ICC မွာ သူ႕အတြက္ အက္သလက္တီကို ေပါင္သန္း ၁၀၀ ေက်ာ္ဘာေၾကာင့္သုံးစြဲဲခဲ့လဲဆုိတာ အေျဖေပးလုိက္တဲ့ ဖီးလစ္

Photo Credit

Photo Credit ; Getty Images

အက္သလက္တီကိုမက္ဒရစ္အသင္းက ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၁၃ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ေပၚတူဂီသားေလးဂ်ာအိုဖီးလစ္ဟာ သူ႕ရဲ႕ထိပ္တန္းအဆင့္ ေျခစြမ္းေတြကို ICC ၿပိဳင္ပြဲအျဖစ္ ဂ်ဴဗင္တပ္စ္အသင္းကို ၂ – ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ျပသသြားခဲ့ျပန္ပါၿပီ။

Photo Credit ; Getty Images

အရည္အခ်င္းရွိေပၚတူဂီလူငယ္ ကစားသမားေလးဟာ အီတလီအင္အားႀကီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းကို ပထမပိုင္းမွာပဲ သြင္းဂိုး ၂ ဂိုးသြင္းယူသြားခဲ့တာပါ။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္ ကြင္းလယ္လူဆာမီခီဒီရာက ပြဲကစားခ်ိန္ ၂၉ မိနစ္မွာ ေခ်ပဂိုး ၁ ဂိုး ျပန္လည္ သြင္းယူေပးႏိုင္ခဲ့ေပမယ့္ ပြဲၿပီးဆံုးခ်ိန္မွာေတာ့ နည္းျပမာရီဇီယိုဆာရီကိုင္တြယ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အ႐ံႈးနဲ႔သာလွည့္ျပန္ခဲ့ရပါတယ္။

Photo Credit ; Getty Images

ပြဲကစားခ်ိန္ ၂၄ မိနစ္မွာ သြင္းယူခဲ့တဲ့ဖီးလစ္ရဲ႔ ပထမဆံုးသြင္းဂိုးကိုေတာ့ မၾကာေသးမီက စပါးအသင္းကေနေခၚယူထားတဲ့ ကီရန္ထရစ္ပီယာက အေကာင္းမြန္ဆံုးဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

အဂၤလန္သားေနာက္ခံလူဟာ ပင္နယ္တီဧရိယာအစပ္ ညာျခမ္းကေန ပင္နယ္တီဧရိယာထဲမွာ အသင့္ရွိေနတဲ့ ဖီးလစ္ကိုမတင္ေပးပို႔ခဲ့ပါတယ္။ ရရွိလာတဲ့ အခြင့္အေရးကိုဖီးလစ္ကလည္း ေနာက္ခံလူေတြၾကားကေန ေျပးထြက္ၿပီး ပိုင္ပိုင္ႏိုင္ႏိုင္အဆံုးသတ္ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။

Photo Credit

ပြဲကစားခ်ိန္ ၂၉ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းကြင္းလယ္လူဆာမီခီဒီရာက ကစားသမားေတြ ရႈပ္ယွက္ခတ္ေနတဲ့ၾကားကေန ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့တာ ျဖစ္ၿပီး ဂိုးသမားေအာ့ဘလက္ခ္လည္း ဘာမွ မတတ္ႏိုင္ခဲ့ပါဘူး။

Photo Credit

ပြဲကစားခ်ိန္ ၃၃ မိနစ္မွာလည္း အက္သလက္ရဲ႕ ေပၚတူဂီလူငယ္ကစားသမားကို ဂ်ဴဗီေနာက္ခံလူေတြ မထိန္းႏိုင္ၾကဘဲ ဖီးလစ္က အဆိုပါေနာက္ခံလူေတြၾကားကပဲ အျမန္ဆံုးေျပးထြက္ၿပီး ဒုတိယေျမာက္သြင္းဂိုးကိုကန္သြင္းရယူသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit

အင္တာမီလန္နဲ႔ ရာသီႀကိဳပြဲစဥ္တုန္းက ဂိုးသြင္းယူခဲ့တဲ့ ဂ်ဴဗင္စတားခရစၥတီယာႏိုေရာ္နယ္ဒိုလည္း အဆိုပါပြဲစဥ္မွာ ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆံုးေနခဲ့ပါတယ္။ ယခုေနာက္ဆံုးေျခစမ္းပြဲေအာင္ပြဲက အက္သလက္တီကိုအသင္းအတြက္ လာမယ့္ရာသီသစ္ လာလီဂါပြဲစဥ္ေတြမတိုင္ခင္ အားသစ္တစ္ခု ျဖစ္ေစခဲ့ပါတယ္။

Photo Credit

Unicode

ICC မှာ သူ့အတွက် အက်သလက်တီကို ပေါင်သန်း ၁၀၀ ကျော်ဘာကြောင့်သုံးစွဲခဲ့လဲဆိုတာ အဖြေပေးလိုက်တဲ့ ဖီးလစ်
အက်သလက်တီကိုမက်ဒရစ်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၁၁၃ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ပေါ်တူဂီသားလေးဂျာအိုဖီးလစ်ဟာ သူ့ရဲ့ထိပ်တန်းအဆင့် ခြေစွမ်းတွေကို ICC ပြိုင်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းကို ၂ – ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြသသွားခဲ့ပြန်ပါပြီ။
အရည်အချင်းရှိပေါ်တူဂီလူငယ် ကစားသမားလေးဟာ အီတလီအင်အားကြီးကလပ် ဂျူဗင်တပ်စ်အသင်းကို ပထမပိုင်းမှာပဲ သွင်းဂိုး ၂ ဂိုးသွင်းယူသွားခဲ့တာပါ။
ဂျူဗင်တပ်စ် ကွင်းလယ်လူဆာမီခီဒီရာက ပွဲကစားချိန် ၂၉ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ နည်းပြမာရီဇီယိုဆာရီကိုင်တွယ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အရှုံးနဲ့သာလှည့်ပြန်ခဲ့ရပါတယ်။
ပွဲကစားချိန် ၂၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဖီးလစ်ရဲ့ ပထမဆုံးသွင်းဂိုးကိုတော့ မကြာသေးမီက စပါးအသင်းကနေခေါ်ယူထားတဲ့ ကီရန်ထရစ်ပီယာက အကောင်းမွန်ဆုံးဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်သားနောက်ခံလူဟာ ပင်နယ်တီဧရိယာအစပ် ညာခြမ်းကနေ ပင်နယ်တီဧရိယာထဲမှာ အသင့်ရှိနေတဲ့ ဖီးလစ်ကိုမတင်ပေးပို့ခဲ့ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးကိုဖီးလစ်ကလည်း နောက်ခံလူတွေကြားကနေ ပြေးထွက်ပြီး ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပွဲကစားချိန် ၂၉ မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူဆာမီခီဒီရာက ကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာ ဖြစ်ပြီး ဂိုးသမားအော့ဘလက်ခ်လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
ပွဲကစားချိန် ၃၃ မိနစ်မှာလည်း အက်သလက်ရဲ့ ပေါ်တူဂီလူငယ်ကစားသမားကို ဂျူဗီနောက်ခံလူတွေ မထိန်းနိုင်ကြဘဲ ဖီးလစ်က အဆိုပါနောက်ခံလူတွေကြားကပဲ အမြန်ဆုံးပြေးထွက်ပြီး ဒုတိယမြောက်သွင်းဂိုးကိုကန်သွင်းရယူသွားခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်နဲ့ ရာသီကြိုပွဲစဉ်တုန်းက ဂိုးသွင်းယူခဲ့တဲ့ ဂျူဗင်စတားခရစ္စတီယာနိုရော်နယ်ဒိုလည်း အဆိုပါပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေခဲ့ပါတယ်။
ယခုနောက်ဆုံးခြေစမ်းပွဲအောင်ပွဲက အက်သလက်တီကိုအသင်းအတွက် လာမယ့်ရာသီသစ် လာလီဂါပွဲစဉ်တွေမတိုင်ခင် အားသစ်တစ်ခု ဖြစ်စေခဲ့ပါတယ်။