VAR ရဲ႕တိက်လြန္းမႈကို ခံစားလုိက္ရတဲ့ စီေရာ္နယ္ဒို

photo-foxsprotasia

photo-espn

VAR ဟာ ေဘာလုံးကေပးတဲ့ရသမ်ိဳးစုံကိ သတ္ပစ္ေနတယ္လုိ႔ ဒီရက္ပိုင္းထဲမွာ အသံေတြၾကားေနရပါတယ္။ ဟုတ္တယ္ေလ။ VAR ရွိၿပီးကတည္းက ဂိုးသြင္းၿပီးတိုင္း စိတ္လြတ္ကုိယ္လြတ္ ေအာင္ပြဲခံလုိ႔မရေတာ့ပါဘူး။ အဲဒီလိုေအာင္ပြဲခံၿပီးမွ ဂိုးမဟုတ္ဘူးလု႔ိ ဆုံးျဖတ္ခံရတာဟာ သက္ဆိုင္ရာကစားသမားကို မခံခ်ိမခံသာျဖစ္ေစမွာပါ။ စေနညက စီးရီးေအအဖြင့္ပြဲစဥ္မွာ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ အဲဒါမ်ိဳးကို ႀကဳံေတြ႕ခဲ့ရတာပါ။

photo-gettyimages

ပါးမားနဲ႔အေ၀းကြင္းပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၃၃ မိနစ္အေရာက္မွာ စီေရာ္နယ္ဒုိဟာ ပင္နယ္တီဧရိယာအတြင္းမွာပဲ ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္ကိုေျခေယာင္ျပၿပီးေတာ့ ဂ်ဴဗင္တပ္အတြက္ ဒုတိယဂိုးကို လွပစြာနဲ႔ သြင္းေပးခဲ့တာပါ။ အဲဒီဂိုးသြင္းၿပီးေတာ့ စီေရာ္နယ္ဒိုဟာ အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံမႈေတာင္ လုပ္ခဲ့ပါတယ္။ ရာသီအဖြင့္ပြဲမွာတင္ ဂိုးစသြင္းႏိုင္ခဲ့တယ္ဆိုေတာ့ သူဘယ္ေလာက္ေက်နပ္လုိက္မလဲ။

photo-gettyimages

ဒါေပမဲ့ စီေရာ္နယ္ဒိုရဲ႕အေပ်ာ္ဟာ စကၠန္႔ပိုင္းေလးပဲခံလုိက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူသြင္းတဲ့ဂိုးကို VAR ျပန္ၾကည့္ၿပီး လူကၽြံေဘာအျဖစ္ သတ္မွတ္လိုက္လုိ႔႔ပါပဲ။ VAR ဆုံးျဖတ္ခ်က္ရုပ္သံအေႏွးျပကြက္မွာေတာ့ စီေရာ္နယ္ဒိုဟာ ေဘာလုံးလက္ခံရယူစဥ္မွာ ပခုံးေလးတစ္ဖက္ တကယ့္ကိုမဆုိစေလာက္ေလးထြက္ေနရုံပါ။ သူ႔ရဲ႕လူကၽြံေဘာက သိေတာင္မသိသာပါဘူး။ မီလီမီတာအနည္းငယ္ေလးသာပိုထြက္ေနရုံပါ။ ဂိုးေပးလုိ႔ေတာင္ ရပါတယ္။ ဒါေပမဲ့ VAR က အဲဒီေလာက္ေလးေတာင္ လက္မခံပါဘူး။ VAR ရဲ႕တိက်လြန္းမႈေၾကာင့္ စီေရာ္နယ္ဒုိဟာလည္း ရာသီသစ္က သူ႔ရဲ႕ပထမဆုံးစီးရီးေအသြင္းဂိုးနဲ႔ လြဲခဲ့ရပါတယ္။

[Unicode]

VAR ဟာ ဘောလုံးကပေးတဲ့ရသမျိုးစုံကိ သတ်ပစ်နေတယ်လို့ ဒီရက်ပိုင်းထဲမှာ အသံတွေကြားနေရပါတယ်။ ဟုတ်တယ်လေ။ VAR ရှိပြီးကတည်းက ဂိုးသွင်းပြီးတိုင်း စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံလို့မရတော့ပါဘူး။ အဲဒီလိုအောင်ပွဲခံပြီးမှ ဂိုးမဟုတ်ဘူးလု့ိ ဆုံးဖြတ်ခံရတာဟာ သက်ဆိုင်ရာကစားသမားကို မခံချိမခံသာဖြစ်စေမှာပါ။ စနေညက စီးရီးအေအဖွင့်ပွဲစဉ်မှာ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ အဲဒါမျိုးကို ကြုံတွေ့ခဲ့ရတာပါ။

ပါးမားနဲ့အဝေးကွင်းပွဲစဉ်ရဲ့ ပွဲချိန် ၃၃ မိနစ်အရောက်မှာ စီရော်နယ်ဒိုဟာ ပင်နယ်တီဧရိယာအတွင်းမှာပဲ ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ကိုခြေယောင်ပြပြီးတော့ ဂျူဗင်တပ်အတွက် ဒုတိယဂိုးကို လှပစွာနဲ့ သွင်းပေးခဲ့တာပါ။ အဲဒီဂိုးသွင်းပြီးတော့ စီရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ အောင်ပွဲခံမှုတောင် လုပ်ခဲ့ပါတယ်။ ရာသီအဖွင့်ပွဲမှာတင် ဂိုးစသွင်းနိုင်ခဲ့တယ်ဆိုတော့ သူဘယ်လောက်ကျေနပ်လိုက်မလဲ။

ဒါပေမဲ့ စီရော်နယ်ဒိုရဲ့အပျော်ဟာ စက္ကန့်ပိုင်းလေးပဲခံလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူသွင်းတဲ့ဂိုးကို VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်လိုက်လို့ပါပဲ။ VAR ဆုံးဖြတ်ချက်ရုပ်သံအနှေးပြကွက်မှာတော့ စီရော်နယ်ဒိုဟာ ဘောလုံးလက်ခံရယူစဉ်မှာ ပခုံးလေးတစ်ဖက် တကယ့်ကိုမဆိုစလောက်လေးထွက်နေရုံပါ။ သူ့ရဲ့လူကျွံဘောက သိတောင်မသိသာပါဘူး။ မီလီမီတာအနည်းငယ်လေးသာပိုထွက်နေရုံပါ။ ဂိုးပေးလို့တောင် ရပါတယ်။ ဒါပေမဲ့ VAR က အဲဒီလောက်လေးတောင် လက်မခံပါဘူး။ VAR ရဲ့တိကျလွန်းမှုကြောင့် စီရော်နယ်ဒိုဟာလည်း ရာသီသစ်က သူ့ရဲ့ပထမဆုံးစီးရီးအေသွင်းဂိုးနဲ့ လွဲခဲ့ရပါတယ်။