VAR က သူ႔ကိုပင္နယ္တီေတြပိုရေစမယ္လုိ႔ ၿပိဳင္ဘက္ေတြကိုသတိေပးလုိက္တဲ့ဆာလာ

photo-express

photo-gettyimages

လီဗာပူးၾကယ္ပြင့္တိုက္စစ္မႈးဆာလာက သူဟာ VAR ပရိသတ္မဟုတ္ဘူးလို႔အခိုင္အမာဆုိခဲ့ေပမယ့္ VAR ေၾကာင့္ ပင္နယ္တီေတြ သူပိုရေတာ့မယ္လို႔ လီဗာပူးရဲ႕ၿပိဳင္ဘက္ေတြကို သတိေပးလိုက္ပါတယ္။ VAR ဟာ ေဘာလုံးရဲ႕အႏွစ္သာရကို ပ်က္ဆီးေစတယ္လို႔ ဆာလာက ယုံၾကည္ေနၿပီး အႏၲရာယ္ႀကီးတဲ့ဖ်က္ထုတ္မႈေတြမွာ ကစားသမားေတြကိုကာကြယ္ဖုိ႔သာသုံးသင့္တယ္လို႔ သူကဆိုပါတယ္။ VAR ကို ၂၀၁၈ ကမာၻ႔ဖလား၊ ၂၀၁၉ အမ်ိဳးသမီးကမာၻ႔ဖလားနဲ႔ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္တို႔မွာ အသုံးျပဳခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ဒီရာသီေရာက္မွ စတင္အသုံးျပဳတာပါ။

photo-gettyimages

”VAR ကုိ ကၽြန္ေတာ္မႀကိဳက္ပါဘူး။ ကၽြန္ေတာ့္အေျဖက အၿမဲတမ္းဒီလုိပဲျဖစ္မွာပါ။ ကၽြန္ေတာ္က ေဘာလုံးကို ဒီအတိုင္းေလးပဲ ခ်စ္တာပါ။ ဒုိင္လူႀကီးရဲ႕အမွားေတြရွိမယ္၊တစ္ခါတစ္ရံ ကစားသမားေတြဆီက ျပင္းထန္တဲ့တုံ႔ျပန္မႈေတြရွိမယ္။ အဲဒါကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ အႏၲရာယ္ႀကီးတဲ့ကစားပုံကေန ကစားသမားေတြကိုကာကြယ္ဖုိ႔သာ သုံးသင့္ပါတယ္။ ဒါက ကၽြန္ေတာ့္အျမင္ပါ။ ကၽြန္ေတာ့္အဖုိ႔ကေတာ့ ေဘာလုံးမွာ ဒိုင္ရဲ႕အမွားေတြ၊ကစားသမားရဲ႕အမွားေတြကို လက္ခံပါတယ္။ ဘာပဲျဖစ္ျဖစ္ေပ့ါေလ။ ဒါမွသာ ေဘာလုံးဟာ ပိုၿပီးစိတ္လႈပ္ရားစရာေကာင္းမွာပါ” လို႔ CNN သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ဆာလာက ေျပာခဲ့တာပါ။

photo-gettyimages

ဆာလာဟာ ၿပီးခဲ့တဲ့ရာသီက ဒိုက္ဗင္နဲ႔ပတ္သက္ၿပီးစြပ္စြဲမႈေတြကို ျငင္းဆန္ခဲ့ရသူပါ။ VAR က ဘာသက္ေရာက္ႏိုင္မလဲဆိုတာ သူ႔ကိုေမးျမန္းေတာ့ ဆာလာက ”ကၽြန္ေတာ့္အတြက္ ပင္နယ္တီေတြပုိရမွာေပါ့ဗ်ာ။ ခင္ဗ်ားေတြ႕ပါလိမ့္မယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဆာလာဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ VAR ရဲ႕အက်ိဳးေက်းဇူးကို ခံစားခဲ့ရတာပါ။ စပါးနဲ႔အဲဒီပြဲရဲ႕ စကၠန္႔ ၃၀ အၾကာမွာပဲ လက္ထိေဘာကေန လီဗာပူးပင္နယ္တီရခဲ့ၿပီး အဲဒီပင္နယ္တီကို ဆာလာကန္သြင္းႏိုင္ခဲ့ကာ လီဗာပူးဗုိလ္စြဲဖို႔အေရးပါတဲ့ဦးေဆာင္ဂိုးျဖစ္ေစခဲ့ပါတယ္။

[Unicode]

လီဗာပူးကြယ်ပွင့်တိုက်စစ်မှုးဆာလာက သူဟာ VAR ပရိသတ်မဟုတ်ဘူးလို့အခိုင်အမာဆိုခဲ့ပေမယ့် VAR ကြောင့် ပင်နယ်တီတွေ သူပိုရတော့မယ်လို့ လီဗာပူးရဲ့ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ VAR ဟာ ဘောလုံးရဲ့အနှစ်သာရကို ပျက်ဆီးစေတယ်လို့ ဆာလာက ယုံကြည်နေပြီး အန္တရာယ်ကြီးတဲ့ဖျက်ထုတ်မှုတွေမှာ ကစားသမားတွေကိုကာကွယ်ဖို့သာသုံးသင့်တယ်လို့ သူကဆိုပါတယ်။ VAR ကို ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားနဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်တို့မှာ အသုံးပြုခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဒီရာသီရောက်မှ စတင်အသုံးပြုတာပါ။

”VAR ကို ကျွန်တော်မကြိုက်ပါဘူး။ ကျွန်တော့်အဖြေက အမြဲတမ်းဒီလိုပဲဖြစ်မှာပါ။ ကျွန်တော်က ဘောလုံးကို ဒီအတိုင်းလေးပဲ ချစ်တာပါ။ ဒိုင်လူကြီးရဲ့အမှားတွေရှိမယ်၊တစ်ခါတစ်ရံ ကစားသမားတွေဆီက ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိမယ်။ အဲဒါကို ကျွန်တော်ကြိုက်ပါတယ်။ အန္တရာယ်ကြီးတဲ့ကစားပုံကနေ ကစားသမားတွေကိုကာကွယ်ဖို့သာ သုံးသင့်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ကျွန်တော့်အဖို့ကတော့ ဘောလုံးမှာ ဒိုင်ရဲ့အမှားတွေ၊ကစားသမားရဲ့အမှားတွေကို လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ်ပေ့ါလေ။ ဒါမှသာ ဘောလုံးဟာ ပိုပြီးစိတ်လှုပ်ရားစရာကောင်းမှာပါ” လို့ CNN သတင်းဌာနနဲ့အင်တာဗျူးမှာ ဆာလာက ပြောခဲ့တာပါ။

ဆာလာဟာ ပြီးခဲ့တဲ့ရာသီက ဒိုက်ဗင်နဲ့ပတ်သက်ပြီးစွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ရသူပါ။ VAR က ဘာသက်ရောက်နိုင်မလဲဆိုတာ သူ့ကိုမေးမြန်းတော့ ဆာလာက ”ကျွန်တော့်အတွက် ပင်နယ်တီတွေပိုရမှာပေါ့ဗျာ။ ခင်ဗျားတွေ့ပါလိမ့်မယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ VAR ရဲ့အကျိုးကျေးဇူးကို ခံစားခဲ့ရတာပါ။ စပါးနဲ့အဲဒီပွဲရဲ့ စက္ကန့် ၃၀ အကြာမှာပဲ လက်ထိဘောကနေ လီဗာပူးပင်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို ဆာလာကန်သွင်းနိုင်ခဲ့ကာ လီဗာပူးဗိုလ်စွဲဖို့အရေးပါတဲ့ဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။