Ballon d’Or ဆုအတြက္ ဘယ္သူရသင့္ၿပီး ဘယ္သူကို ရေစခ်င္လဲဆိုတာ ေျပာသြားတဲ့ ပီေကး

Photo Credit

Photo Credit

ဘာစီလိုနာေနာက္ခံလူဂ်ရတ္ပီေကးက ယခုႏွစ္ Ballon d’Or ဆုကိုလည္း လီဗာပူးေနာက္ခံလူ ဗာဂ်ီဗန္ဒိုက္ရသင့့္တယ္လို႔ Express Sportသတင္းကို ေျပာပါတယ္။ အဆုိပါဆုအတြက္ ပီေကးရဲ႕ဘာစီလုိနာအသင္းေဖာ္မက္ဆီကလည္း ေရပန္းစားေနေပမယ့္ ပီေကးကေတာ့ ဗန္ဒိုက္က Ballon d’Or ဆုရသင့္တယ္လို႔ယံုၾကည္ေနပါတယ္။

Photo Credit ; Getty Images

ကမၻာ႔ေဘာလံုးေလာကမွာ ၂၀၀၆ခုႏွစ္ကတည္းက ေနာက္ခံလူေတြ အဆိုပါဆုကို မရရွိခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူဖာဘီယိုကန္နာဗား႐ိုးက Ballon d’Or ဆုကို ေနာက္ခံလူအေနနဲ႔ ေနာက္ဆုံးဆြတ္ခူးႏိုင္ခဲ့ၿပီး ဗန္ဒိုက္ကလည္း ယမန္ႏွစ္ရာသီက လီဗာပူးအသင္းကို ခ်န္ပီယံလိဂ္ဖလားကိုင္ေျမွာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာေၾကာင့္ Ballon d’Or ဆုရရွိဖို႔ ေရပန္းစားေနတာပါ။

Photo Credit

ကန္နာဗား႐ိုးရဲ႕လမ္းစဥ္ကို လိုက္ႏိုင္မလားဆိုတာေတာ့ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ ပိုကာကစားရာမွာ ဆရာတစ္ဆူျဖစ္တဲ့ပီေကးက ဥေရာပမွာ ပိုကာကစားေနရင္း ”အၿမဲတမ္း ကၽြန္ေတာ္က ကၽြန္ေတာ့္အတြက္ေျပာတာ မဟုတ္ပါဘူး”

Photo Credit

”ခင္ဗ်ားတို႔အေကာင္းဆံုးကစားသမားကို မဲေပးမယ္ဆိုရင္ေတာ့ မက္ဆီကိုပဲ မဲေပးလိုက္ပါ၊ ၿပီးခဲ့တဲ့၁၀ႏွစ္ကတည္းက မက္ဆီဟာ ကမာၻ႔အေကာင္းဆံုးကစားသမားတစ္ဦးပါ၊ ဒါေပမဲ့ ဗန္ဒိုက္ကလည္း သူ႕ရဲ႕အေကာင္းဆံုးရာသီတစ္ခုကို ျဖတ္သန္းခဲ့ၿပီးပါၿပီ။ ဗန္ဒိုက္ရဲ႕စြမ္းေဆာင္မႈေတြက ဒီဆုရဖို႔လံုေလာက္ပါတယ္”လို႔ ေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး ပီေကးက ”ဒါကမလြယ္ကူပါဘူး၊ ဒီၿပိဳင္ပြဲကတိုက္စစ္မွဴးေတြအတြက္ပါ။ ၾကယ္ပြင့္ကစားသမားေတြ ဂိုးသြင္းႏိုင္၊ မသြင္းႏိုင္ကိုၾကည့္ၿပီးေပးတာပါ၊ ဒါကပံုမွန္ျဖစ္ပ်က္ေနတာပါပဲ။ ဂိုးသမားနဲ႔ေနာက္ခံလူေတြအတြက္ေတာ့ ဒါကခက္ခဲပါတယ္”

Photo Credit

”ခင္ဗ်ားဘယ္ေလာက္စြမ္းေဆာင္မႈေကာင္းေတြ ျပသခဲ့လဲ သူတို႔သတိထားမိဖို႔ ခက္ခဲတယ္။ ဒါေပမဲ့ ခင္ဗ်ားအမွားတစ္ခုေလာက္လုပ္မိတဲ့အခ်ိန္မွာေတာ့ သူတို႔ဒါကိုေနရာတိုင္းမွာေျပာၾကလိမ့္မယ္။ ပံုမွန္အားျဖင့္ေတာ့တိုက္စစ္မွဴးေတြပဲရၾကတာပါပဲ”လို႔ေျပာသြားခဲ့ပါတယ္။

Photo Credit

ပီေကးဟာ ၂၀၁၂ခုႏွစ္က စပိန္အသင္းကုိကမၻာ႔ဖလား ကိုင္ေျမာက္ႏိုင္ေအာင္စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္ သူက Ballon d’Or ဆုနဲ႔ထိုက္တန္တယ္လို႔အဆိုျပဳထားသူျဖစ္ပါတယ္။

Photo Credit

Unicode

Ballon d’Or ဆုအတွက် ဘယ်သူရသင့်ပြီး ဘယ်သူကို ရစေချင်လဲဆိုတာ ပြောသွားတဲ့ ပီကေး

ဘာစီလိုနာနောက်ခံလူဂျရတ်ပီကေးက ယခုနှစ် Ballon d’Or ဆုကိုလည်း လီဗာပူးနောက်ခံလူ ဗာဂျီဗန်ဒိုက်ရသင့်တယ်လို့ Express Sportသတင်းကို ပြောပါတယ်။
အဆိုပါဆုအတွက် ပီကေးရဲ့ဘာစီလိုနာအသင်းဖော်မက်ဆီကလည်း ရေပန်းစားနေပေမယ့် ပီကေးကတော့ ဗန်ဒိုက်က Ballon d’Or ဆုရသင့်တယ်လို့ယုံကြည်နေပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ ၂၀၀၆ခုနှစ်ကတည်းက နောက်ခံလူတွေ အဆိုပါဆုကို မရရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူဖာဘီယိုကန်နာဗားရိုးက Ballon d’Or ဆုကို နောက်ခံလူအနေနဲ့ နောက်ဆုံးဆွတ်ခူးနိုင်ခဲ့ပြီး ဗန်ဒိုက်ကလည်း ယမန်နှစ်ရာသီက လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာကြောင့် Ballon d’Or ဆုရရှိဖို့ ရေပန်းစားနေတာပါ။
ကန်နာဗားရိုးရဲ့လမ်းစဉ်ကို လိုက်နိုင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ပိုကာကစားရာမှာ ဆရာတစ်ဆူဖြစ်တဲ့ပီကေးက ဥရောပမှာ ပိုကာကစားနေရင်း ”အမြဲတမ်း ကျွန်တော်က ကျွန်တော့်အတွက်ပြောတာ မဟုတ်ပါဘူး”
”ခင်ဗျားတို့အကောင်းဆုံးကစားသမားကို မဲပေးမယ်ဆိုရင်တော့ မက်ဆီကိုပဲ မဲပေးလိုက်ပါ၊ ပြီးခဲ့တဲ့၁၀နှစ်ကတည်းက မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ၊ ဒါပေမဲ့ ဗန်ဒိုက်ကလည်း သူ့ရဲ့အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ဗန်ဒိုက်ရဲ့စွမ်းဆောင်မှုတွေက ဒီဆုရဖို့လုံလောက်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပီကေးက ”ဒါကမလွယ်ကူပါဘူး၊ ဒီပြိုင်ပွဲကတိုက်စစ်မှူးတွေအတွက်ပါ။ ကြယ်ပွင့်ကစားသမားတွေ ဂိုးသွင်းနိုင်၊ မသွင်းနိုင်ကိုကြည့်ပြီးပေးတာပါ၊ ဒါကပုံမှန်ဖြစ်ပျက်နေတာပါပဲ။ ဂိုးသမားနဲ့နောက်ခံလူတွေအတွက်တော့ ဒါကခက်ခဲပါတယ်”
”ခင်ဗျားဘယ်လောက်စွမ်းဆောင်မှုကောင်းတွေ ပြသခဲ့လဲ သူတို့သတိထားမိဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ခင်ဗျားအမှားတစ်ခုလောက်လုပ်မိတဲ့အချိန်မှာတော့ သူတို့ဒါကိုနေရာတိုင်းမှာပြောကြလိမ့်မယ်။ ပုံမှန်အားဖြင့်တော့တိုက်စစ်မှူးတွေပဲရကြတာပါပဲ”လို့ပြောသွားခဲ့ပါတယ်။
ပီကေးဟာ ၂၀၁၂ခုနှစ်က စပိန်အသင်းကိုကမ္ဘာ့ဖလား ကိုင်မြောက်နိုင်အောင်စွမ်းဆောင်ပေးခဲ့ပြီးနောက် သူက Ballon d’Or ဆုနဲ့ထိုက်တန်တယ်လို့အဆိုပြုထားသူဖြစ်ပါတယ်။