စီေရာ္နယ္ဒိုသာ သူ႔ရဲ႕စံခ်ိန္ကိုခ်ိဳးမယ္ဆုိရင္ ၀မ္းနည္းမွာမဟုတ္ဘူးလုိ႔ အီရန္ဂႏၳ၀င္အလီဒါယီဆုိ

photo-gettyimages

photo-gettyimages

လစ္သူေရးနီးယားနဲ႔ယူရိုေျခစစ္ပြဲက သြင္းဂိုး ၄ ဂိုးေၾကာင့္ ေပၚတူဂီတိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ သမုိင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးဆုိတဲ့ႀကီးက်ယ္တဲ့စံခ်ိန္တစ္ခုကိုမီဖို႔ ၁၆ ဂိုးသာ လုိပါေတာ့တယ္။ လက္ရွိမွာ အဲဒီစံခ်ိန္ရွင္ကေတာ့ အီရန္ဂႏၳ၀င္တုိက္စစ္မႈးေဟာင္းျဖစ္တဲ့အလီဒါယီျဖစ္ၿပီး တကယ္လုိ႔ စီေရာ္နယ္ဒိုက သူ႔ရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ရင္လည္း ၀မ္းနည္းမွာမဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။ အလီဒါယီဟာ အီရန္အသင္းအတြက္ ၁၀၉ ဂိုးေတာင္ သြင္းေပးထားတာပါ။ စီေရာ္နယ္ဒုိကေတာ့ ေပၚတူဂီအတြက္ သြင္းေပးထားတာ ၉၃ ဂိုးရွိေနပါၿပီ။

photo-gettyimages

”စံခ်ိန္ေတြဆိုတာ ခ်ိဳးဖ်က္ဖို႔ပါ။ ကၽြန္ေတာ့္အလွည့္မွာ အဲဒါကို ကၽြန္ေတာ္လုပ္ႏိုင္ခဲ့တယ္။ ကၽြန္ေတာ့္ရဲ႕စံခ်ိန္ကိုခ်ိဳးႏိုင္မယ့္ တစ္ေယာက္ေယာက္ေပၚလာဦးမွာပါ။ ဒါက ႀကီးႀကီးမားမားျပသနာမရွိပါဘူး”လို႔ အလီဒါယီက ေျပာခဲ့တာပါ။ တကယ္လို႔ သူ႔ရဲ႕စံခ်ိန္ကို စီေရာ္နယ္ဒိုက ခ်ိဳးႏိုင္ခဲ့ရင္ ၀မ္းနည္းမွာလားလို႔ ေမးျမန္းေတာ့ အလီဒါယီက”ႏိုး၊ ဘာေၾကာင့္ ကၽြန္ေတာ္က ၀မ္းနည္းသင့္ရမွာလဲ။ စီေရာ္နယ္ဒိုဟာ ႀကီးက်ယ္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကမာၻ႔ေဘာလုံးေလာကမွာ တစ္ဦးခ်င္းေအာင္ျမင္မႈေတြအမ်ားႀကိးရထားတာပါ။ လက္ရွိမွာလည္း အေကာင္းဆုံးပုံစံရေနတာပါ”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo-gettyimages

အလီဒါယီဟာ အီရန္အတြက္ ၂၀၀၆ ကေနာက္ဆုံးကစားေပးခဲ့တာျဖစ္ၿပီး သူ႔စံခ်ိန္ကိုခ်ိဳးႏိုင္ဖို႔အတြက္ေတာ့ စီေရာ္နယ္ဒိုဟာ မ်ားစြာအခ်ိန္ေပးရဦးမွာပါ။ စီေရာ္နယ္ဒိုဟာ ပြဲ ၁၆၀ ကစားၿပီးမွ ၉၃ ဂိုးရခဲ့တာျဖစ္ၿပီး အလီဒါယီကေတာ့ ၁၄၉ ပြဲတည္းနဲ႔ ၁၀၉ ဂိုးရခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုအတြက္ တစ္ခုအားသာတာက ယူရိုေျခစစ္ပြဲေတြမွာ အသင္းငယ္ေတြနဲ႔ ကစားရမယ့္ပြဲစဥ္ေတြက်န္ရွိေနေသးတာပါပဲ။

[Unicode]

လစ်သူရေးနီးယားနဲ့ယူရိုခြေစစ်ပွဲက သွင်းဂိုး ၄ ဂိုးကြောင့် ပေါ်တူဂီတိုက်စစ်မှုးစီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးဆိုတဲ့ကြီးကျယ်တဲ့စံချိန်တစ်ခုကိုမီဖို့ ၁၆ ဂိုးသာ လိုပါတော့တယ်။ လက်ရှိမှာ အဲဒီစံချိန်ရှင်ကတော့ အီရန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းဖြစ်တဲ့အလီဒါယီဖြစ်ပြီး တကယ်လို့ စီရော်နယ်ဒိုက သူ့ရဲ့စံချိန်ကို ချိုးနိုင်ရင်လည်း ဝမ်းနည်းမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အလီဒါယီဟာ အီရန်အသင်းအတွက် ၁၀၉ ဂိုးတောင် သွင်းပေးထားတာပါ။ စီရော်နယ်ဒိုကတော့ ပေါ်တူဂီအတွက် သွင်းပေးထားတာ ၉၃ ဂိုးရှိနေပါပြီ။

”စံချိန်တွေဆိုတာ ချိုးဖျက်ဖို့ပါ။ ကျွန်တော့်အလှည့်မှာ အဲဒါကို ကျွန်တော်လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့စံချိန်ကိုချိုးနိုင်မယ့် တစ်ယောက်ယောက်ပေါ်လာဦးမှာပါ။ ဒါက ကြီးကြီးမားမားပြသနာမရှိပါဘူး”လို့ အလီဒါယီက ပြောခဲ့တာပါ။ တကယ်လို့ သူ့ရဲ့စံချိန်ကို စီရော်နယ်ဒိုက ချိုးနိုင်ခဲ့ရင် ဝမ်းနည်းမှာလားလို့ မေးမြန်းတော့ အလီဒါယီက”နိုး၊ ဘာကြောင့် ကျွန်တော်က ဝမ်းနည်းသင့်ရမှာလဲ။ စီရော်နယ်ဒိုဟာ ကြီးကျယ်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကမှာ တစ်ဦးချင်းအောင်မြင်မှုတွေအများကြိးရထားတာပါ။ လက်ရှိမှာလည်း အကောင်းဆုံးပုံစံရနေတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အလီဒါယီဟာ အီရန်အတွက် ၂၀၀၆ ကနောက်ဆုံးကစားပေးခဲ့တာဖြစ်ပြီး သူ့စံချိန်ကိုချိုးနိုင်ဖို့အတွက်တော့ စီရော်နယ်ဒိုဟာ များစွာအချိန်ပေးရဦးမှာပါ။ စီရော်နယ်ဒိုဟာ ပွဲ ၁၆၀ ကစားပြီးမှ ၉၃ ဂိုးရခဲ့တာဖြစ်ပြီး အလီဒါယီကတော့ ၁၄၉ ပွဲတည်းနဲ့ ၁၀၉ ဂိုးရခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုအတွက် တစ်ခုအားသာတာက ယူရိုခြေစစ်ပွဲတွေမှာ အသင်းငယ်တွေနဲ့ ကစားရမယ့်ပွဲစဉ်တွေကျန်ရှိနေသေးတာပါပဲ။