ကြင္းထဲက ေဆးလိပ္ေသာက္ေနတဲ့ေကာင္ေလးက ကေလးမဟုတ္ပါဘူးတဲ့

photo-social media

photo-social media

ကင္ဆာေရာဂါအတြက္ ရန္ပုံေငြပြဲအျဖစ္ ကစားတဲ့ ေျခစမ္းပြဲစဥ္တစ္ပြဲမွာ ရုပ္သံကင္မရာကေန ေတြ႕လုိက္ရတဲ့ ေဆးလိပ္ေသာက္ေနတဲ့ေကာင္ေလးေၾကာင့္ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter တစ္ခုလံုး ေျဗာင္းဆန္သြားပါတယ္။ အသက္မျပည့္ေသးတဲ့ကေလးတစ္ေယာက္က ကြင္းထဲမွာ ေဆးလိပ္ေသာက္ရင္းနဲ႔ ေဘာလုံးပြဲလာၾကည့္တယ္ဆုိတာ ဘယ္လုိမွ ျဖစ္သင့္တဲ့အေနအထားမွ မဟုတ္တာ။ ဒါေပမဲ့လည္း အဲဒါဟာ အမ်ားထင္ေနၾကသလို ကေလးမဟုတ္ပါဘူးတဲ့။

photo-social media

အဲဒီအျဖစ္အပ်က္က ႏိုင္ငံတကာၾကားျဖတ္ကာလအတြင္းက တူရကီကလပ္ေတြျဖစ္ၾကတဲ့ ဘာဆာစေပါနဲ႔ ဖီနာဘာခ်ီတို႔ရဲ႕ရန္ပုံေငြေျခစမ္းပြဲစဥ္မွာ ေပၚေပါက္ခဲ့တာပါ။ ပြဲမတိုင္ခင္ ကြငး္ထဲက တာ၀န္ရွိသူတစ္ဦးရဲ႕အင္တာဗ်ဴးကို ရိုက္ျပရင္းနဲ႔ ရုပ္သံကင္မရာက ပရိသတ္ေတြဆီေရာက္သြားၿပီး အဲဒီမွာ ေဆးလိပ္ဖြာေနတဲ့ေကာင္ေလးတစ္ေယာက္လို႔ ထင္ရတဲ့သူဆီေရာက္သြားတာပါ။ သူ႔ေဘးနားမွာလည္း ကေလးတစ္ေယာက္ထိုင္ေနတာပါ။

photo-social media

ဒါကို တူရကီက ပရိသတ္ေတြဟာ ထိတ္လန္႔တၾကားျဖစ္သြားၾကၿပီး အလ်င္အျမန္ပဲ Twitter ေပၚတင္လိုက္ကာ ဒီေကာင္ေလးက ဘယ္သူလဲဆုိတာကို ရွာေဖြၾကပါတယ္။ ဒါေပမဲ့ သူတို႔အမ်ားႀကီး မေစာင့္လိုက္ရပါဘူး။ တကယ္ေတာ့ အဲဒီေကာင္ေလးဟာ ၃၆ ႏွစ္အရြယ္ ဘာဆာစေပါအသင္းပရိသတ္တစ္ေယာက္ျဖစ္တယ္လို႔  ေဒသခံမီဒီယာေတြက ေဖာ္ျပလာၾကလုိ႔ပါ။ ရုပ္ရည္အရ ကေလးပုံေပါက္တဲ့အဲဒီပရိသတ္ဟာ ေဘးနားမွာရွိတဲ့သားျဖစ္သူနဲ႔အတူ ပြဲကိုလာၾကည့္တာ ျဖစ္ပါတယ္။ သူ႔ပုံက အျမင္မွားလည္း မွားခ်င္စရာပဲကိုး။

[Unicode]

ကင်ဆာရောဂါအတွက် ရန်ပုံငွေပွဲအဖြစ် ကစားတဲ့ ခြေစမ်းပွဲစဉ်တစ်ပွဲမှာ ရုပ်သံကင်မရာကနေ တွေ့လိုက်ရတဲ့ ဆေးလိပ်သောက်နေတဲ့ကောင်လေးကြောင့် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter တစ်ခုလုံး ဗြောင်းဆန်သွားပါတယ်။ အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်က ကွင်းထဲမှာ ဆေးလိပ်သောက်ရင်းနဲ့ ဘောလုံးပွဲလာကြည့်တယ်ဆိုတာ ဘယ်လိုမှ ဖြစ်သင့်တဲ့အနေအထားမှ မဟုတ်တာ။ ဒါပေမဲ့လည်း အဲဒါဟာ အများထင်နေကြသလို ကလေးမဟုတ်ပါဘူးတဲ့။

အဲဒီအဖြစ်အပျက်က နိုင်ငံတကာကြားဖြတ်ကာလအတွင်းက တူရကီကလပ်တွေဖြစ်ကြတဲ့ ဘာဆာစပေါနဲ့ ဖီနာဘာချီတို့ရဲ့ရန်ပုံငွေခြေစမ်းပွဲစဉ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ပွဲမတိုင်ခင် ကွင်းထဲက တာဝန်ရှိသူတစ်ဦးရဲ့အင်တာဗျူးကို ရိုက်ပြရင်းနဲ့ ရုပ်သံကင်မရာက ပရိသတ်တွေဆီရောက်သွားပြီး အဲဒီမှာ ဆေးလိပ်ဖွာနေတဲ့ကောင်လေးတစ်ယောက်လို့ ထင်ရတဲ့သူဆီရောက်သွားတာပါ။ သူ့ဘေးနားမှာလည်း ကလေးတစ်ယောက်ထိုင်နေတာပါ။

ဒါကို တူရကီက ပရိသတ်တွေဟာ ထိတ်လန့်တကြားဖြစ်သွားကြပြီး အလျင်အမြန်ပဲ Twitter ပေါ်တင်လိုက်ကာ ဒီကောင်လေးက ဘယ်သူလဲဆိုတာကို ရှာဖွေကြပါတယ်။ ဒါပေမဲ့ သူတို့အများကြီး မစောင့်လိုက်ရပါဘူး။ တကယ်တော့ အဲဒီကောင်လေးဟာ ၃၆ နှစ်အရွယ် ဘာဆာစပေါအသင်းပရိသတ်တစ်ယောက်ဖြစ်တယ်လို့  ဒေသခံမီဒီယာတွေက ဖော်ပြလာကြလို့ပါ။ ရုပ်ရည်အရ ကလေးပုံပေါက်တဲ့အဲဒီပရိသတ်ဟာ ဘေးနားမှာရှိတဲ့သားဖြစ်သူနဲ့အတူ ပွဲကိုလာကြည့်တာ ဖြစ်ပါတယ်။ သူ့ပုံက အမြင်မှားလည်း မှားချင်စရာပဲကိုး။