GOAT ဆိုတဲ့ေမးခြန္းမွာ ေရာ္နယ္ဒိုဆုိၿပီး သြားေျဖမိတဲ့သူ တစ္မွတ္မွမရဘဲ စာေမးပြဲက်သြား

0
420

Photo Credit

Photo Credit

ျပင္သစ္ႏိုင္ငံရွိ ေက်ာင္းသားတစ္ဦးဟာ စာေမးပဲြတစ္ခုမွာ GOAT ဆိုတဲ့ေမးခြန္းကို ဆိတ္တစ္ေကာင္လုိ႔အေျဖမွန္မေရးဘဲ ေရာ္နယ္ဒိုလို႔ အေျဖသြားေရးမိခဲ့လုိ႔ တစ္မွတ္မွေတာင္မရခဲ့ေၾကာင္း သိရပါတယ္။

Photo Credit

အသက္ ၁၅ႏွစ္အရြယ္ရွိ အာမက္နာဘီလ္လုိ႔အမည္ရတဲ့အဲဒီေက်ာင္းသားေလးဟာ စာေမးပြဲမွာ တိရစၦာန္အမ်ိဳးမ်ိဳးရဲ႕႐ုပ္ပုံေတြကို မွန္ကန္ေအာင္ ေျဖဆုိရတာျဖစ္ၿပီး ဆိတ္(GOAT)ပုံ ေရးဆဲြထားတဲ့ေနရာမွာ Greatest Of All Time(GOAT)အျဖစ္ ေရာ္နယ္ဒိုလုိ႔ အေျဖေရးခဲ့တာျဖစ္ပါတယ္။

Photo Credit

”လြန္ခဲ့တ့ဲ ၂ႏွစ္က ျပင္သစ္စာေမးပြဲတစ္ခုမွာ ကၽြန္ေတာ္ေျဖဆုိခဲ့တာပါ။ ကၽြန္ေတာ့္အတြက္ေတာ့ အဲဒီစာေမးပဲြက အရမ္းကိုခက္ခဲၿပီး အဲဒီမွာ ေမးခြန္းတစ္ခုက ပုံမွန္ေရးဆြဲထားတဲ့တိရစၦာန္ပုံေတြကို ျပင္သစ္လုိေရးပါဆုိတဲ့ေမးခြန္းလည္း ပါ၀င္လာပါတယ္”

Photo Credit

”ဆိတ္ကို ျပင္သစ္လို ဘယ္လုိေခၚမွန္း ကၽြန္ေတာ္လည္း ေမ့သြားတယ္။ ဒါနဲ႔ ငါေတာ့ တစ္ခုခုဖန္တီးမွရေတာ့မယ္ေတြးၿပီး ေရာ္နယ္ဒိုလုိ႔ခ်ေရးလုိက္တာေပါ့။ အဲဒီမွာ အတန္းေဖာ္ေတြက စာေမးပြဲၿပီးလု႔ိ အျပန္မထြက္ေသးဘဲ ကၽြန္ေတာ့္အေျဖကို ၾကည့္ၿပီး ၀ုိင္းရယ္ေနၾကတယ္”လုိ႔ နာဘီလ္က ေျပာပါတယ္။

Photo Credit

နာဘီလ္က သူ႕အေနနဲ႔ အဲဒီျပင္သစ္စာေမးပြဲမွာ တစ္မွတ္မရဘဲ က်ခဲ့ေၾကာင္း ဆုိပါတယ္။ အဲဒီတြစ္က တစ္ရက္အတြင္းမွာပဲ Like လုပ္သူ ၁၅၀၀၀ ေက်ာ္သြားၿပီး မန္ခ်က္စတာယူႏုိက္တက္ပရိသတ္တစ္ဦးျဖစ္တဲ့ နာဘီလ္က အနည္းငယ္ဘက္လုိက္မႈရွိတယ္လုိ႔ အရိပ္အျမြက္ဖြင့္ဟခဲ့ေပမယ့္ ေရာ္နယ္ဒိုက GOAT ျဖစ္တယ္လု႔ိ ယုံၾကည္ေၾကာင္း ဆုိပါတယ္။

Photo Credit

”တကယ္လုိ႔ GOAT က ဘယ္သူလဲလုိ႔ တစ္ေယာက္ေယာက္က လာေမးရင္ ကၽြန္ေတာ္ကေတာ့ ေရာ္နယ္ဒိုလို႔ပဲ ျပန္ေျဖမိမွာပါ။ ဒါေပမဲ့ ေသခ်ာျပန္စဥ္းစားရင္ေတာ့ ကၽြန္ေတာ္လည္းသိပ္မေသခ်ာပါဘူး။ တစ္ခါတေလ မက္ဆီက ပိုေကာင္းတယ္လုိ႔ အေတြး၀င္ေရာက္လာတတ္ေပမယ့္ ယူႏုိက္တက္ပရိသတ္တစ္ဦးအေနနဲ႔ ေရာ္နယ္ဒိုက အႀကီးက်ယ္ဆုံးပါပဲ”လုိ႔ နာဘီလ္က ဆုိပါတယ္။


အဲဒီစာေမးပြဲမွာပဲ နာဘီလ္ဟာ သူ႕ရဲ႕အေျဖတစ္ခုမွာ အာဆင္နယ္ကြင္းလယ္လူ အုိေဇးလ္ကိုလည္း ထည့္သြင္းေျဖဆိုခဲ့ပါတယ္။ ”ေနာက္ကြက္လပ္မွာေတာ့ ဆရာမက မွားသြားလုိ႔ ကၽြန္ေတာ္လည္း ကိုယ့္ရဲ႕ေဘာလုံးဗဟုသုတကို ဆက္ထုတ္ျပခဲ့ၿပီး အိုေဇးလ္လုိ႔ ထည့္ေရးလုိက္ပါတယ္။ အေျဖစာရြက္ကို ေပးေတာ့ ဆရာမက ဘာမွမျဖစ္တဲ့ပုံစံနဲ႔ ျပန္ေပးပါတယ္။ ၾကည့္ရတာ ေရာ္နယ္ဒိုနဲ႔အိုေဇးလ္တုိ႔ကိုေတာင္ သူမသိဘူးထင္တယ္။ ကၽြန္ေတာ့္ကိုလည္း ဘာမွမေျပာဘူး”လုိ႔ နာဘီလ္က ေျပာပါတယ္။

Photo Credit

Unicode

GOAT ဆိုတဲ့မေးခွန်းမှာ ရော်နယ်ဒိုဆိုပြီး သွားဖြေမိတဲ့သူ တစ်မှတ်မှမရဘဲ စာမေးပွဲကျသွား

ပြင်သစ်နိုင်ငံရှိ ကျောင်းသားတစ်ဦးဟာ စာမေးပွဲတစ်ခုမှာ GOAT ဆိုတဲ့မေးခွန်းကို ဆိတ်တစ်ကောင်လို့အဖြေမှန်မရေးဘဲ ရော်နယ်ဒိုလို့ အဖြေသွားရေးမိခဲ့လို့ တစ်မှတ်မှတောင်မရခဲ့ကြောင်း သိရပါတယ်။
အသက် ၁၅နှစ်အရွယ်ရှိ အာမက်နာဘီလ်လို့အမည်ရတဲ့အဲဒီကျောင်းသားလေးဟာ စာမေးပွဲမှာ တိရစ္ဆာန်အမျိုးမျိုးရဲ့ရုပ်ပုံတွေကို မှန်ကန်အောင် ဖြေဆိုရတာဖြစ်ပြီး ဆိတ်(GOAT)ပုံ ရေးဆွဲထားတဲ့နေရာမှာ Greatest Of All Time(GOAT)အဖြစ် ရော်နယ်ဒိုလို့ အဖြေရေးခဲ့တာဖြစ်ပါတယ်။
”လွန်ခဲ့တဲ့ ၂နှစ်က ပြင်သစ်စာမေးပွဲတစ်ခုမှာ ကျွန်တော်ဖြေဆိုခဲ့တာပါ။ ကျွန်တော့်အတွက်တော့ အဲဒီစာမေးပွဲက အရမ်းကိုခက်ခဲပြီး အဲဒီမှာ မေးခွန်းတစ်ခုက ပုံမှန်ရေးဆွဲထားတဲ့တိရစ္ဆာန်ပုံတွေကို ပြင်သစ်လိုရေးပါဆိုတဲ့မေးခွန်းလည်း ပါဝင်လာပါတယ်”
”ဆိတ်ကို ပြင်သစ်လို ဘယ်လိုခေါ်မှန်း ကျွန်တော်လည်း မေ့သွားတယ်။ ဒါနဲ့ ငါတော့ တစ်ခုခုဖန်တီးမှရတော့မယ်တွေးပြီး ရော်နယ်ဒိုလို့ချရေးလိုက်တာပေါ့။ အဲဒီမှာ အတန်းဖော်တွေက စာမေးပွဲပြီးလု့ိ အပြန်မထွက်သေးဘဲ ကျွန်တော့်အဖြေကို ကြည့်ပြီး ဝိုင်းရယ်နေကြတယ်”လို့ နာဘီလ်က ပြောပါတယ်။
နာဘီလ်က သူ့အနေနဲ့ အဲဒီပြင်သစ်စာမေးပွဲမှာ တစ်မှတ်မရဘဲ ကျခဲ့ကြောင်း ဆိုပါတယ်။ အဲဒီတွစ်က တစ်ရက်အတွင်းမှာပဲ Like လုပ်သူ ၁၅၀၀၀ ကျော်သွားပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တဲ့ နာဘီလ်က အနည်းငယ်ဘက်လိုက်မှုရှိတယ်လို့ အရိပ်အမြွက်ဖွင့်ဟခဲ့ပေမယ့် ရော်နယ်ဒိုက GOAT ဖြစ်တယ်လု့ိ ယုံကြည်ကြောင်း ဆိုပါတယ်။
”တကယ်လို့ GOAT က ဘယ်သူလဲလို့ တစ်ယောက်ယောက်က လာမေးရင် ကျွန်တော်ကတော့ ရော်နယ်ဒိုလို့ပဲ ပြန်ဖြေမိမှာပါ။ ဒါပေမဲ့ သေချာပြန်စဉ်းစားရင်တော့ ကျွန်တော်လည်းသိပ်မသေချာပါဘူး။ တစ်ခါတလေ မက်ဆီက ပိုကောင်းတယ်လို့ အတွေးဝင်ရောက်လာတတ်ပေမယ့် ယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ ရော်နယ်ဒိုက အကြီးကျယ်ဆုံးပါပဲ”လို့ နာဘီလ်က ဆိုပါတယ်။
အဲဒီစာမေးပွဲမှာပဲ နာဘီလ်ဟာ သူ့ရဲ့အဖြေတစ်ခုမှာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကိုလည်း ထည့်သွင်းဖြေဆိုခဲ့ပါတယ်။ ”နောက်ကွက်လပ်မှာတော့ ဆရာမက မှားသွားလို့ ကျွန်တော်လည်း ကိုယ့်ရဲ့ဘောလုံးဗဟုသုတကို ဆက်ထုတ်ပြခဲ့ပြီး အိုဇေးလ်လို့ ထည့်ရေးလိုက်ပါတယ်”
”အဖြေစာရွက်ကို ပေးတော့ ဆရာမက ဘာမှမဖြစ်တဲ့ပုံစံနဲ့ ပြန်ပေးပါတယ်။ ကြည့်ရတာ ရော်နယ်ဒိုနဲ့အိုဇေးလ်တို့ကိုတောင် သူမသိဘူးထင်တယ်။ ကျွန်တော့်ကိုလည်း ဘာမှမပြောဘူး”လို့ နာဘီလ်က ပြောပါတယ်။