ဒဏ္ရာေၾကာင့္ အာဆင္နယ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ပါ၀င္ႏိုင္မွာ မဟုတ္

Photo- Internet
Photo- Internet

မန္ယူအသင္းတိုက္စစ္မွဴ း မားကက္စ္ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာျပႆ     နာေၾကာင့္ တနလၤာေန႔က်ရင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ ရမယ္႔ပြဲကိုလြဲေခ်ာ္မယ္လို႔ သိရပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က ၀က္စ္ဟမ္းကို အေ၀းကြင္းမွာ ၂-၀ နဲ႔ရႈံးခဲ့တဲ႔ ပြဲမွာ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။

သူဟာဒီဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာလူစားလဲ ခံခဲ့ရတာျဖစ္ၿပီး ေရာ႔ခ်္ေဒးလ္နဲ႔ ပြဲမွာလည္းပါ၀င္ႏိုင္ခဲ့ျခင္းမရွိသလို အာဆင္နယ္နဲ႔ ပြဲကိုလည္းလြဲမွာျဖစ္ပါတယ္။ လက္ရွိမွာ မာရွယ္ဟာလည္းေပါင္ၾကြက္သား ဒဏ္ရာေၾကာင့္ အနားယူေနရလို႔ မန္ယူတိုက္စစ္မွာ ႀကံခိုင္မႈျပည့္တဲ႔ စီနီယာကစားမရွိေတာ႔ဘဲျဖစ္ေနလို႔ နည္းျပဆိုးလ္ရွား အခက္ေတြ႔ေနရပါတယ္။

Photo- Internet

မန္ယူဟာၿပီးခဲ့တဲ႔ ေႏြရာသီေစ်းကြက္တုန္းက လူကာကူကို အင္တာမီလန္အသင္းဆီ ေရာင္းခ်ခဲ့ၿပီး ဆန္းခ်က္ဇ္ကိုလည္း အင္တာဆီဘဲ အငွားခ်ခဲ့ေပမယ္႔ အစားထိုးရမယ္႔သူေခၚယူႏိုင္ခဲ့ျခင္းမရွိလို႔ အခုလိုဒဏ္ရာျပႆ     နာႀကံဳ လာခ်ိန္မွာ အခက္ေတြ႔ေနရတာျဖစ္ပါတယ္။

Photo- Internet

ဆိုးလ္ရွားက”ရက္ရွ္ဖို႔ဟာ ျပန္လည္ႀကံခိုင္မႈပိုင္းဆုိင္ရာ ေလ႔က်င့္ခန္းေတြကို ျပဳလုပ္ေနပါၿပီ။သူ႔ဒဏ္ရာဟာ အရမး္အဆိုးႀကီးထဲမွာ မပါ၀င္ပါဘူး။ ဒါေပမယ္႔ အာဆင္နယ္နဲ႔ ပြဲမွာေတာ႔ ပါႏိုင္ဦးမွာမဟုတ္ပါဘူး။ လာမယ္႔ ေအာက္တိုဘာ ႏိုင္ငံတကာပြဲေတြ မတိုင္ခင္မွာေတာ႔ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ေျပာသြားပါတယ္။

Photo- Internet

ဒီဒဏ္ရာေၾကာင့္ အဂၤလန္လက္ေရြးစင္ျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္ဟာ အာဆင္နယ္နဲ႔ပြဲအျပင္ နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္နဲ႔ အယ္လ္ခမာနဲ႔ ယွဥ္ၿပိဳင္ရမယ္႔ ယူရိုပါလိဂ္ပြဲေတြကိုပါလြဲေခ်ာ္ မွာျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ေအာက္တိုဘာလအတြင္း အဂၤလန္ရဲ႕ယူရိုေျခစစ္ပြဲေတြမွာ ပါ၀င္ဖို႔လည္း မေသခ်ာဘူးလို႔ သိရပါတယ္။

Photo- Internet

Unicode

ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ပါဝင်နိုင်မှာ မဟုတ်
မန်ယူအသင်းတိုက်စစ်မှူ း မားကက်စ်ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿ     နာကြောင့် တနင်္လာနေ့ကျရင် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ရမယ့်ပွဲကိုလွဲချော်မယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၂-၀ နဲ့ရှုံးခဲ့တဲ့ ပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

သူဟာဒီဒဏ်ရာကြောင့် ဒုတိယပိုင်းမှာလူစားလဲ ခံခဲ့ရတာဖြစ်ပြီး ရော့ချ်ဒေးလ်နဲ့ ပွဲမှာလည်းပါဝင်နိုင်ခဲ့ခြင်းမရှိသလို အာဆင်နယ်နဲ့ ပွဲကိုလည်းလွဲမှာဖြစ်ပါတယ်။ လက်ရှိမှာ မာရှယ်ဟာလည်းပေါင်ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရလို့ မန်ယူတိုက်စစ်မှာ ကြံခိုင်မှုပြည့်တဲ့ စီနီယာကစားမရှိတော့ဘဲဖြစ်နေလို့ နည်းပြဆိုးလ်ရှား အခက်တွေ့နေရပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ နွေရာသီဈေးကွက်တုန်းက လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီး ဆန်းချက်ဇ်ကိုလည်း အင်တာဆီဘဲ အငှားချခဲ့ပေမယ့် အစားထိုးရမယ့်သူခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ အခုလိုဒဏ်ရာပြဿ     နာကြုံ လာချိန်မှာ အခက်တွေ့နေရတာဖြစ်ပါတယ်။

ဆိုးလ်ရှားက”ရက်ရှ်ဖို့ဟာ ပြန်လည်ကြံခိုင်မှုပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်နေပါပြီ။သူ့ဒဏ်ရာဟာ အရမ်းအဆိုးကြီးထဲမှာ မပါဝင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲမှာတော့ ပါနိုင်ဦးမှာမဟုတ်ပါဘူး။ လာမယ့် အောက်တိုဘာ နိုင်ငံတကာပွဲတွေ မတိုင်ခင်မှာတော့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ပြောသွားပါတယ်။

ဒီဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ်နဲ့ပွဲအပြင် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ အယ်လ်ခမာနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ပွဲတွေကိုပါလွဲချော် မှာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အောက်တိုဘာလအတွင်း အင်္ဂလန်ရဲ့ယူရိုခြေစစ်ပွဲတွေမှာ ပါဝင်ဖို့လည်း မသေချာဘူးလို့ သိရပါတယ်။