
Photo Credit

Photo Credit


Photo Credit


Photo Credit

အဆိုပါပွဲရလဒ်က မန်စီးတီးအတွက် စံချိန်တင်ဂိုးပြတ်နိုင်ပွဲဖြစ်စေခဲ့ပေမယ့် ပရီးမီးယားလိဂ်စံချိန်တင်ဂိုးပြတ်နိုင်ပွဲမဟုတ်သေးဘဲ လက်ရှိစံချိန်မှာ ၁၉၉၅ ခုနှစ်က အစ်ဝစ်ခ်ျကို ယူနိုက်တက်အသင်း ၉-ဝ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။

Photo Credit

အဲဒီပွဲမှာ ဘာနာဒိုဆေးလ်ဗားက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး စီးတီးလည်း နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ နောဝစ်ခ်ျကို မထင်မှတ်ဘဲ ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့မှုကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

Photo Credit


Photo Credit


Photo Credit ; Getty Images

စီးတီးအသင်းသမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အဂွဲရိုးဟာ ၀က်စ်ဟမ်း၊ တော့တင်ဟမ်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ နောဝစ်ခ်ျတို့နှင့်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့ရာ ၀က်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရာသီအဖွင့် ၆ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ယခုပွဲမတိုင်ခင် အဂွဲရိုးဟာ ရွန်နီ၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ရေးယက်စ်တို့နဲ့အတူ ပူးတွဲစံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး ရွန်နီက ၂၀၁၁ ခုနှစ်မှာ ၀က်စ်ဘရွန်း၊ တော့တင်ဟမ်၊ အာဆင်နယ်၊ ဘော်လ်တန်နဲ့ ချဲလ်ဆီးအသင်းတွေဘက် ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ရေးယက်စ်ကလည်း ၂၀၀၄ ခုနှစ်က အဲဗာတန်၊ မစ်ဒယ်ဘရော့၊ ဘလက်ဘန်း၊ နောဝစ်ခ်ျ၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာပါ။

Photo Credit

Unicode

စံချိန်တွေဆိုတာ တစ်ချိန်ချိန်မှာကျိုးပြတ်ရစမြဲဆိုတဲ့စကားကို ထင်ရှားပေါ်လွင်စေခဲ့တဲ့ စီးတီး

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဝက်ဖို့ဒ်ကို ၈-ဝ ဂိုးနဲ့ အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးအဆင့်မြင့်တန်းနိုင်ပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးဟာ ပွဲအစ ၁မိနစ်ကတည်းက ဒီဘရိုင်းရဲ့ဖန်တီးမှုကနေ သွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၁၈မိ နစ်အရောက်မှာပဲ ၅-ဝ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲရလဒ်က မန်စီးတီးအတွက် စံချိန်တင်ဂိုးပြတ်နိုင်ပွဲဖြစ်စေခဲ့ပေမယ့် ပရီးမီးယားလိဂ်စံချိန်တင်ဂိုးပြတ်နိုင်ပွဲမဟုတ်သေးဘဲ လက်ရှိစံချိန်မှာ ၁၉၉၅ ခုနှစ်က အစ်ဝစ်ချ်ကို ယူနိုက်တက်အသင်း ၉-ဝ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။
အဲဒီပွဲမှာ ဘာနာဒိုဆေးလ်ဗားက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး စီးတီးလည်း နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ နောဝစ်ချ်ကို မထင်မှတ်ဘဲ ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့မှုကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။
အဲဒီနိုင်ပွဲကြောင့် မန်စီးတီးရဲ့ဂိုးကွာခြားချက်မှာ +၁၈ အထိရှိလာပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ တစ်ပွဲပို၊ ၂မှတ်ကွာအနေအထားဖြစ်လာကာ လီဗာပူးကတော့ ယနေ့ညရောက်မှ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။
တိုက်စစ်မှူးအဂွဲရိုးကလည်း ပင်နယ်တီကနေ ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်အဖွင့် ၆ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
စီးတီးအသင်းသမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အဂွဲရိုးဟာ ဝက်စ်ဟမ်း၊ တော့တင်ဟမ်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ နောဝစ်ချ်တိ့ုနှင့်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့ရာ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရာသီအဖွင့် ၆ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုပွဲမတိုင်ခင် အဂွဲရိုးဟာ ရွန်နီ၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ရေးယက်စ်တို့နဲ့အတူ ပူးတွဲစံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး ရွန်နီက ၂၀၁၁ ခုနှစ်မှာ ဝက်စ်ဘရွန်း၊ တော့တင်ဟမ်၊ အာဆင်နယ်၊ ဘော်လ်တန်နဲ့ ချဲလ်ဆီးအသင်းတွေဘက် ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ရေးယက်စ်ကလည်း ၂၀၀၄ ခုနှစ်က အဲဗာတန်၊ မစ်ဒယ်ဘရော့၊ ဘလက်ဘန်း၊ နောဝစ်ချ်၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တာပါ။