ICC ဖလားနဲ႔ မန္ယူေအာင္ပြဲခံႏုိင္ဖုိ႔ဆုိရင္ မီလန္နဲ႔ပြဲမွာ ဘယ္ရလဒ္လုိအပ္ေနတာလဲ…?

Photo Credit: Getty Images

ရာသီႀကိဳကာလရဲ႕အခမ္းနားဆံုး International Champions Cup ၿပိဳင္ပြဲကေတာ့ မၾကာခင္အဆံုးသတ္ေတာ့မွာပါ။ ေျခစမ္းပြဲဆုိေပမယ့္ ထိပ္တန္းကလပ္ေတြၾကားက ၿပိဳင္ဆုိင္မႈျဖစ္လုိ႔ ဒီဖလားကို ဘယ္အသင္းသိမ္းပိုက္ႏိုင္မလဲဆုိတာ စိတ္၀င္စားဖုိ႔ေတာ့ေကာင္းပါတယ္။ ၿပိဳင္ပြဲအဆံုးသတ္ခ်ိန္မွာ ရာႏႈန္းျပည့္အႏုိင္ရလဒ္နဲ႔ ထိပ္ဆံုးမွာဦးေဆာင္ေနတာက ဘယ္သူမွမထင္ထားတဲ့ ဘင္ဖီကာျဖစ္ေနၿပီး မန္ယူကလည္း သူတုိ႔ကိုေက်ာ္ကာ ခ်န္ပီယံျဖစ္ခြင့္ေတာ့ရွိေနပါတယ္။ အဲဒီအတြက္ စေနညမွာကစားမယ့္ ေအစီမီလန္္နဲ႔ပြဲစဥ္ရလဒ္ကေတာ့ အဆံုးအျဖတ္ျဖစ္လာဖုိ႔ရွိေနတာပါ။

Photo Credit: Getty Images

ၿပိဳင္ပြဲစည္းမ်ဥ္းအရ 3 ပြဲကစားၿပီး အမွတ္အမ်ားဆံုးရတဲ့အသင္းက ခ်န္ပီယံျဖစ္ဖုိ႔ရွိပါတယ္။ ဘင္ဖီကာကေတာ့ 3 ပြဲကစား၊ 9 မွတ္နဲ႔ ပြဲကုန္သြားၿပီျဖစ္သလုိ သူတုိ႔ကိုလုိက္မီႏုိင္တာဆိုလုိ႔ မန္ယူတစ္သင္းပဲရွိေတာ့တာပါ။ မန္ယူက အေရွ႕ 2 ပြဲမွာ စပါးနဲ႔ အင္တာမီလန္တုိ႔ကိုႏုိင္ထားတာေၾကာင့္ ေအစီမီလန္နဲ႔ပြဲမွာသာအႏုိင္ရမယ္ဆုိရင္ ဘင္ဖီကာနဲ႔ 9 မွတ္ခ်င္းတူညီသြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီၿပိဳင္ပြဲမွာအမွတ္တူေနရင္ Head-to-Head ရလဒ္ကိုၾကည့္ၿပီးဆံုးျဖတ္မွာပါ။

Photo Credit: Getty Images

မန္ယူနဲ႔ ဘင္ဖီကာတုိ႔က ထိပ္တုိက္ေတြ႕ဆံုျခင္းမရွိတာေၾကာင့္ ေနာက္တစ္ဆင့္ျဖစ္တဲ့ ဂိုးကြာျခားခ်က္ကိုၾကည့္ကာ အဆံုးအျဖတ္ခံယူရမွာျဖစ္ပါတယ္။ ေလာေလာဆယ္ ဘင္ဖီကာ ဂုိးကြာျခားခ်က္ +5 ရထားၿပီး မန္ယူကေတာ့ +2 ရွိပါတယ္။ ဒါေၾကာင့္ ေနာက္ဆံုးပြဲစဥ္မွာ မန္ယူဟာ ေအစီမီလန္ကို အႏုိင္ရရံုသာမကဘဲ 3 ဂုိးျပတ္အႏုိင္ရမွသာ ဂိုးကြာျခားခ်က္တူညီမွာပါ။ တကယ္လုိ႔ အဲဒီလို အမွတ္တူ၊ ဂိုးကြာျခားခ်က္ပါတူေနမယ္ဆုိရင္ သူတုိ႔ႏွစ္သင္းကစားခဲ့တဲ့ ”ဘံု”ၿပိဳင္ဘက္နဲ႔ ထြက္ေပၚခဲ့တဲ့ရလဒ္ကိုၾကည့္ပါလိမ့္မယ္။ ဘင္ဖီကာက ေအစီမီလန္ကို 1-0 နဲ႕ပဲႏုိင္ခဲ့တာပါ။ ဒါေၾကာင့္ မန္ယူဟာ ေအစီမီလန္ကို 3 ဂိုးျပတ္အႏုိင္ရမယ္ဆုိရင္ ICC ခ်န္ပီယံဖလားကုိသိမ္းပိုက္ႏုိင္မွာျဖစ္ပါတယ္။

Photo Credit: Getty Images

ေအစီမီလန္နဲ႔ပြဲအတြက္ မန္ယူလူစာရင္းမွာ လူသစ္၀မ္ဘစ္ဆာကာ၊ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ပါ၀င္လာခဲ့ေပမယ့္ တုိက္စစ္မွဴးလူကာကူနဲ႔ အဓိကကြင္းလယ္လူေပါ့ဂ္ဘာတုိ႔ေတာ့ပါ၀င္ခဲ့ျခင္းမရွိပါဘူး။ လူကာကူကို အေျပာင္းအေရႊ႕ကိစၥေၾကာင့္ ခြင့္ေပးထားတာျဖစ္ၿပီး ေပါ့ဂ္ဘာကေတာ့ ေနာက္ေက်ာဒဏ္ရာျပသနာရွိေနတယ္လုိ႔ ဆုိးလ္ရွားကသတင္းစာရွင္းလင္းပြဲမွာေျပာၾကားထားပါတယ္။ မန္ယူဟာ ICC ဖလားကုိ 8 သင္းပါ၀င္ယွဥ္ၿပိဳင္တဲ့ 2014 ခုႏွစ္က ရရွိထားခဲ့ဖူးပါတယ္။

Photo Credit: Getty Images

(Unicode)

ICC ဖလားနဲ့ မန်ယူအောင်ပွဲခံနိုင်ဖို့ဆိုရင် မီလန်နဲ့ပွဲမှာ ဘယ်ရလဒ်လိုအပ်နေတာလဲ…?

ရာသီကြိုကာလရဲ့အခမ်းနားဆုံး International Champions Cup ပြိုင်ပွဲကတော့ မကြာခင်အဆုံးသတ်တော့မှာပါ။ ခြေစမ်းပွဲဆိုပေမယ့် ထိပ်တန်းကလပ်တွေကြားက ပြိုင်ဆိုင်မှုဖြစ်လို့ ဒီဖလားကို ဘယ်အသင်းသိမ်းပိုက်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ပြိုင်ပွဲအဆုံးသတ်ချိန်မှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ထိပ်ဆုံးမှာဦးဆောင်နေတာက ဘယ်သူမှမထင်ထားတဲ့ ဘင်ဖီကာဖြစ်နေပြီး မန်ယူကလည်း သူတို့ကိုကျော်ကာ ချန်ပီယံဖြစ်ခွင့်တော့ရှိနေပါတယ်။ အဲဒီအတွက် စနေညမှာကစားမယ့် အေစီမီလန်နဲ့ပွဲစဉ်ရလဒ်ကတော့ အဆုံးအဖြတ်ဖြစ်လာဖို့ရှိနေတာပါ။

ပြိုင်ပွဲစည်းမျဉ်းအရ 3 ပွဲကစားပြီး အမှတ်အများဆုံးရတဲ့အသင်းက ချန်ပီယံဖြစ်ဖို့ရှိပါတယ်။ ဘင်ဖီကာကတော့ 3 ပွဲကစား၊ 9 မှတ်နဲ့ ပွဲကုန်သွားပြီဖြစ်သလို သူတို့ကိုလိုက်မီနိုင်တာဆိုလို့ မန်ယူတစ်သင်းပဲရှိတော့တာပါ။ မန်ယူက အရှေ့ 2 ပွဲမှာ စပါးနဲ့ အင်တာမီလန်တို့ကိုနိုင်ထားတာကြောင့် အေစီမီလန်နဲ့ပွဲမှာသာအနိုင်ရမယ်ဆိုရင် ဘင်ဖီကာနဲ့ 9 မှတ်ချင်းတူညီသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာအမှတ်တူနေရင် Head-to-Head ရလဒ်ကိုကြည့်ပြီးဆုံးဖြတ်မှာပါ။

မန်ယူနဲ့ ဘင်ဖီကာတို့က ထိပ်တိုက်တွေ့ဆုံခြင်းမရှိတာကြောင့် နောက်တစ်ဆင့်ဖြစ်တဲ့ ဂိုးကွာခြားချက်ကိုကြည့်ကာ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ လောလောဆယ် ဘင်ဖီကာ ဂိုးကွာခြားချက် +5 ရထားပြီး မန်ယူကတော့ +2 ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးပွဲစဉ်မှာ မန်ယူဟာ အေစီမီလန်ကို အနိုင်ရရုံသာမကဘဲ 3 ဂိုးပြတ်အနိုင်ရမှသာ ဂိုးကွာခြားချက်တူညီမှာပါ။ တကယ်လို့ အဲဒီလို အမှတ်တူ၊ ဂိုးကွာခြားချက်ပါတူနေမယ်ဆိုရင် သူတို့နှစ်သင်းကစားခဲ့တဲ့ ”ဘုံ”ပြိုင်ဘက်နဲ့ ထွက်ပေါ်ခဲ့တဲ့ရလဒ်ကိုကြည့်ပါလိမ့်မယ်။ ဘင်ဖီကာက အေစီမီလန်ကို 1-0 နဲ့ပဲနိုင်ခဲ့တာပါ။ ဒါကြောင့် မန်ယူဟာ အေစီမီလန်ကို 3 ဂိုးပြတ်အနိုင်ရမယ်ဆိုရင် ICC ချန်ပီယံဖလားကိုသိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။

အေစီမီလန်နဲ့ပွဲအတွက် မန်ယူလူစာရင်းမှာ လူသစ်ဝမ်ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်တို့ပါဝင်လာခဲ့ပေမယ့် တိုက်စစ်မှူးလူကာကူနဲ့ အဓိကကွင်းလယ်လူပေါ့ဂ်ဘာတို့တော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ လူကာကူကို အပြောင်းအရွှေ့ကိစ္စကြောင့် ခွင့်ပေးထားတာဖြစ်ပြီး ပေါ့ဂ်ဘာကတော့ နောက်ကျောဒဏ်ရာပြသနာရှိနေတယ်လို့ ဆိုးလ်ရှားကသတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။ မန်ယူဟာ ICC ဖလားကို 8 သင်းပါဝင်ယှဉ်ပြိုင်တဲ့ 2014 ခုနှစ်က ရရှိထားခဲ့ဖူးပါတယ်။