BREAKING: အာဆင္နယ္နဲ႔ယူႏိုက္တက္တုိက္စစ္မွဴးေဟာင္း ၀ဲလ္ဘတ္ကို ၀က္ဖုိ႔ဒ္အသင္း ေခၚယူ

Photo Credit

Photo Credit ; Getty Images / AFP

ပရီးမီးယားလိဂ္ကလပ္ ၀က္ဖို႔ဒ္အသင္းဟာ အာဆင္နယ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနတဲ့အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴး ဒန္နီ၀ဲလ္ဘတ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခ့ဲၿပီး ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။

Photo Credit

အသက္ ၂၈ႏွစ္အရြယ္ရွိ ၀ဲလ္ဘတ္ဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ဒဏ္ရာျပႆနာေတြနဲ႔ မၾကာခဏရင္ဆုိင္ခ့ဲရၿပီး ခရစၥမတ္ကာလမတိုင္ခင္ ေျခက်င္း၀တ္ဒဏ္ရာရရွိခ့ဲလို႔ ရာသီကုန္အထိ အနားယူခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာ ႀကံ့ခုိင္မႈအျပည့္ျပန္ရေနၿပီျဖစ္ပါတယ္။

Photo Credit

သူဟာ အဂၤလန္အသင္းအတြက္ ၄၂ပြဲကစားေပးထားၿပီး အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ သူ႕ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အဲဗာတန္၊ ၀က္စ္ဟမ္းနဲ႔၀က္ဖို႔ဒ္တုိ႔က အၿပိဳင္စိတ္၀င္စားခဲ့ၾကပါတယ္။

Photo Credit

အဲဗာတန္အသင္းက ၀ဲလ္ဘတ္ကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့ေပမယ့္ ကာယကံရွင္ျဖစ္သူက ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီးေနာက္ ျပန္ကစားႏုိင္ခ်ိန္မွာ ပုံမွန္ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ေပးႏိုင္တဲ့အသင္းကိုပဲ ေျပာင္းေရႊ႕လုိခဲ့တာပါ။

Photo Credit ; Getty Images / AFP

၀က္ဖု႔ိဒ္က ၀ဲလ္ဘတ္ရဲ႕ႀကံ့ခိုင္မႈအေနအထားအေပၚ အနည္းငယ္စိုးရိမ္ခဲ့ရၿပီး ကစားသမားကလည္း ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ဦးစားေပးကစားသမားအျဖစ္ ၁ပဲြပဲ ပါ၀င္ကစားခြင့္ရရွိခဲ့ကာ ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာေၾကာင့္ ခြဲစိတ္ကုသမႈ ၂ႀကိမ္အထိျပဳလုပ္ခဲ့ရပါတယ္။

Photo Credit

ဒါေပမဲ့ အသင္းႀကီးေတြမွာ ကစားခဲ့ဖူးတဲ့ ၀ဲလ္ဘတ္ရဲ႕ထင္ေပၚေက်ာ္ၾကားမႈနဲ႔ သူ႕ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈေတြေၾကာင့္ ၀က္ဖုိ႔ဒ္အသင္းနည္းျပ ဂရာစီယာက သူ႕ကို အရေခၚယူခဲ့တာျဖစ္ၿပီး ၀ဲလ္ဘတ္ကလည္း ပရီးမီးယားလိဂ္သြင္းဂိုး ၄၂ဂိုး၊ ခ်န္ပီယံလိဂ္သြင္းဂိုး ၇ဂိုးနဲ႔ အက္ဖ္ေအဖလားမွာ ၈ဂိုးအသီးသီးသြင္းယူထားပါတယ္။

Photo Credit

Unicode

BREAKING: အာဆင်နယ်နဲ့ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ကို ဝက်ဖို့ဒ်အသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ အာဆင်နယ်အသင်းနဲ့လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေတဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ၃နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ ဝဲလ်ဘတ်ဟာ ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပြီး ခရစ္စမတ်ကာလမတိုင်ခင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ရာသီကုန်အထိ အနားယူခဲ့ရပေမယ့် လက်ရှိအချိန်မှာ ကြံ့ခိုင်မှုအပြည့်ပြန်ရနေပြီဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက် ၄၂ပွဲကစားပေးထားပြီး အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ဝက်ဖို့ဒ်တို့က အပြိုင်စိတ်ဝင်စားခဲ့ကြပါတယ်။
အဲဗာတန်အသင်းက ဝဲလ်ဘတ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် ကာယကံရှင်ဖြစ်သူက ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် ပြန်ကစားနိုင်ချိန်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ပေးနိုင်တဲ့အသင်းကိုပဲ ပြောင်းရွှေ့လိုခဲ့တာပါ။
ဝက်ဖု့ိဒ်က ဝဲလ်ဘတ်ရဲ့ကြံ့ခိုင်မှုအနေအထားအပေါ် အနည်းငယ်စိုးရိမ်ခဲ့ရပြီး ကစားသမားကလည်း ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ် ၁ပွဲပဲ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ၂ကြိမ်အထိပြုလုပ်ခဲ့ရပါတယ်။
ဒါပေမဲ့ အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ဝဲလ်ဘတ်ရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုတွေကြောင့် ဝက်ဖို့ဒ်အသင်းနည်းပြ ဂရာစီယာက သူ့ကို အရခေါ်ယူခဲ့တာဖြစ်ပြီး ဝဲလ်ဘတ်ကလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၄၂ဂိုး၊ ချန်ပီယံလိဂ်သွင်းဂိုး ၇ဂိုးနဲ့ အက်ဖ်အေဖလားမှာ ၈ဂိုးအသီးသီးသွင်းယူထားပါတယ်။