ဂိုးေပါက္ေရွ႔မွာ ဒီထက္ပိုၿပီးစိတ္ခံစားမႈကင္းသင့္တယ္လို႔ ၀ီလ်ံတိုက္တြန္း

PC ; Internet

ဒီရာသီမွာ ရလဒ္ေတြေကာင္းၿပီးအမွတ္ေပးဇယားထိပ္ေရာက္ခ်င္ရင္ေတာ့ ၿပိဳင္ဘက္ဂိုးေပါက္ေရွ႔ေရာက္ရင္ ဒီထက္ပိုၿပီး စိတ္ခံစားမႈကင္းရလိမ့္မယ္လို႔ ခ်ဲလ္ဆီးတိုက္စစ္မွဴး၀ီလ်ံက အသင္းေဖာ္ေတြကိုတိုက္တြန္းလိုက္ပါတယ္။ဘရိုက္တန္ကို ၂-၀ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ အခြင့္အေရးေတြအမ်ားႀကီးလြဲေခ်ာ္ခဲ့ၾကတာကို ၀ီလ်ံကရည္ညႊန္းလိုက္တာပါ။ခ်ဲလ္ဆီးဟာ နည္းျပသစ္လမ္းပတ္လက္ထက္ ပထမဆံုးအိမ္ကြင္းႏိုင္ပြဲရရွိခဲ့ေပမယ့္ ၿပိဳင္ဘက္ဂိုးသမားမတ္ရိုင္ယန္ ကာကြယ္မႈေကာင္းခဲ့သလို ပက္ဒရို၊ဘာကေလနဲ႔အလြန္ဆိုတို႔ အဆံုးသတ္ည့ံခဲ့ၾကတာေၾကာင့္ ဂိုးျပတ္ႏိုင္ပြဲနဲ႔ေ၀းကြာခဲ့ရပါတယ္။

PC ; Internet

“ ဒီပြဲက ၃-၀၊၄-၀ ေလာက္ျဖစ္သင့္တာပါ။ပထမပိုင္းမွာ ကၽြန္ေတာ္တို႔အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးႏိုင္ခဲ့တယ္။ကၽြန္ေတာ္တို႔ ဒီထက္ပိုၿပီး စိတ္ရွင္းသင့္တယ္ထင္တယ္။လက္ေတြ႔က်သင့္တယ္လို႔ထင္တယ္။ဒီလိုအခြင့္အေရးမ်ိဳးေတြနဲ႔ ကၽြန္ေတာ္တို႔မလြဲေခ်ာ္ႏိုင္ပါဘူး။အခု ေနာက္ပြဲအေၾကာင္းစဥ္းစားရမယ္။ကၽြန္ေတာ္တို႔ ႏိုင္ပြဲလိုတယ္။ကၽြန္ေတာ္တို႔ဟာ ေန႔တိုင္းပဲ ခက္ခက္ခဲခဲလုပ္ေနရတယ္။ပြဲတိုင္းေရာပဲ။ဒီတစ္ႀကိမ္မွာ ကၽြန္ေတာ္တို႔ လုိခ်င္တဲ့ရလဒ္နဲ႔အဆံုးသတ္ႏိုင္ခဲ့တယ္။ အိမ္ကြင္းမွာ ၃မွတ္ရခဲ့တယ္။ဒီအတိုင္း ဆက္သြားႏိုင္ဖို႔လိုတယ္။ဒီေျခစြမ္းအတိုင္းေပါ့ ”လို႔ ၀ီလ်ံက ခ်ဲလ္ဆီးအသင္းတရား၀င္၀က္ဘ္ဆိုက္ကေန ေျပာသြားခဲ့ပါတယ္။ဒီပြဲဟာ လမ္းပတ္လက္ထက္ ပထမဆံုးအိမ္ကြင္းႏိုင္ပြဲျဖစ္ခဲ့ရံုသာမက ၿပိဳင္ပြဲစံုမွာ ပထမဆံုးအႀကိမ္ ဂိုးမေပးရတဲ့ပြဲလည္းျဖစ္ခဲ့ပါတယ္။

PC ; Internet

အဲဒီပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ဒုတိယေျမာက္အသက္အႀကီးဆံုးကစားသမားျဖစ္ခဲ့တဲ့  အသက္ ၃၁ ႏွစ္အရြယ္ ၀ီလ်ံကေတာ့ သူ႔အသင္း ႏိုင္ပြဲဆက္ႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။“ ကၽြန္ေတာ္ အမ်ားႀကီးေပ်ာ္ပါတယ္။ကိုယ္ကိုယ့္ကိုယ္ပါေပါ့။ဒီအသင္းမွာ ကစားရတာလည္း ေပ်ာ္ပါတယ္။ကၽြန္ေတာ္လိုခ်င္တာလည္း အဲဒါပါပဲ။ေပ်ာ္ရႊင္မႈ၊ေက်နပ္မႈရွိမွ။ကိုယ့္ကိုယ္ကိုယ္လည္း အားရမွ လိုခ်င္တဲ့ရလဒ္ေတြရမွာပါ။ဂိုးမေပးခဲ့ရတာကေတာ့ ကၽြန္ေတာ္တို႔ကို ပိုၿပီးယံုၾကည္မႈရွိေစပါတယ္။တကယ္လို႔ အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ခ်င္ရင္ေတာ့ အမွတ္ေတြရေအာင္၊ႏိုင္ပြဲေတြရေအာင္လုပ္ရမွာပါ။ကၽြန္ေတာ္တို႔ လုပ္ႏိုင္မယ္လို႔လည္းထင္ပါတယ္ ”လို႔ ၀ီလ်ံက ဆက္လက္ဖြင့္ဟသြားပါတယ္။

(unicode)

ဒီရာသီမှာ ရလဒ်တွေကောင်းပြီးအမှတ်ပေးဇယားထိပ်ရောက်ချင်ရင်တော့ ပြိုင်ဘက်ဂိုးပေါက်ရှေ့ရောက်ရင် ဒီထက်ပိုပြီး စိတ်ခံစားမှုကင်းရလိမ့်မယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဝီလျံက အသင်းဖော်တွေကိုတိုက်တွန်းလိုက်ပါတယ်။ဘရိုက်တန်ကို ၂-ဝဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အခွင့်အရေးတွေအများကြီးလွဲချော်ခဲ့ကြတာကို ဝီလျံကရည်ညွှန်းလိုက်တာပါ။ချဲလ်ဆီးဟာ နည်းပြသစ်လမ်းပတ်လက်ထက် ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားမတ်ရိုင်ယန် ကာကွယ်မှုကောင်းခဲ့သလို ပက်ဒရို၊ဘာကလေနဲ့အလွန်ဆိုတို့ အဆုံးသတ်ညံ့ခဲ့ကြတာကြောင့် ဂိုးပြတ်နိုင်ပွဲနဲ့ဝေးကွာခဲ့ရပါတယ်။“ ဒီပွဲက ၃-ဝ၊၄-၀ လောက်ဖြစ်သင့်တာပါ။ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တယ်။ကျွန်တော်တို့ ဒီထက်ပိုပြီး စိတ်ရှင်းသင့်တယ်ထင်တယ်။လက်တွေ့ကျသင့်တယ်လို့ထင်တယ်။ဒီလိုအခွင့်အရေးမျိုးတွေနဲ့ ကျွန်တော်တို့မလွဲချော်နိုင်ပါဘူး။အခု နောက်ပွဲအကြောင်းစဉ်းစားရမယ်။ကျွန်တော်တို့ နိုင်ပွဲလိုတယ်။ကျွန်တော်တို့ဟာ နေ့တိုင်းပဲ ခက်ခက်ခဲခဲလုပ်နေရတယ်။ပွဲတိုင်းရောပဲ။ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်နဲ့အဆုံးသတ်နိုင်ခဲ့တယ်။ အိမ်ကွင်းမှာ ၃မှတ်ရခဲ့တယ်။ဒီအတိုင်း ဆက်သွားနိုင်ဖို့လိုတယ်။ဒီခြေစွမ်းအတိုင်းပေါ့ ”လို့ ဝီလျံက ချဲလ်ဆီးအသင်းတရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောသွားခဲ့ပါတယ်။ဒီပွဲဟာ လမ်းပတ်လက်ထက် ပထမဆုံးအိမ်ကွင်းနိုင်ပွဲဖြစ်ခဲ့ရုံသာမက ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ် ဂိုးမပေးရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့ဒုတိယမြောက်အသက်အကြီးဆုံးကစားသမားဖြစ်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဝီလျံကတော့ သူ့အသင်း နိုင်ပွဲဆက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။“ ကျွန်တော် အများကြီးပျော်ပါတယ်။ကိုယ်ကိုယ့်ကိုယ်ပါပေါ့။ဒီအသင်းမှာ ကစားရတာလည်း ပျော်ပါတယ်။ကျွန်တော်လိုချင်တာလည်း အဲဒါပါပဲ။ပျော်ရွှင်မှု၊ကျေနပ်မှုရှိမှ။ကိုယ့်ကိုယ်ကိုယ်လည်း အားရမှ လိုချင်တဲ့ရလဒ်တွေရမှာပါ။ဂိုးမပေးခဲ့ရတာကတော့ ကျွန်တော်တို့ကို ပိုပြီးယုံကြည်မှုရှိစေပါတယ်။တကယ်လို့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ချင်ရင်တော့ အမှတ်တွေရအောင်၊နိုင်ပွဲတွေရအောင်လုပ်ရမှာပါ။ကျွန်တော်တို့ လုပ်နိုင်မယ်လို့လည်းထင်ပါတယ် ”လို့ ဝီလျံက ဆက်လက်ဖွင့်ဟသွားပါတယ်။