ကမာၻ႔တန္ေၾကးအျမင့္ဆံုးလူစာရင္းမွာ မန္စီးတီးဦးေဆာင္ေနၿပီး မန္ယူက ထိပ္ဆံုး ၁၀ ထဲေတာင္မ၀င္ခဲ့

Photo Credit: Getty Images
Photo Credit: Getty Images

ကမာၻေပၚမွာရွိတဲ့ ထိပ္တန္းကလပ္ေတြထဲကမွ တန္ေၾကးအျမင့္မားဆံုးကစားသမားစာရင္းကို ပိုင္ဆုိင္ထားတဲ့အသင္းအျဖစ္ အဂၤလန္ခ်န္ပီယံမန္စီးတီးက ထိပ္ဆံုးကေနရပ္တည္ေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကေတာ့ ထိပ္ဆံုး ၁၀ သင္းထဲမွာေတာင္ပါ၀င္ျခင္းမရွိဘူးလုိ႔ သိရပါတယ္။

Photo Credit: Getty Images

အေျပာင္းအေရႊ႕တန္ေၾကးနဲ႔ ကစားသမားေတြရဲ႕ေစ်းကြက္ေပါက္ေစ်းေတြကို အေသးစိတ္ေဖာ္ျပထားတဲ့ နာမည္ႀကီး၀က္ဘ္ဆိုက္တစ္ခုရဲ႕စစ္တမ္းအရ မန္စီးတီးအသင္းကစားသမားေတြရဲ႕ စုစုေပါင္းတန္ေၾကးဟာ ေပါင္ ၁.၁၄ ဘီလ်ံံအထိရွိေနၿပီး ကမာၻေပၚမွာ အျမင့္မားဆံုးတန္ေၾကးလည္းျဖစ္ေနပါတယ္။ မန္စီးတီးရဲ႕ေနာက္မွာေတာ့ လာလီဂါထိပ္သီးႏွစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္က ေပါင္ ၁.၀၇ ဘီလ်ံ၊ ဘာစီလိုနာက ေပါင္ ၁.၀၃ ဘီလ်ံတုိ႔နဲ႔ အစဥ္လုိက္ရပ္တည္ေနပါတယ္။

Photo Credit: Getty Images

ဥေရာပခ်န္ပီယံလီဗာပူးကေတာ့ အဆင့္ ၄ ေနရာမွာ ေပါင္ ၉၅၉.၁၈ သန္းနဲ႔ရပ္တည္ေနတာပါ။ ၿပီးခဲ့တဲ့ႏွစ္က စစ္တမ္းမွာ စပါးအသင္းက အဆင့္ ၅ ေနရာရပ္တည္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ပီအက္စ္ဂ်ီအသင္းက ေပါင္ ၉၄၉.၅ သန္းနဲ႔ အဆင့္ ၅ ကိုတက္ေရာက္လာခ့ဲပါတယ္။ ဒါဟာ အင္တာမီလန္ကေန အာဂ်င္တီးနားတုိက္စစ္မွဴးအုိင္ကာဒီကို အငွားေခၚယူခဲ့တာေၾကာင့္လည္းျဖစ္ၿပီး သူ႕ကို ဒီရာသီကုန္ခ်ိန္မွာ အၿမဲတမ္းစာခ်ဳပ္နဲ႔ေခၚယူမယ္ဆုိရင္ ေပါင္ ၆၄ သန္းေပးရမယ္ဆုိတဲ့သေဘာတူညီခ်က္ရွိထားတာေၾကာင့္လုိ႔ ဆုိပါတယ္။

Photo Credit: Getty Images

စပါးကေတာ့ ဒီႏွစ္မွာ အဆင့္ ၆ ျဖစ္သြားၿပီး ထိပ္ဆံုး ၁၀ သင္းထဲမွာ ဘုိင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကိုတုိ႔အျပင္ ဟာဇက္လုိကစားသမားမ်ဳိးကိုဆံုးရႈံးထားတဲ့ ခ်ဲလ္ဆီးအသင္းလည္းပါ၀င္ေနပါတယ္။ ဒါေပမဲ့ ကမာၻေက်ာ္မန္ယူအသင္းကေတာ့ စုစုေပါင္းတန္ေၾကး ၆၄၄.၆၃ သန္းနဲ႔ အဆင့္ ၁၁ မွာပဲရွိေနပါတယ္။ ဒါေတာင္မွ မန္ယူဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘစ္ဆာကာကို ေပါင္သန္း ၅၀၊ မက္ဂြိဳင္းယားကို ခံစစ္မွဴးေတြထဲမွာ စံခ်ိန္တင္ေၾကးေပါင္သန္း ၈၀ တုိ႔နဲဲ႔၀ယ္ယူထားခဲ့ေသးတာျဖစ္ၿပီး တန္ေၾကးအျမင့္ဆံုး ထိပ္ဆံုး ၁၀ သင္းထဲေတာ့မ၀င္ခဲ့ပါဘူး။ မန္ယူအသင္းရဲ႕စုစုေပါင္းတန္ေၾကးဟာ မန္စီးတီးရဲ႕ တစ္၀က္ေက်ာ္ေလာက္ပဲရွိတယ္လုိ႔လည္း ဆုိႏုိင္ပါတယ္။ အာဆင္နယ္ကလည္း မန္ယူလုိပဲ ထိပ္ဆံုး ၁၀ သင္းျပင္ပမွာပဲရွိၿပီး တန္ေၾကးေပါင္ ၅၇၀.၃၈ န႔ဲ အဆင့္ ၁၃ ေရာက္ေနတယ္လုိ႔ သိရပါတယ္။

(Unicode)

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးလူစာရင်းမှာ မန်စီးတီးဦးဆောင်နေပြီး မန်ယူက ထိပ်ဆုံး ၁၀ ထဲတောင်မဝင်ခဲ့

ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းကလပ်တွေထဲကမှ တန်ကြေးအမြင့်မားဆုံးကစားသမားစာရင်းကို ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ် အင်္ဂလန်ချန်ပီယံမန်စီးတီးက ထိပ်ဆုံးကနေရပ်တည်နေပြီး မြို့ခံပြိုင်ဘက်မန်ယူကတော့ ထိပ်ဆုံး ၁၀ သင်းထဲမှာတောင်ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

အပြောင်းအရွှေ့တန်ကြေးနဲ့ ကစားသမားတွေရဲ့စျေးကွက်ပေါက်စျေးတွေကို အသေးစိတ်ဖော်ပြထားတဲ့ နာမည်ကြီးဝက်ဘ်ဆိုက်တစ်ခုရဲ့စစ်တမ်းအရ မန်စီးတီးအသင်းကစားသမားတွေရဲ့ စုစုပေါင်းတန်ကြေးဟာ ပေါင် ၁.၁၄ ဘီလျံံအထိရှိနေပြီး ကမ္ဘာပေါ်မှာ အမြင့်မားဆုံးတန်ကြေးလည်းဖြစ်နေပါတယ်။ မန်စီးတီးရဲ့နောက်မှာတော့ လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပေါင် ၁.၀၇ ဘီလျံ၊ ဘာစီလိုနာက ပေါင် ၁.၀၃ ဘီလျံတို့နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

ဥရောပချန်ပီယံလီဗာပူးကတော့ အဆင့် ၄ နေရာမှာ ပေါင် ၉၅၉.၁၈ သန်းနဲ့ရပ်တည်နေတာပါ။ ပြီးခဲ့တဲ့နှစ်က စစ်တမ်းမှာ စပါးအသင်းက အဆင့် ၅ နေရာရပ်တည်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပီအက်စ်ဂျီအသင်းက ပေါင် ၉၄၉.၅ သန်းနဲ့ အဆင့် ၅ ကိုတက်ရောက်လာခဲ့ပါတယ်။ ဒါဟာ အင်တာမီလန်ကနေ အာဂျင်တီးနားတိုက်စစ်မှူးအိုင်ကာဒီကို အငှားခေါ်ယူခဲ့တာကြောင့်လည်းဖြစ်ပြီး သူ့ကို ဒီရာသီကုန်ချိန်မှာ အမြဲတမ်းစာချုပ်နဲ့ခေါ်ယူမယ်ဆိုရင် ပေါင် ၆၄ သန်းပေးရမယ်ဆိုတဲ့သဘောတူညီချက်ရှိထားတာကြောင့်လို့ ဆိုပါတယ်။

စပါးကတော့ ဒီနှစ်မှာ အဆင့် ၆ ဖြစ်သွားပြီး ထိပ်ဆုံး ၁၀ သင်းထဲမှာ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ အက်သလက်တီကိုတို့အပြင် ဟာဇက်လိုကစားသမားမျိုးကိုဆုံးရှုံးထားတဲ့ ချဲလ်ဆီးအသင်းလည်းပါဝင်နေပါတယ်။ ဒါပေမဲ့ ကမ္ဘာကျော်မန်ယူအသင်းကတော့ စုစုပေါင်းတန်ကြေး ၆၄၄.၆၃ သန်းနဲ့ အဆင့် ၁၁ မှာပဲရှိနေပါတယ်။ ဒါတောင်မှ မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီက ဘစ်ဆာကာကို ပေါင်သန်း ၅၀၊ မက်ဂွိုင်းယားကို ခံစစ်မှူးတွေထဲမှာ စံချိန်တင်ကြေးပေါင်သန်း ၈၀ တို့နဲဲ့ဝယ်ယူထားခဲ့သေးတာဖြစ်ပြီး တန်ကြေးအမြင့်ဆုံး ထိပ်ဆုံး ၁၀ သင်းထဲတော့မဝင်ခဲ့ပါဘူး။ မန်ယူအသင်းရဲ့စုစုပေါင်းတန်ကြေးဟာ မန်စီးတီးရဲ့ တစ်ဝက်ကျော်လောက်ပဲရှိတယ်လို့လည်း ဆိုနိုင်ပါတယ်။ အာဆင်နယ်ကလည်း မန်ယူလိုပဲ ထိပ်ဆုံး ၁၀ သင်းပြင်ပမှာပဲရှိပြီး တန်ကြေးပေါင် ၅၇၀.၃၈ နဲ့ အဆင့် ၁၃ ရောက်နေတယ်လို့ သိရပါတယ်။