BREAKING ; တူရကီမှာ စွန့်စားခန်းထွက်ဦးမယ့် စတာရစ်ခ်ျ ထရက်ဇွန်စပေါအသင်းကို ရောက်ရှိ

Photo Credit

Photo Credit

လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဒန်နီရယ်စတာရစ်ခ်ျဟာ ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီးနောက် သူ့ရဲ့ကစားသမားဘ၀ကို အင်္ဂလန်ကနေ တူရကီမှာ ထပ်မံခရီးဆန့်ဦးမှာဖြစ်ကြောင်း အဆိုပါတူရကီကလပ်က အတည်ပြုကြေညာလိုက်ပါတယ်။

Photo Credit

အသက် ၂၉နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း စတာရစ်ခ်ျဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ လမ်းခွဲလာခဲ့သူဖြစ်ပြီး ဆီဗီလာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရာမှာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်ခဲ့လို့ ပြီးခဲ့တဲ့ဇူလိုင်လက ဘောလုံးလောကနဲ့ ရက်သတ္တပတ် ၆ပတ်ကြာ ပါဝင်မပတ်သက်ဖို့ အက်ဖ်အေရဲ့ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

Photo Credit


Photo Credit

ထရက်ဇွန်စပေါအသင်းက တခြားစာချုပ်ပါအချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့် Goal ၀က်ဆိုက်ဒ်က စတာရစ်ခ်ျအနေနဲ့ တစ်နှစ်လုပ်ခ ယူရို ၃သန်းရရှိလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ရာ ထရက်ဇွန်စပေါအသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးရကစားသမားတစ်ဦးဖြစ်လာပါလိမ့်မယ်။

Photo Credit

ဘာမင်ဂမ်မြို့သား စတာရစ်ခ်ျဟာ အက်စ်တွန်ဗီလာ၊ ကိုဗင်ထရီတို့နဲ့အတူ လူငယ်ကစားသမားဘ၀ကို ဖြတ်သန်းခဲ့ပြီးနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို မန်စီးတီးနဲ့အတူ စတင်ခဲ့ပေမယ့် နေရာမရခဲ့လို့ ချဲလ်ဆီးအသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးမှာတော့ စတာရစ်ခ်ျဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး စုစုပေါင်း ၄နှစ်ကြာကစားခဲ့ရာမှာ ၂၀၀၉-၁၀ ရာသီက ပရီးမီးယားလိဂ်နဲ့ ၂၀၁၁-၁၂ ရာသီက ချန်ပီယံလိဂ်ဖလားတွေအပါအ၀င် ဆုဖလားအများအပြားရရှိခဲ့ပါတယ်။

Photo Credit

၂၀၁၃ ဇန်န၀ါရီလမှာတော့ လီဗာပူးက စတာရစ်ခ်ျကို မဖော်ပြတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး အသင်းအတွက် စုစုပေါင်းပွဲ ၁၆၀မှာ ၆၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ဒါပေမဲ့ ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ရောက်ရှိလာမှုနဲ့အတူ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စတာရစ်ခ်ျရဲ့လီဗာပူးကစားသမားဘ၀က တစ်ဖြည်းဖြည်းဆိုးရွားလာပြီး နည်းပြကလော့ပ်ရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit

Unicode

BREAKING ; တူရကီမှာ စွန့်စားခန်းထွက်ဦးမယ့် စတာရစ်ချ် ထရက်ဇွန်စပေါအသင်းကို ရောက်ရှိ

လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဒန်နီရယ်စတာရစ်ချ်ဟာ ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီးနောက် သူ့ရဲ့ကစားသမားဘဝကို အင်္ဂလန်ကနေ တူရကီမှာ ထပ်မံခရီးဆန့်ဦးမှာဖြစ်ကြောင်း အဆိုပါတူရကီကလပ်က အတည်ပြုကြေညာလိုက်ပါတယ်။
အသက် ၂၉နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း စတာရစ်ချ်ဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ လမ်းခွဲလာခဲ့သူဖြစ်ပြီး ဆီဗီလာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရာမှာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်ခဲ့လို့ ပြီးခဲ့တဲ့ဇူလိုင်လက ဘောလုံးလောကနဲ့ ရက်သတ္တပတ် ၆ပတ်ကြာ ပါဝင်မပတ်သက်ဖို့ အက်ဖ်အေရဲ့ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ ယခုတစ်ပတ်အစောပိုင်းက တူရကီနိုင်ငံရောက်လာပြီးနောက် ယခုအခါ ထရက်ဇွန်စပေါအသင်းနဲ့ အနည်းဆုံးနောက်ထပ် ၃ရာသီအထိရှိမယ့်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ထရက်ဇွန်စပေါအသင်းက တခြားစာချုပ်ပါအချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့် Goal ဝက်ဆိုက်ဒ်က စတာရစ်ချ်အနေနဲ့ တစ်နှစ်လုပ်ခ ယူရို ၃သန်းရရှိလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ရာ ထရက်ဇွန်စပေါအသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးရကစားသမားတစ်ဦးဖြစ်လာပါလိမ့်မယ်။
ဘာမင်ဂမ်မြို့သား စတာရစ်ချ်ဟာ အက်စ်တွန်ဗီလာ၊ ကိုဗင်ထရီတို့နဲ့အတူ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မန်စီးတီးနဲ့အတူ စတင်ခဲ့ပေမယ့် နေရာမရခဲ့လို့ ချဲလ်ဆီးအသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။
ချဲလ်ဆီးမှာတော့ စတာရစ်ချ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး စုစုပေါင်း ၄နှစ်ကြာကစားခဲ့ရာမှာ ၂၀၀၉-၁၀ ရာသီက ပရီးမီးယားလိဂ်နဲ့ ၂၀၁၁-၁၂ ရာသီက ချန်ပီယံလိဂ်ဖလားတွေအပါအဝင် ဆုဖလားအများအပြားရရှိခဲ့ပါတယ်။
၂၀၁၃ ဇန်နဝါရီလမှာတော့ လီဗာပူးက စတာရစ်ချ်ကို မဖော်ပြတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး အသင်းအတွက် စုစုပေါင်းပွဲ ၁၆၀မှာ ၆၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ရောက်ရှိလာမှုနဲ့အတူ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စတာရစ်ချ်ရဲ့လီဗာပူးကစားသမားဘဝက တစ်ဖြည်းဖြည်းဆိုးရွားလာပြီး နည်းပြကလော့ပ်ရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။