ဂ်မ္ဘာဂ်မ္ဘာလား…ဒီမာရီယာလား…ယူႏိုက္တက္သမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးကစားသမားေခၚယူမႈမ်ား

Photo Credit

Photo Credit

ယူႏိုက္တက္ဟာ ဒီဘက္ႏွစ္ေတြမွာ ကစားသမားသစ္ေခၚယူေရးနဲ႔ပတ္သက္လုိ႔ ေအာင္ျမင္တဲ့ေခၚယူမႈျဖစ္ခဲ့တာရွားပါတယ္။ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္လက္ထက္ ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ေခၚယူခဲ့သူေတြအနက္ ေမွ်ာ္လင့္ထားသလုိျဖစ္မလာသူေတြရွိခဲ့သလို ဖာဂူဆန္ေနာက္ပိုင္း ယူႏုိက္တက္ကို တာ၀န္ယူခဲ့တဲ့နည္းျပေဟာင္းေတြလက္ထက္မွာလည္း မွားယြင္းတဲ့ေခၚယူမႈေတြရွိခဲ့ပါတယ္။

Photo Credit

ယူႏုိက္တက္မွာ အေျခခံတစ္ပတ္လုပ္ခလစာ ေပါင္ ၃၀၀၀၀၀၊ ပုံရိပ္အသုံးျပဳခ တစ္ပတ္ေပါင္ ၁၀၀၀၀၀၊ တျခားဆုေၾကးတစ္ပတ္ေပါင္ ၁၆၀၀၀၀ စုစုေပါင္းတစ္ပတ္လုပ္ခ ေပါင္ ၅၆၀၀၀၀ အထိရရွိေနတဲ့ တုိက္စစ္မွဴးဆန္းခ်က္ဇ္တစ္ေယာက္ ေနာက္ဆုံးမွာေတာ့ ဆုိးရြားတဲ့ယူႏုိက္တက္ကစားသမားဘ၀ ၁၈လတာကာလကို အဆုံးသတ္တဲ့အေနနဲ႔ အင္တာမီလန္အသင္းထံ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိသြားၿပီး သူဟာ ယူႏိုက္တက္အတြက္ စုစုေပါင္း ၄၅ပြဲမွာ ၅ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ Daily Mail သတင္းစာက ယူႏုိက္တက္အသင္းသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးကစားသမားေခၚယူမႈကို ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Getty Images

၁၀ – ဖရက္(ေပါင္ ၅၂သန္း၊ သံသယ၀င္သူေတြမွားယြင္းေၾကာင္း သက္ေသျပဖို႔ အခ်ိန္ေတာ့ရွိေသး)
ပရီးမီးယားလိဂ္မွာ တစ္ရာသီပဲျဖတ္သန္းရေသးလုိ႔ အခုလိုသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးေခၚယူစာရင္းမွာ ပါ၀င္လာတာ အျငင္းပြားစရာေတြေတာ့ရွိလာႏုိင္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၈ ေႏြရာသီက ရွက္တာဒိုးနက္အသင္းကေန ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေရာက္ရွိလာခ်ိန္မွာ ဖရက္ဒ္ကို အားလုံးက ေမွ်ာ္လင့္တႀကီးေစာင့္ၾကည့္ခဲ့ေပမယ့္ အသက္ ၂၆ႏွစ္အရြယ္ကစားသမားအတြက္ အျမန္ဆုံးေမ့ခ်င္တဲ့ ပြဲဦးထြက္ရာသီျဖစ္ခဲ့ပါတယ္။

Photo Credit

ဒိုင္းနမုိက္ကြင္းလယ္လူအျဖစ္ ယူကရိန္းမွာ ေက်ာ္ၾကားခဲ့တဲ့ ဖရက္ဒ္ဟာ ယူႏုိက္တက္ကစားသမားဘ၀ ပထမဆုံးရာသီမွာေတာ့ သြင္းဂိုး ၁ဂိုး၊ ဂိုးဖန္တီးမႈ ၁ႀကိမ္သာရွိခဲ့တ့ဲအထိ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ရပါတယ္။ နည္းျပေဟာင္း ေမာ္ရင္ညိဳလည္း သူ႕ကို ေမွ်ာ္လင့္ခ်က္ထားခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ လက္ရွိနည္းျပ ဆုိးလ္ရွားလက္ထက္မွာလည္း ေျခစြမ္းတစ္သမတ္တည္းရရွိဖို႔ ႐ုန္းကန္ေနရပါတယ္။ ဒါေၾကာင့္လည္း လက္ရွိအခ်ိန္မွာ ဆုိးလ္ရွားဟာ သူ႕ရဲ႕ဦးစားေပးကြင္းလယ္လူေတြအျဖစ္ မက္တုိမီေနး၊ ေပါ့ဂ္ဘာနဲ႔ ပါရဲရားတို႔ကို အသုံးျပဳေနပါတယ္။

Photo Credit ; Getty Images

၉ – ဂ်မ္ဘာဂ်မ္ဘာ (ေပါင္ ၃.၅သန္း)
သူ႕ကို ပရိသတ္ေတြမွတ္မိဦးမယ္ထင္ပါတယ္။ ၂၀၀၃ ေႏြရာသီမွာ နည္းျပႀကီးဖာဂူဆန္ဟာ လူသိပ္မသိေသးတဲ့ နန္႔စ္ကြင္းလယ္လူ အဲရစ္ဂ်မ္ဘာဂ်မ္ဘာကုိ ေခၚယူခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္ ႐ြိဳင္ကိန္းရဲ႕ေနရာမွာ ေရရွည္အစားထုိးမႈအျဖစ္ ေခၚယူခဲ့တာပါ။ ဒါေပမဲ့ ေမွ်ာ္လင့္ထားသလုိျဖစ္မလာခဲ့ဘဲ ကင္မရြန္းလက္ေရြးစင္ ဂ်မ္ဘာဂ်မ္ဘာလည္း ႏွစ္ရာသီအတြင္း စုစုေပါင္း ၃၉ပဲြသာကစားခြင့္ရရိွခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၀၅ ေႏြရာသီမွာပဲ အက္စ္တြန္ဗီလာအသင္းဆီ ေပါင္ ၁.၅သန္းနဲ႔ ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။

Photo Credit

သူဟာ အက္စ္တြန္ဗီလာအသင္းမွာေတာ့ နည္းနည္းေျခစြမ္းျပႏိုင္ခဲ့ၿပီး အဲဒီေနာက္ သူ႕ရဲ႕ကစားသမားဘ၀က ကမၻာအႏွ႔ံျဖစ္ခဲ့ၿပီး ကာတာ၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဆားဘီးယား၊ ဒိန္းမတ္၊ အစၥေရးနဲ႔ စေကာ့တလန္ႏိုင္ငံမွာ ကစားခဲ့ပါတယ္။

Photo Credit

၈ – ဒီပိုင္း (ေပါင္ ၂၅သန္း)
၂၀၁၅ ေႏြရာသီေစ်းကြက္အတြင္း ပီအက္စ္ဗီြအသင္းကေန ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္ထမ္းပိုးရင္း ယူႏုိက္တက္ကို ေရာက္လာတဲ့ ဒီပိုင္းမွာ အသင္းကို ေရာက္ေရာက္ခ်င္းမွာပဲ ဂႏၳ၀င္ေက်ာနံပါတ္ ၇ အက်ႌ၀တ္ဆင္ကစားခြင့္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ဒီပိုင္းလည္း ပရီးမီးယားလိဂ္ရဲ႕လုပ္အားႏႈန္းျမင့္မားမႈမွာ လုိက္ေလ်ာညီေထြစြာကစားႏုိင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ပုံမွန္ေျခစြမ္းနဲ႔ ႀကံ့ခုိင္မႈအျပည့္ရဖုိ႔လည္း ႐ုန္းကန္ခဲ့ရပါတယ္။

Photo Credit

ယူႏုိက္တက္ကစားသမားဘ၀ တစ္ႏွစ္ခဲြကာလအတြင္း အထင္ေပၚဆုံးျဖစ္ခဲ့တဲ့ပြဲကေတာ့ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ မစ္ေဂ်လန္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေျခစြမ္းျပႏုိင္ခဲ့တာျဖစ္ၿပီး ကြင္းတြင္းစြမ္းေဆာင္ရည္ ေလ်ာ့နည္းျခင္း၊ ႀက့ံခုိင္မႈမေကာင္းျခင္းတုိ႔ေၾကာင့္ ေ၀ဖန္ခံခဲ့ရပါတယ္။ သူဟာ ၂၀၁၇ ဇန္န၀ါရီလမွာေတာ့ လီယြန္ကို ေရာက္ရွိသြားခဲ့ပါတယ္။ ျပင္သစ္မွာေတာ့ ပုံစံေကာင္းျပန္လည္ရရွိခဲ့ၿပီး ယူႏိုက္တက္အသင္းက သူ႕အတြက္ ေပါင္ ၂၅သန္းသုံးစြဲကာ ေခၚယူလုိခဲ့ဲတဲ့အရင္ေျခစြမ္းမ်ိဳးျပန္ရေနပါတယ္။

Photo Credit ; AP

၇ – ရွ၀ိန္းစတုိင္ဂါ (ေပါင္ ၆.၅သန္း)
ဂ်ာမနီအသင္းနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံျဖစ္ခ့ဲတဲ့ ကြင္းလယ္လူ ရွ၀ိန္းစတုိင္ဂါဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္ဖုိ႔အတြက္ ၂၀၁၅ ေႏြရာသီမွာ ယူႏုိက္တက္ကို ေရာက္လာၿပီး အရင္ကလည္း ဘိုင္ယန္ျမဴးနစ္အသင္းမွာ နည္းျပဗန္ဟားလ္နဲ႔လက္တြဲခ့ဲဖူးပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀ သူ႕ရဲ႕႔ပထမဆုံးရာသီမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ နည္းျပေမာ္ရင္ညိဳ ေရာက္လာခ်ိန္မွာေတာ့ သူလည္း အံ့အားသင့္ဖြယ္ခ်န္လွပ္ခံခဲ့ရၿပီး ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ယူ-၂၃ အသင္းနဲ႔ပဲ ေလ့က်င့္ခန္းဆင္းဖို႔ ညြန္ၾကားျခင္းခံခဲ့ရပါတယ္။

Photo Credit

သူဟာ ေနာက္ပိုင္းမွာ ပထမအသင္းထဲ ျပန္ပါလာေပမယ့္ ျပည္တြင္းဖလားၿပိဳင္ပြဲေတြမွာပဲ ပါတယ္ဆုိ႐ုံေလး ပါ၀င္ကစားခြင့္ရရွိခဲ့ၿပီး ၂၀၁၇ မတ္လမွာေတာ့ အသင္းနဲ႔ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့ပါတယ္။ သူဟာ ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖိုင္းယားအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး အခုခ်ိန္အထိ အဲဒီအသင္းမွာ ကစားေနဆဲျဖစ္ပါတယ္။ အဂၤလန္ကို မေျပာင္းေရႊ႕ခင္ ကလပ္နဲ႔ လက္ေရြးစင္အဆင့္မွာ ဂႏၳ၀င္တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ယူႏုိက္တက္မွာေတာ့ သူ႕ရဲ႕ဂုဏ္သတင္းေတြ ေမွးမွိန္ခ့ဲရပါတယ္။

Photo Credit

၆ – ကလီဘာဆင္ (ေပါင္ ၆သန္း)
ဘရာဇီးကြင္းလယ္လူ ကလီဘာဆင္ဟာ ၂၀၀၂ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဘရာဇီးအသင္းန႔ဲအတူ ေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ပါတယ္။ အဆုံးသတ္မွာလည္း ယူႏုိက္တက္က အက္သလက္တီကိုပါရာနန္႔စ္အသင္းကေန ကလီဘာဆင္ကို ေပါင္ ၆သန္းနဲ႔ ေခၚယူခဲ့ၿပီး ေျပာရရင္ ေရာ္နယ္ဒုိကို ေခၚယူခဲ့တာနဲ႔တစ္ရက္တည္းမွာပဲ ကလီဘာဆင္လည္း ေရာက္လာတာပါ။

Photo Credit

ဒါေပမဲ့ ယူႏိုက္တက္ကစားသမားဘ၀ သူ႕ရဲ႕ ၂ႏွစ္တာကာလကေတာ့ ဒဏ္ရာျပႆနာေတြနဲ႔ပဲ လုံးပန္းခဲ့ရၿပီး အထူးသျဖင့္ အသင္းအတြက္ သူ႕ရဲ႕ဒုတိယေျမာက္ပြဲမွာ ဒဏ္ရာရခဲ့တာပါ။ ယူႏုိက္တက္က သူ႕ကို ဗီရြန္ရဲ႕ေနရာမွာ အစားထုိးဖုိ႔ ေခၚယူခဲ့တာမွန္ေပမယ့္ ယူႏုိက္တက္ကစားသမားဘ၀ ၂ႏွစ္တာကာလအတြင္း ပြဲ ၃၀ပဲကစားခြင့္ရခဲ့သလို စုစုေပါင္းသြင္းဂိုးကလည္း ၂ဂိုးပဲရွိပါတယ္။ အဲဒီေနာက္ ၂၀၀၅ ခုႏွစ္မွာေတာ့ တူရကီကလပ္ ဘက္ဆစ္တပ္အသင္းကို ေရာက္သြားပါတယ္။

Photo Credit ; Getty Images

၅ – ဘီဘီ (ေပါင္ ၇.၄သန္း)
ဆာအဲလက္စ္ဖာဂူဆန္က ၂၀၁၀ ေႏြရာသီအတြင္း ဘီဘီကို မေခၚယူခဲ့ခင္မွာ အဲဒီကစားသမားရဲ႕ကစားပုံကို မၾကည့္ခဲ့ဖူးေၾကာင္း ၀န္ခံခဲ့ၿပီး သူ႕အေနနဲ႔ ႀကိဳတင္ကင္းေထာက္ခဲ့သင့္ပါတယ္။ အဲဒီအခ်ိန္တုန္းက အသက္ ၂၀အရြယ္သာရွိေသးတဲ့ ေပၚတူဂီသား ဘီဘီဟာ ဗစ္တုိးရီးယားဂူမာေရးစ္ကေန ေရာက္လာေပမယ့္ ယူႏုိက္တက္ကစားသမားဘ၀ သူ႕ရဲ႕ပြဲဦးထြက္ရာသီမွာ စုစုေပါင္း ၇ပြဲပဲကစားခြင့္ရခဲ့သလို ေနာက္ပိုင္းမွာ ၃ရာသီဆက္ အငွားထြက္ကစားခဲ့ရပါတယ္။

Photo Credit

၂၀၁၄ ေႏြရာသီမွာ ဘင္ဖီကာအသင္းကို အၿပီးသတ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ စပိန္ကလပ္ ဗယ္လက္ကာႏိုအသင္းမွာ ကစားေနပါတယ္။ ဗယ္လက္ကာႏိုဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါကေန ဆီဂန္ဒါကို တန္းဆင္းခဲ့ရတဲ့အသင္းျဖစ္ပါတယ္။

Photo Credit

၄ – ဖယ္လ္ကာအို (ေပါင္ ၆သန္း၊ အငွား)
ဖယ္လ္ကာအုိဟာ အက္သလက္တီကိုအသင္းမွာ ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတုိက္စစ္မွဴးအျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္ အဂၤလန္ကို ေရာက္လာခ်ိန္မွာေတာ့ ဒဏ္ရာျပႆနာေတြကေန ျပန္လည္႐ုန္းထြက္ၿပီးကာစ အရင္လုိေျခစြမ္းမ်ိုးျပန္ရဖို႔ ႀကိဳးစားေနခ်ိန္ပါ။ ဒါေပမဲ့ ဖယ္လ္ကာအိုလည္း ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ၿပီး ယူ-၂၃ အသင္းဆီေတာင္ ေရာက္ခ့ဲရပါတယ္။

Photo Credit

ဒီအတြက္ေၾကာင့္လည္း ၂၀၁၄-၁၅ရာသီအကုန္မွာ သူ႕ကို ယူႏုိက္တက္အသင္း အၿပီးသတ္ေခၚယူဖုိ႔ ျငင္းဆန္ခဲ့ျခင္းအေပၚ ဘယ္သူကမွ ေထြေထြထူးထူးအံ့အားမသင့္ခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ႏွစ္အၾကာ ခ်ဲလ္ဆီးမွာလည္း ဆက္လက္႐ုန္းကန္ခဲ့ရၿပီး နည္းျပေမာ္ရင္ညိဳလည္း သူ႕ဆီကေန အေကာင္းဆုံးေျခစြမ္းထုတ္မယူႏိုင္ခဲ့ပါဘူး။

Photo Credit

၃ – ဗီရြန္ (ေပါင္ ၂၈.၁သန္း)
၂၀၀၁ ေႏြရာသီမွာ လာဇီယိုအသင္းကေန ယူႏုိက္တက္ကို ေရာက္လာတ့ဲ ကြင္းလယ္လူဗီရြန္ဟာ အဲဒီအခ်ိန္တုန္းက အဂၤလိပ္ေဘာလုံးေလာကရဲ႕ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ခဲ့တာပါ။ အေစာပိုင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တာမွန္ေပမယ့္ သူ႕ရဲ႕ဒုတိယေျမာက္ရာသီမွာေတာ့ ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

Photo Credit

ကစားသမားကိုယ္တုိင္ကလည္း ပရီးမီးယားလိဂ္ၿပိဳင္ပဲြနဲ႔အသားက်ဖို႔ ႐ုန္းကန္ခဲ့ရတယ္လုိ႔ ၀န္ခံခဲ့ၿပီး အေစာပို္င္းမွာ ေျခစြမ္းျပႏုိင္ခဲ့ေပမယ့္ ဖာဂူဆန္က ၂၀၀၃ မွာ ဗီရြန္ကို ခ်ဲလ္ဆီးအသင္းထံ ေရာင္းခ်ခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးမွာလည္း ၇ပဲြကစား ၁ဂိုးပဲသြင္းယူႏိုင္ခဲ့ၿပီး အဂၤလိပ္ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ေစ်းႀကီးလြန္းတဲ့အဆုိးရြားကစားသမားေခၚယူမႈတစ္ခုအျဖစ္ မွတ္တမ္း၀င္ခဲ့ရပါတယ္။

Photo Credit ; Getty Images / AFP

၂ – ဒီမာရီယာ (ေပါင္ ၅၉.၇သန္း)
အေစာပိုင္းမွာ ယူႏုိက္တက္ရဲ႕ဂႏၳ၀င္ေက်ာနံပါတ္ ၇၀တ္ဆင္ကစားခဲ့ေပမယ့္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတ့ဲဒီပိုင္းရဲ႕အျဖစ္အပ်က္ထက္ ဒီမာရီယာရဲ႕ျဖစ္ရပ္က အရင္ေရာက္လာတာျဖစ္ပါတယ္။ သူဟာ ယူႏုိက္တက္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာခဲ့ေပမယ့္ တစ္ရာသီပဲကစားခဲ့ရတဲ့အထိ ေျခစြမ္းဆုိးရြားခဲ့ပါတယ္။ ၂၀၁၄ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ရီးရဲလ္ကေန ေရာက္လာခဲ့ခ်ိန္မွာ ကစားသမားအတြက္ေရာ အသင္းအတြက္ပါ အက်ိဳးရွိေစႏိုင္တဲ့အေျပာင္းအေရႊ႕အျဖစ္ အားလုံးက ထင္မွတ္ခဲ့ၾကပါတယ္။

Photo Credit

သူကလည္း အဖြင့္လွခဲ့ၿပီး လက္စတာနဲ႔ပြဲမွာ လွပတဲ့ဂုိးနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီဇင္ဘာလအတြင္း ဒဏ္ရာျပႆာနာေၾကာင့္ ၇ပြဲအထိ လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ဒီမာရီယာလည္း ယူႏုိက္တက္မွာ ပုံစံေကာင္းျပန္မရေတာ့ဘဲ မန္ခ်က္စတာမွာ အသားမက်ျဖစ္လာပါတယ္။ သူဟာ ၂၀၁၅ ေႏြရာသီမွာ ေလ့က်င့္ခန္းဆင္းေရးအတြက္ အသင္းထံ သတင္းေပးပုိ႔ဖုိ႔ ပ်က္ကြက္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိသြားပါတယ္။

Photo Credit ; Getty Images / AFP

၁ – ဆန္းခ်က္ဇ္ (မစ္ခီတာယန္နဲ႔ အလဲအထပ္)
အင္တာမီလန္ကို အငွားနဲ႔ေရာက္ရွိသြားတ့ဲ ဆန္းခ်က္ဇ္က ယူႏိုက္တက္အသင္းသမုိင္းတစ္ေလွ်ာက္ အႀကီးမားဆုံးနစ္ျမဳပ္သူျဖစ္လာပါတယ္။ အာဆင္နယ္အသင္းမွာ ကစားခဲ့တဲ့ ၃ႏွစ္ခြဲကာလအတြင္း အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ ဆန္းခ်က္ဇ္ဟာ မန္စီးတီးကို ေရာက္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ေပမယ့္ ၂၀၁၈ ဇန္န၀ါရီမွာ ယူႏုိက္တက္က လက္ဦးမႈရယူကာ ကြင္းလယ္လူ မစ္ခီတာယန္နဲ႔အလဲအထပ္ျပဳလုပ္ၿပီး ေခၚယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဆန္းခ်က္ဇ္ရဲ႕ေျခစြမ္းက လုံး၀ကို ေျပာင္းလဲသြားၿပီး နည္းျပေဟာင္း ေမာ္ရင္ညိဳလက္ထက္မွာေရာ လက္ရွိနည္းျပ ဆုိးလ္ရွားလက္ထက္မွာပါ ႐ုန္းကန္ခဲ့ရပါတယ္။

Photo Credit

သူ႕ကို တစ္ပတ္လုပ္ခ ေပါင္ ၅၆၀၀၀၀အထိ ေပးေခ်ေနရၿပီး အသင္းရဲ႕တုိက္စစ္ပိုင္းမွာ ေနရာရဖို႔ေတာင္ ႐ုန္းကန္ခဲ့ရပါတယ္။ ေနာက္ထပ္ေက်ာနံပါတ္ ၇ပိုင္ရွင္ရဲ႕က်ဆုံးမႈျဖစ္ပါတယ္။

Photo Credit

Unicode

ဂျမ်ဘာဂျမ်ဘာလား…ဒီမာရီယာလား…ယူနိုက်တက်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုများ

ယူနိုက်တက်ဟာ ဒီဘက်နှစ်တွေမှာ ကစားသမားသစ်ခေါ်ယူရေးနဲ့ပတ်သက်လို့ အောင်မြင်တဲ့ခေါ်ယူမှုဖြစ်ခဲ့တာရှားပါတယ်။ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက် ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ခေါ်ယူခဲ့သူတွေအနက် မျှော်လင့်ထားသလိုဖြစ်မလာသူတွေရှိခဲ့သလို ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့နည်းပြဟောင်းတွေလက်ထက်မှာလည်း မှားယွင်းတဲ့ခေါ်ယူမှုတွေရှိခဲ့ပါတယ်။
ယူနိုက်တက်မှာ အခြေခံတစ်ပတ်လုပ်ခလစာ ပေါင် ၃၀၀၀၀၀၊ ပုံရိပ်အသုံးပြုခ တစ်ပတ်ပေါင် ၁၀၀၀၀၀၊ တခြားဆုကြေးတစ်ပတ်ပေါင် ၁၆၀၀၀၀ စုစုပေါင်းတစ်ပတ်လုပ်ခ ပေါင် ၅၆၀၀၀၀ အထိရရှိနေတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်တစ်ယောက် နောက်ဆုံးမှာတော့ ဆိုးရွားတဲ့ယူနိုက်တက်ကစားသမားဘ၀ ၁၈လတာကာလကို အဆုံးသတ်တဲ့အနေနဲ့ အင်တာမီလန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိသွားပြီး သူဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၄၅ပွဲမှာ ၅ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် Daily Mail သတင်းစာက ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုကို ရေးသားဖော်ပြခဲ့ပါတယ်။

၁၀ – ဖရက်(ပေါင် ၅၂သန်း၊ သံသယဝင်သူတွေမှားယွင်းကြောင်း သက်သေပြဖို့ အချိန်တော့ရှိသေး)
ပရီးမီးယားလိဂ်မှာ တစ်ရာသီပဲဖြတ်သန်းရသေးလို့ အခုလိုသမိုင်းတစ်လျှောက် အဆိုးရွားဆုံးခေါ်ယူစာရင်းမှာ ပါဝင်လာတာ အငြင်းပွားစရာတွေတော့ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီက ရှက်တာဒိုးနက်အသင်းကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာချိန်မှာ ဖရက်ဒ်ကို အားလုံးက မျှော်လင့်တကြီးစောင့်ကြည့်ခဲ့ပေမယ့် အသက် ၂၆နှစ်အရွယ်ကစားသမားအတွက် အမြန်ဆုံးမေ့ချင်တဲ့ ပွဲဦးထွက်ရာသီဖြစ်ခဲ့ပါတယ်။
ဒိုင်းနမိုက်ကွင်းလယ်လူအဖြစ် ယူကရိန်းမှာ ကျော်ကြားခဲ့တဲ့ ဖရက်ဒ်ဟာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးရာသီမှာတော့ သွင်းဂိုး ၁ဂိုး၊ ဂိုးဖန်တီးမှု ၁ကြိမ်သာရှိခဲ့တဲ့အထိ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပါတယ်။ နည်းပြဟောင်း မော်ရင်ညိုလည်း သူ့ကို မျှော်လင့်ချက်ထားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက်မှာလည်း ခြေစွမ်းတစ်သမတ်တည်းရရှိဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ ဆိုးလ်ရှားဟာ သူ့ရဲ့ဦးစားပေးကွင်းလယ်လူတွေအဖြစ် မက်တိုမီနေး၊ ပေါ့ဂ်ဘာနဲ့ ပါရဲရားတို့ကို အသုံးပြုနေပါတယ်။

၉ – ဂျမ်ဘာဂျမ်ဘာ (ပေါင် ၃.၅သန်း)
သူ့ကို ပရိသတ်တွေမှတ်မိဦးမယ်ထင်ပါတယ်။ ၂၀၀၃ နွေရာသီမှာ နည်းပြကြီးဖာဂူဆန်ဟာ လူသိပ်မသိသေးတဲ့ နန့်စ်ကွင်းလယ်လူ အဲရစ်ဂျမ်ဘာဂျမ်ဘာကို ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရွိုင်ကိန်းရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ ကင်မရွန်းလက်ရွေးစင် ဂျမ်ဘာဂျမ်ဘာလည်း နှစ်ရာသီအတွင်း စုစုပေါင်း ၃၉ပွဲသာကစားခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၅ နွေရာသီမှာပဲ အက်စ်တွန်ဗီလာအသင်းဆီ ပေါင် ၁.၅သန်းနဲ့ ရောင်းချခြင်းခံခဲ့ရပါတယ်။
သူဟာ အက်စ်တွန်ဗီလာအသင်းမှာတော့ နည်းနည်းခြေစွမ်းပြနိုင်ခဲ့ပြီး အဲဒီနောက် သူ့ရဲ့ကစားသမားဘဝက ကမ္ဘာအနှံ့ဖြစ်ခဲ့ပြီး ကာတာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆားဘီးယား၊ ဒိန်းမတ်၊ အစ္စရေးနဲ့ စကော့တလန်နိုင်ငံမှာ ကစားခဲ့ပါတယ်။

၈ – ဒီပိုင်း (ပေါင် ၂၅သန်း)
၂၀၁၅ နွေရာသီဈေးကွက်အတွင်း ပီအက်စ်ဗွီအသင်းကနေ မြင့်မားတဲ့မျှော်လင့်ချက်ထမ်းပိုးရင်း ယူနိုက်တက်ကို ရောက်လာတဲ့ ဒီပိုင်းမှာ အသင်းကို ရောက်ရောက်ချင်းမှာပဲ ဂန္ထဝင်ကျောနံပါတ် ၇ အင်္ကျီဝတ်ဆင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပိုင်းလည်း ပရီးမီးယားလိဂ်ရဲ့လုပ်အားနှုန်းမြင့်မားမှုမှာ လိုက်လျောညီထွေစွာကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ခြေစွမ်းနဲ့ ကြံ့ခိုင်မှုအပြည့်ရဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။
ယူနိုက်တက်ကစားသမားဘ၀ တစ်နှစ်ခွဲကာလအတွင်း အထင်ပေါ်ဆုံးဖြစ်ခဲ့တဲ့ပွဲကတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် မစ်ဂျေလန်းအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ကွင်းတွင်းစွမ်းဆောင်ရည် လျော့နည်းခြင်း၊ ကြံ့ခိုင်မှုမကောင်းခြင်းတို့ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ သူဟာ ၂၀၁၇ ဇန်နဝါရီလမှာတော့ လီယွန်ကို ရောက်ရှိသွားခဲ့ပါတယ်။ ပြင်သစ်မှာတော့ ပုံစံကောင်းပြန်လည်ရရှိခဲ့ပြီး ယူနိုက်တက်အသင်းက သူ့အတွက် ပေါင် ၂၅သန်းသုံးစွဲကာ ခေါ်ယူလိုခဲ့ဲတဲ့အရင်ခြေစွမ်းမျိုးပြန်ရနေပါတယ်။

၇ – ရှဝိန်းစတိုင်ဂါ (ပေါင် ၆.၅သန်း)
ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့အတွက် ၂၀၁၅ နွေရာသီမှာ ယူနိုက်တက်ကို ရောက်လာပြီး အရင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြဗန်ဟားလ်နဲ့လက်တွဲခဲ့ဖူးပါတယ်။ ယူနိုက်တက်ကစားသမားဘ၀ သူ့ရဲ့ပထမဆုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် နည်းပြမော်ရင်ညို ရောက်လာချိန်မှာတော့ သူလည်း အံ့အားသင့်ဖွယ်ချန်လှပ်ခံခဲ့ရပြီး ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ယူ-၂၃ အသင်းနဲ့ပဲ လေ့ကျင့်ခန်းဆင်းဖို့ ညွန်ကြားခြင်းခံခဲ့ရပါတယ်။
သူဟာ နောက်ပိုင်းမှာ ပထမအသင်းထဲ ပြန်ပါလာပေမယ့် ပြည်တွင်းဖလားပြိုင်ပွဲတွေမှာပဲ ပါတယ်ဆိုရုံလေး ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၇ မတ်လမှာတော့ အသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ သူဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အခုချိန်အထိ အဲဒီအသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။ အင်္ဂလန်ကို မပြောင်းရွှေ့ခင် ကလပ်နဲ့ လက်ရွေးစင်အဆင့်မှာ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ယူနိုက်တက်မှာတော့ သူ့ရဲ့ဂုဏ်သတင်းတွေ မှေးမှိန်ခဲ့ရပါတယ်။

၆ – ကလီဘာဆင် (ပေါင် ၆သန်း)
ဘရာဇီးကွင်းလယ်လူ ကလီဘာဆင်ဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဘရာဇီးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာလည်း ယူနိုက်တက်က အက်သလက်တီကိုပါရာနန့်စ်အသင်းကနေ ကလီဘာဆင်ကို ပေါင် ၆သန်းနဲ့ ခေါ်ယူခဲ့ပြီး ပြောရရင် ရော်နယ်ဒိုကို ခေါ်ယူခဲ့တာနဲ့တစ်ရက်တည်းမှာပဲ ကလီဘာဆင်လည်း ရောက်လာတာပါ။
ဒါပေမဲ့ ယူနိုက်တက်ကစားသမားဘ၀ သူ့ရဲ့ ၂နှစ်တာကာလကတော့ ဒဏ်ရာပြဿနာတွေနဲ့ပဲ လုံးပန်းခဲ့ရပြီး အထူးသဖြင့် အသင်းအတွက် သူ့ရဲ့ဒုတိယမြောက်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ ယူနိုက်တက်က သူ့ကို ဗီရွန်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာမှန်ပေမယ့် ယူနိုက်တက်ကစားသမားဘ၀ ၂နှစ်တာကာလအတွင်း ပွဲ ၃၀ပဲကစားခွင့်ရခဲ့သလို စုစုပေါင်းသွင်းဂိုးကလည်း ၂ဂိုးပဲရှိပါတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ်မှာတော့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို ရောက်သွားပါတယ်။

၅ – ဘီဘီ (ပေါင် ၇.၄သန်း)
ဆာအဲလက်စ်ဖာဂူဆန်က ၂၀၁၀ နွေရာသီအတွင်း ဘီဘီကို မခေါ်ယူခဲ့ခင်မှာ အဲဒီကစားသမားရဲ့ကစားပုံကို မကြည့်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ပြီး သူ့အနေနဲ့ ကြိုတင်ကင်းထောက်ခဲ့သင့်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၂၀အရွယ်သာရှိသေးတဲ့ ပေါ်တူဂီသား ဘီဘီဟာ ဗစ်တိုးရီးယားဂူမာရေးစ်ကနေ ရောက်လာပေမယ့် ယူနိုက်တက်ကစားသမားဘ၀ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ စုစုပေါင်း ၇ပွဲပဲကစားခွင့်ရခဲ့သလို နောက်ပိုင်းမှာ ၃ရာသီဆက် အငှားထွက်ကစားခဲ့ရပါတယ်။
၂၀၁၄ နွေရာသီမှာ ဘင်ဖီကာအသင်းကို အပြီးသတ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိအချိန်မှာ စပိန်ကလပ် ဗယ်လက်ကာနိုအသင်းမှာ ကစားနေပါတယ်။ ဗယ်လက်ကာနိုဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါကနေ ဆီဂန်ဒါကို တန်းဆင်းခဲ့ရတဲ့အသင်းဖြစ်ပါတယ်။

၄ – ဖယ်လ်ကာအို (ပေါင် ၆သန်း၊ အငှား)
ဖယ်လ်ကာအိုဟာ အက်သလက်တီကိုအသင်းမှာ ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အင်္ဂလန်ကို ရောက်လာချိန်မှာတော့ ဒဏ်ရာပြဿနာတွေကနေ ပြန်လည်ရုန်းထွက်ပြီးကာစ အရင်လိုခြေစွမ်းမျိုးပြန်ရဖို့ ကြိုးစားနေချိန်ပါ။ ဒါပေမဲ့ ဖယ်လ်ကာအိုလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ယူ-၂၃ အသင်းဆီတောင် ရောက်ခဲ့ရပါတယ်။
ဒီအတွက်ကြောင့်လည်း ၂၀၁၄-၁၅ရာသီအကုန်မှာ သူ့ကို ယူနိုက်တက်အသင်း အပြီးသတ်ခေါ်ယူဖို့ ငြင်းဆန်ခဲ့ခြင်းအပေါ် ဘယ်သူကမှ ထွေထွေထူးထူးအံ့အားမသင့်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်နှစ်အကြာ ချဲလ်ဆီးမှာလည်း ဆက်လက်ရုန်းကန်ခဲ့ရပြီး နည်းပြမော်ရင်ညိုလည်း သူ့ဆီကနေ အကောင်းဆုံးခြေစွမ်းထုတ်မယူနိုင်ခဲ့ပါဘူး။

၃ – ဗီရွန် (ပေါင် ၂၈.၁သန်း)
၂၀၀၁ နွေရာသီမှာ လာဇီယိုအသင်းကနေ ယူနိုက်တက်ကို ရောက်လာတဲ့ ကွင်းလယ်လူဗီရွန်ဟာ အဲဒီအချိန်တုန်းက အင်္ဂလိပ်ဘောလုံးလောကရဲ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်ခဲ့တာပါ။ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာမှန်ပေမယ့် သူ့ရဲ့ဒုတိယမြောက်ရာသီမှာတော့ ဖနောင့်ကြောဒဏ်ရာကြောင့် ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့အသားကျဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဖာဂူဆန်က ၂၀၀၃ မှာ ဗီရွန်ကို ချဲလ်ဆီးအသင်းထံ ရောင်းချခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးမှာလည်း ၇ပွဲကစား ၁ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် ဈေးကြီးလွန်းတဲ့အဆိုးရွားကစားသမားခေါ်ယူမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။

၂ – ဒီမာရီယာ (ပေါင် ၅၉.၇သန်း)
အစောပိုင်းမှာ ယူနိုက်တက်ရဲ့ဂန္ထဝင်ကျောနံပါတ် ၇၀တ်ဆင်ကစားခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ဒီပိုင်းရဲ့အဖြစ်အပျက်ထက် ဒီမာရီယာရဲ့ဖြစ်ရပ်က အရင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့် တစ်ရာသီပဲကစားခဲ့ရတဲ့အထိ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။ ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ရီးရဲလ်ကနေ ရောက်လာခဲ့ချိန်မှာ ကစားသမားအတွက်ရော အသင်းအတွက်ပါ အကျိုးရှိစေနိုင်တဲ့အပြောင်းအရွှေ့အဖြစ် အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။
သူကလည်း အဖွင့်လှခဲ့ပြီး လက်စတာနဲ့ပွဲမှာ လှပတဲ့ဂိုးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလအတွင်း ဒဏ်ရာပြဿာနာကြောင့် ၇ပွဲအထိ လွဲချော်ခဲ့ရပြီးနောက် ဒီမာရီယာလည်း ယူနိုက်တက်မှာ ပုံစံကောင်းပြန်မရတော့ဘဲ မန်ချက်စတာမှာ အသားမကျဖြစ်လာပါတယ်။ သူဟာ ၂၀၁၅ နွေရာသီမှာ လေ့ကျင့်ခန်းဆင်းရေးအတွက် အသင်းထံ သတင်းပေးပို့ဖို့ ပျက်ကွက်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို ရောက်ရှိသွားပါတယ်။

၁ – ဆန်းချက်ဇ် (မစ်ခီတာယန်နဲ့ အလဲအထပ်)
အင်တာမီလန်ကို အငှားနဲ့ရောက်ရှိသွားတဲ့ ဆန်းချက်ဇ်က ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးနစ်မြုပ်သူဖြစ်လာပါတယ်။ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ၃နှစ်ခွဲကာလအတွင်း အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ မန်စီးတီးကို ရောက်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီမှာ ယူနိုက်တက်က လက်ဦးမှုရယူကာ ကွင်းလယ်လူ မစ်ခီတာယန်နဲ့အလဲအထပ်ပြုလုပ်ပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်ရဲ့ခြေစွမ်းက လုံးဝကို ပြောင်းလဲသွားပြီး နည်းပြဟောင်း မော်ရင်ညိုလက်ထက်မှာရော လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက်မှာပါ ရုန်းကန်ခဲ့ရပါတယ်။
သူ့ကို တစ်ပတ်လုပ်ခ ပေါင် ၅၆၀၀၀၀အထိ ပေးချေနေရပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ နေရာရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ နောက်ထပ်ကျောနံပါတ် ၇ပိုင်ရှင်ရဲ့ကျဆုံးမှုဖြစ်ပါတယ်။