စပိန္မွာ ေမာ္ရင္ညိဳေၾကာင့္ ပြဲျပန္စည္ဦးမွာလား…ရီးရဲလ္ရဲ႕ေၾကာက္မက္ဖြယ္ခ်န္ပီယံလိဂ္႐ိႈးပြဲအၿပီး ဇီဒန္းရဲ႕ေနရာမွာ ေမာ္ရင္ညိဳ အစား၀င္ဖို႔ သိသိသာသာေရပန္းစားလာ

Photo Credit

Photo Credit

ေလာင္းကစားကုမၸဏီေတြရဲ႕အေလးေပးမႈအရ ဟိုေဆးေမာ္ရင္ညိဳဟာ စပါးအသင္းနည္းျပ ပိုခ်က္တီႏိုကို ေက်ာ္ျဖတ္ၿပီး ရီးရဲလ္အသင္းကို တစ္ေက်ာ့ျပန္ကိုင္တြယ္ဖို႔ သိသိသာသာေရပန္းစားလာေၾကာင္း သိရပါတယ္။ ဗုဒၶဟူးညက ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အဖြင့္ပြဲစဥ္အျဖစ္ ပီအက္စ္ဂ်ီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ အံ့ၾသဖြယ္ ၃-၀ နဲ႔ ႐ံႈးနိမ့္ခဲ့ပါတယ္။

Photo Credit

အဆိုပါပြဲရလဒ္ေၾကာင့္ ဘြတ္ကီေတြက Special One နည္းျပႀကီးေမာ္ရင္ညိဳရဲ႕ေလာင္းေၾကးေတြကသိသိသာသာ ေလွ်ာ့ခ်လုိက္တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဂိုးျပတ္အရံႈးနဲ႔ ရင္ဆိုင္မေတြခင္ ေလာင္းကစားဝက္ဘ္ဆိုက္ေတြမွာ နည္းျပေမာ္ရင္ညိဳ ရီးရဲလ္မက္ဒရစ္ကိုေရာက္ရွိဖို႔ ေၾကးဖြင့္လွစ္မႈ ၇/၄ သာအေလးေပးရာကေန လက္ရွိအခ်ိန္မွာေတာ့ ၆/၅ အထိ အေလးေပးမႈအဆေလ်ာ့နည္းလာတာျဖစ္ပါတယ္။

 

Photo Credit

အသက္ ၅၆ ႏွစ္အရြယ္ ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္က ဇီဒန္းကိုနည္းျပအျဖစ္ ျပန္လည္မခန္႔အပ္မီ အဆိုပါေပၚတူဂီသားကို ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါေသးတယ္။

Photo Credit

ေလာင္းကစားဝက္ဘ္ဆိုက္ေတြရဲ႕အေလးေပးမႈေတြအရပီအက္စ္ဂ်ီအသင္းကိုဂိုးျပတ္ရံႈးနိမ့္ျပီးေနာက္ ရီးရဲလ္မက္ဒရစ္ကို ေမာ္ရင္ညိဳ ျပန္ေရာက္ဖို႔ ၅၆ ရာခိုင္ႏႈန္းခန္႔ ေလာင္းေၾကးထပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ ရာသီကစပါးနည္းျပပိုခ်က္တီႏိုလည္းပဲ ရီးရဲလ္နည္းျပအျဖစ္ ေရပန္းစားခဲ့ၿပီး သူ႕ရဲ႕ေလာင္းေၾကးဖြင့္လွစ္မႈကေတာ့ ၉/၂ နဲ႔ ေမာ္ရင္ညိဳရဲ႕ေနာက္ ဒုတိယေနရာ က်ဆင္းသြားရပါတယ္။

Photo Credit

ယမန္ႏွစ္ရာသီက ဂ်ဴဗင္တပ္စ္အသင္းကိုကိုင္တြယ္ၿပီး အသင္းကေနထြက္ခြာသြားခဲ့တဲ့ အယ္လီဂရီကေတာ့ ဇီဒန္းရဲ႕ ေနရာမွာအစားထိုးခန္႔အပ္ဖို႔ ေၾကးဖြင့္လွစ္မႈ ၇/၁ နဲ႔ တတိယေနရာမွာေရပန္းစားေနပါတယ္။ ဇီဒန္းရဲ႔ေနရာအစားထိုးဖို႔ ေရပန္းစားေနတဲ့ ေၾကးဖြင့္လွစ္မႈေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit

၁.ေမာ္ရင္ညိဳ ၆/၅
၂.ပိုခ်က္တီႏို ၉/၂
၃.အယ္လီဂရီ ၇/၁
၄.မာတီနက္ဇ္ ၉/၁
၅.ဂ်ာဒင္ ၁၁/၁
၆.ရာအူးလ္ ၁၂/၁
၇.ဂူတီ ၁၄/၁
၈.ဇာဗီ အလြန္ဆို ၂၀/၁
၉.ကေလာ့ပ္ ၃၃/၁
၁၀.အာစင္ဝင္းဂါး ၄၀/၁ တို႔ပဲ ျဖစ္ပါတယ္။

Photo Credit

Unicode

စပိန်မှာ မော်ရင်ညိုကြောင့် ပွဲပြန်စည်ဦးမှာလား…ရီးရဲလ်ရဲ့ကြောက်မက်ဖွယ်ချန်ပီယံလိဂ်ရှိုးပွဲအပြီး ဇီဒန်းရဲ့နေရာမှာ မော်ရင်ညို အစားဝင်ဖို့ သိသိသာသာရေပန်းစားလာ

လောင်းကစားကုမ္ပဏီတွေရဲ့အလေးပေးမှုအရ ဟိုဆေးမော်ရင်ညိုဟာ စပါးအသင်းနည်းပြ ပိုချက်တီနိုကို ကျော်ဖြတ်ပြီး ရီးရဲလ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ဖို့ သိသိသာသာရေပန်းစားလာကြောင်း သိရပါတယ်။ ဗုဒ္ဓဟူးညက ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အံ့သြဖွယ် ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုပါပွဲရလဒ်ကြောင့် ဘွတ်ကီတွေက Special One နည်းပြကြီးမော်ရင်ညိုရဲ့လောင်းကြေးတွေကသိသိသာသာ လျှော့ချလိုက်တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်မတွေခင် လောင်းကစားဝက်ဘ်ဆိုက်တွေမှာ နည်းပြမော်ရင်ညို ရီးရဲလ်မက်ဒရစ်ကိုရောက်ရှိဖို့ ကြေးဖွင့်လှစ်မှု ၇/၄ သာအလေးပေးရာကနေ လက်ရှိအချိန်မှာတော့ ၆/၅ အထိ အလေးပေးမှုအဆလျော့နည်းလာတာဖြစ်ပါတယ်။
သက် ၅၆ နှစ်အရွယ် မော်ရင်ညိုဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်က ဇီဒန်းကိုနည်းပြအဖြစ် ပြန်လည်မခန့်အပ်မီ အဆိုပါပေါ်တူဂီသားကို ချိတ်ဆက်မှုတွေ ရှိခဲ့ပါသေးတယ်။
လောင်းကစားဝက်ဘ်ဆိုက်တွေရဲ့အလေးပေးမှုတွေအရပီအက်စ်ဂျီအသင်းကိုဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို မော်ရင်ညို ပြန်ရောက်ဖို့ ၅၆ ရာခိုင်နှုန်းခန့် လောင်းကြေးထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီကစပါးနည်းပြပိုချက်တီနိုလည်းပဲ ရီးရဲလ်နည်းပြအဖြစ် ရေပန်းစားခဲ့ပြီး သူ့ရဲ့လောင်းကြေးဖွင့်လှစ်မှုကတော့ ၉/၂ နဲ့ မော်ရင်ညိုရဲ့နောက် ဒုတိယနေရာ ကျဆင်းသွားရပါတယ်။
ယမန်နှစ်ရာသီက ဂျူဗင်တပ်စ်အသင်းကိုကိုင်တွယ်ပြီး အသင်းကနေထွက်ခွာသွားခဲ့တဲ့ အယ်လီဂရီကတော့ ဇီဒန်းရဲ့ နေရာမှာအစားထိုးခန့်အပ်ဖို့ ကြေးဖွင့်လှစ်မှု ၇/၁ နဲ့ တတိယနေရာမှာရေပန်းစားနေပါတယ်။
ဇီဒန်းရဲ့နေရာအစားထိုးဖို့ ရေပန်းစားနေတဲ့ ကြေးဖွင့်လှစ်မှုတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁.မော်ရင်ညို ၆/၅
၂.ပိုချက်တီနို ၉/၂
၃.အယ်လီဂရီ ၇/၁
၄.မာတီနက်ဇ် ၉/၁
၅.ဂျာဒင် ၁၁/၁
၆.ရာအူးလ် ၁၂/၁
၇.ဂူတီ ၁၄/၁
၈.ဇာဗီ အလွန်ဆို ၂၀/၁
၉.ကလော့ပ် ၃၃/၁
၁၀.အာစင်ဝင်းဂါး ၄၀/၁ တို့ပဲ ဖြစ်ပါတယ်။