်ပံကစားသမားဖြစ်တဲ့ ဆိုတိုနာဟာ အိုင်ယာလန်လူငယ်လက်ရွေးစင်ဖြစ်ပြီး မန်ယူအသင်းမှာတော့ ယူ-18 အသင်းအတွက်ပါဝင်ကစားနေတာပါ။ သူဟာ အသက် 12 နှစ်အရွယ်မှာကတည်းက အိုင်ယာလန် ယူ-14 အဆင့် တာတိုအပြေးချန်ပီယံဖြစ်ခဲ့လို့ အမြန်နှုန်းနဲ့ပတ်သက်ရင် တကယ့်ကိုထူးခြားတဲ့သူဖြစ်ခဲ့ပါတယ်။ မန်ယူလူငယ်အသင်းမှာလည်း ဆိုတိုနာရဲ့ခြေစွမ်းနဲ့ လျင်မြန်မှုကြောင့် ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်လက်သစ်အဖြစ် တင်စားခံထားရပါတယ်။ ဆိုတိုနာဟာ လက်ရွေးစင်အဆင့်မှာ အင်္ဂလန်ကိုယ်စားပြုခွင့်ရှိသူဖြစ်လို့ မန်ယူနဲ့ အင်္ဂလန်နှစ်သင်းစလုံးရဲ့ အနာဂတ်ကြယ်ပွင့်ဖြစ်လာနိုင်သူလို့လည်း ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။