ဂီတာေဖးနဲ႔ပြဲက ဂုိးသမားတာစတီဂန္ရဲ႕သမိုင္းတြင္သြားတဲ့ ဂိုးဖန္တီးမႈ

photo-gettyimages

photo-sport bible

တာစတီဂန္ဟာ ဘာစီလုိနာသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္ဆုိတာ စေနညက ကစားသြားတဲ့ ဂီတာေဖးနဲ႔လာလီဂါပြဲစဥ္မွာ သက္ေသျပႏုိင္ခဲ့ပါတယ္။ အဲဒီပြဲမွာ သူဟာ ကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ့ရုံတင္မဟုတ္ဘဲ တိုက္စစ္မႈးဆြာရက္ဇ္သြင္းယူမယ့္ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့တာပါ။ အဲဒါဟာ တာစတီဂန္အတြက္ သမိုင္းတြင္သြားမယ့္ဂိုးဖန္တီးမႈလညး္ ျဖစ္လာခဲ့ပါတယ္။

photo-gettyimages

ထူးျခားေဘာလုံးကိန္းဂဏန္းအခ်က္အလက္ေတြကို ေဖာ္ျပတဲ့ Opta ရဲ႕အဆုိအရေတာ့ တာစတီဂန္ဟာ ၂၁ ရာစုအတြင္း လာလီဂါမွာ ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ပထမဆုံးဘာစီလုိနာဂိုးသမားျဖစ္လာခဲ့တာပါ။ သူ႔ကို ေရွ႕ေဆာင္လမ္းျပတစ္ေယာက္အေနနဲ႔လည္း Opta က ခ်ီးက်ဳးခဲ့ပါတယ္။ ဂီတာေဖးနဲ႔ပြဲ ပထမပိုင္းမွာ ဘာစီလုိနာဟာ ကစားပုံပိုင္းအရရုန္းကန္ခဲ့ရတဲ့အတြက္ တာစတီဂန္ဟာ ဟီးရိုးျဖစ္ခဲ့ပါတယ္။ ဂိုးတိုင္ႏွစ္ဖက္ၾကားမွာေတာ့ မဟုတ္ပါဘူး။ ၿပိဳင္ဘက္အသင္းရဲ႕အျမင့္ေဘာကို တားဆီးဖုိ႔အတြက္ အဲဒီဂ်ာမန္သားဂိုးသမားဟာ ပင္နယ္တီဧရိယာအျပင္ဘက္ကိုထြက္လာခဲ့ၿပီး ဆြာရက္ဇ္အတြက္ ဂိုးဖန္တီးမႈျဖစ္ေစမယ့္ အျမင့္ေဘာေပးပို႔မႈျပဳလုပ္ေပးႏိုင္ခဲ့ကာ ဥရုေဂြးတုိက္စစ္မႈးက တစ္ဖက္ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ေက်ာ္ကန္သြင္းႏိုင္ခဲ့လုိ႔ ဘာစီလုိနာအတြက္ ဦးေဆာင္ဂိုးျဖစ္ေစခဲ့တာပါ။

photo-gettyimages

အဲဒီဂိုးဖန္တီးမႈအတြက္လည္း တာစတီဂန္ဟာ ဆိုရွယ္မီဒီယာထက္မွာ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးျခင္းကိုခံခဲ့ရပါတယ္။ သူဟာ ေဒါ့မန္နဲ႔ခ်န္္ပီယံလိဂ္အုပ္စုအဖြင့္အေ၀းကြင္းပြဲတုန္းကလည္း လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ့သလို ပင္နယ္တီတစ္လုံးကိုလည္း ကာကြယ္ေပးခဲ့ပါေသးတယ္။ ဂ်ာမနီအသင္းမွာသာ အရန္ျဖစ္ေနေပမယ့္ တာစတီဂန္ဟာ လက္ရွိကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္ပါ။

[Unicode]

တာစတီဂန်ဟာ ဘာစီလိုနာသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ဆိုတာ စနေညက ကစားသွားတဲ့ ဂီတာဖေးနဲ့လာလီဂါပွဲစဉ်မှာ သက်သေပြနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ သူဟာ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ရုံတင်မဟုတ်ဘဲ တိုက်စစ်မှုးဆွာရက်ဇ်သွင်းယူမယ့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ အဲဒါဟာ တာစတီဂန်အတွက် သမိုင်းတွင်သွားမယ့်ဂိုးဖန်တီးမှုလည်း ဖြစ်လာခဲ့ပါတယ်။

ထူးခြားဘောလုံးကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြတဲ့ Opta ရဲ့အဆိုအရတော့ တာစတီဂန်ဟာ ၂၁ ရာစုအတွင်း လာလီဂါမှာ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တဲ့ ပထမဆုံးဘာစီလိုနာဂိုးသမားဖြစ်လာခဲ့တာပါ။သူ့ကို ရှေ့ဆောင်လမ်းပြတစ်ယောက်အနေနဲ့လည်း Opta က ချီးကျုးခဲ့ပါတယ်။ ဂီတာဖေးနဲ့ပွဲ ပထမပိုင်းမှာ ဘာစီလိုနာဟာ ကစားပုံပိုင်းအရရုန်းကန်ခဲ့ရတဲ့အတွက် တာစတီဂန်ဟာ ဟီးရိုးဖြစ်ခဲ့ပါတယ်။ ဂိုးတိုင်နှစ်ဖက်ကြားမှာတော့ မဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းရဲ့အမြင့်ဘောကို တားဆီးဖို့အတွက် အဲဒီဂျာမန်သားဂိုးသမားဟာ ပင်နယ်တီဧရိယာအပြင်ဘက်ကိုထွက်လာခဲ့ပြီး ဆွာရက်ဇ်အတွက် ဂိုးဖန်တီးမှုဖြစ်စေမယ့် အမြင့်ဘောပေးပို့မှုပြုလုပ်ပေးနိုင်ခဲ့ကာ ဥရုဂွေးတိုက်စစ်မှုးက တစ်ဖက်ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ကျော်ကန်သွင်းနိုင်ခဲ့လို့ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့တာပါ။

အဲဒီဂိုးဖန်တီးမှုအတွက်လည်း တာစတီဂန်ဟာ ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေရဲ့ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဒေါ့မန်နဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်အဝေးကွင်းပွဲတုန်းကလည်း လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့သလို ပင်နယ်တီတစ်လုံးကိုလည်း ကာကွယ်ပေးခဲ့ပါသေးတယ်။ ဂျာမနီအသင်းမှာသာ အရန်ဖြစ်နေပေမယ့် တာစတီဂန်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ပါ။