လွပတဲ့ဖရီးကစ္ကန္သြင္းခ်က္နဲ႔ ဆုိးလ္ရွားကိုအသိေပးလုိက္တဲ့ တာဟစ္ေခ်ာင္

photo-the sun

photo-PA

မန္ယူအသင္းရဲ႕လူငယ္ေျခတက္ကစားသမားတစ္ေယာက္ျဖစ္တဲ့ တာဟစ္ေခ်ာင္ဟာ ယူ-၂၃ ပြဲစဥ္တစ္ခုမွာ တိက်လွပတဲ့ဖရီးကစ္ဂိုးတစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ဒီဖရီးကစ္ဂိုးနဲ႔ အသင္းႀကီးနည္းျပဆိုးလ္ရွားကို အသိေပးလုိက္ႏိုင္တာလို႔ ဆုိရင္လည္း မမွားပါဘူး။ ၁၉ ႏွစ္သာရွိေသးတဲ့တာဟစ္ေခ်ာင္ဟာ ရာသီႀကိဳတုန္းက မန္ယူပထမအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဲဒီေနာက္ပိုုင္းကတည္းက ဆုိးလ္ရွားရဲ႕အသင္းမွာ ပါ၀င္ျခင္း မရွိေတာ့ပါဘူး။

photo-MUTV

မန္ယူဟာ လူငယ္အသင္းပြဲစဥ္မွာ ဖူလ္ဟမ္နဲ႔ကစားခဲ့ရတာျဖစ္ၿပီး ဂိုးမရွိသေရျဖစ္ေနခ်ိန္ ပြဲခ်ိန္ ၂၅ မိနစ္အေရာက္မွာ ၿပိဳင္ဘက္ရဲ႕ပင္နယ္တီဧရိယာအစပ္နား ဖရီးကစ္ကန္သြင္းခြင့္ရခဲ့တာပါ။ ေဒးဗစ္ဘက္ခမ္းရဲ႕နံပါတ္ ၇ ဂ်ာစီအက်ၤီ၀တ္ဆင္ထားတဲ့တာဟစ္ေခ်ာင္ဟာ ၂၅ ကိုက္အကြာက ဒီဖရီးကစ္ကို ဘယ္ေျခနဲ႔ ဂိုးတိုင္ညာဘက္အေပၚေထာင့္ထဲ ေ၀့၀ိုက္ကန္သြင္းၿပီး လွပတဲ့ဖရီးကစ္ဂိုးတစ္ဂိုးျဖစ္ေစခဲ့တာပါ။ ဒီနယ္သာလန္သားေလးဟာ အုုိးလ္ထရက္ဖုိ႔ဒ္မွာ အလားအလာေကာင္းသူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရၿပီး အခုသူ႔ရဲ႕ေနာက္ဆုံးေျခစြမ္းက ပထမအသင္းႀကီးမွာ ပါ၀င္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ေစမွာပါ။

photo-MUTV

တာဟစ္ေခ်ာင္ဟာ ပထမအသင္းႀကီးမွာ ပါႏိုင္ေရးအတြက္ မၾကာေသးခင္ကပဲ ဇာတိနယ္သာလန္ကိုအငွားသြားကစားဖို႔ ျငင္းဆန္ခဲ့ပါတယ္။ နယ္သာလန္အသင္းႀကီးေတြျဖစ္တဲ့ ပီအက္စ္ဗီနဲ႔ဖီယင္ႏုတို႔ဟာ ဒီဆယ္ေက်ာ္သက္ေတာင္ပံကစားသမားေလးကို အငွားနဲ႔ေခၚႏိုင္ဖုိ႔ စိတ္၀င္စားခဲ့ၾကတယ္လုိ႔ သတင္းေတြထြက္ေပၚခဲ့တာပါ။ တာဟစ္ေခ်ာင္ဟာ ၂၀၁၆ က မန္ယူကိုမေျပာင္းခင္ ဖီယင္ႏုမွာ ကစားခဲ့ပါေသးတယ္။

[Unicode]

လှပတဲ့ဖရီးကစ်ကန်သွင်းချက်နဲ့ ဆိုးလ်ရှားကိုအသိပေးလိုက်တဲ့ တာဟစ်ချောင်

မန်ယူအသင်းရဲ့လူငယ်ခြေတက်ကစားသမားတစ်ယောက်ဖြစ်တဲ့ တာဟစ်ချောင်ဟာ ယူ-၂၃ ပွဲစဉ်တစ်ခုမှာ တိကျလှပတဲ့ဖရီးကစ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒီဖရီးကစ်ဂိုးနဲ့ အသင်းကြီးနည်းပြဆိုးလ်ရှားကို အသိပေးလိုက်နိုင်တာလို့ ဆိုရင်လည်း မမှားပါဘူး။ ၁၉ နှစ်သာရှိသေးတဲ့တာဟစ်ချောင်ဟာ ရာသီကြိုတုန်းက မန်ယူပထမအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းကတည်းက ဆိုးလ်ရှားရဲ့အသင်းမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။

မန်ယူဟာ လူငယ်အသင်းပွဲစဉ်မှာ ဖူလ်ဟမ်နဲ့ကစားခဲ့ရတာဖြစ်ပြီး ဂိုးမရှိသရေဖြစ်နေချိန် ပွဲချိန် ၂၅ မိနစ်အရောက်မှာ ပြိုင်ဘက်ရဲ့ပင်နယ်တီဧရိယာအစပ်နား ဖရီးကစ်ကန်သွင်းခွင့်ရခဲ့တာပါ။ ဒေးဗစ်ဘက်ခမ်းရဲ့နံပါတ် ၇ ဂျာစီအင်္ကျီဝတ်ဆင်ထားတဲ့တာဟစ်ချောင်ဟာ ၂၅ ကိုက်အကွာက ဒီဖရီးကစ်ကို ဘယ်ခြေနဲ့ ဂိုးတိုင်ညာဘက်အပေါ်ထောင့်ထဲ ဝေ့ဝိုက်ကန်သွင်းပြီး လှပတဲ့ဖရီးကစ်ဂိုးတစ်ဂိုးဖြစ်စေခဲ့တာပါ။ ဒီနယ်သာလန်သားလေးဟာ အိုးလ်ထရက်ဖို့ဒ်မှာ အလားအလာကောင်းသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး အခုသူ့ရဲ့နောက်ဆုံးခြေစွမ်းက ပထမအသင်းကြီးမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်စေမှာပါ။

တာဟစ်ချောင်ဟာ ပထမအသင်းကြီးမှာ ပါနိုင်ရေးအတွက် မကြာသေးခင်ကပဲ ဇာတိနယ်သာလန်ကိုအငှားသွားကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ နယ်သာလန်အသင်းကြီးတွေဖြစ်တဲ့ ပီအက်စ်ဗီနဲ့ဖီယင်နုတို့ဟာ ဒီဆယ်ကျော်သက်တောင်ပံကစားသမားလေးကို အငှားနဲ့ခေါ်နိုင်ဖို့ စိတ်ဝင်စားခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ တာဟစ်ချောင်ဟာ ၂၀၁၆ က မန်ယူကိုမပြောင်းခင် ဖီယင်နုမှာ ကစားခဲ့ပါသေးတယ်။