ၿပိဳင္ပြဲစုံဂိုး ၃၀သြင္းယူႏိုင္မယ့္သူအျဖစ္ စတာလင္းကို ဂြါဒီယိုလာ ကင္ပြန္းတပ္

Photo Credit ; Getty Images

Photo Credit

မန္စီးတီးအသင္းတုိက္စစ္မွဴး စတာလင္းအေနနဲ႔ ယခုရာသီမွာ ၿပိဳင္ပြဲစုံဂိုး ၃၀အထိသြင္းယူႏုိင္စြမ္းရွိေၾကာင္း နည္းျပဂြါဒီယိုလာက ယုံၾကည္မႈအျပည့္နဲ႔ ေထာက္ခံသြားပါတယ္။

Photo Credit ; Getty Images / AFP

အဂၤလန္လက္ေရြးစင္ စတာလင္းဟာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ ၂၅ဂိုးသြင္းယူႏုိင္ခဲ့ရာမွာ ပရီးမီးယားလိဂ္တစ္ခုတည္း ၁၇ဂုိးသြင္းယူႏိုင္ခဲ့ၿပီး စီးတီးလည္း အံ့အားသင့္စရာေကာင္းတဲ့ေအာင္ျမင္မႈအျဖစ္ ျပည္တြင္းဖလားအားလုံး ရရွိခ့ဲပါတယ္။

Photo Credit ; Getty Images

ဒီလုိၿပီးခဲ့တဲ့ရာသီက စတာလင္းတစ္ေယာက္ အထူးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဂြါဒီယိုလာကေတာ့ ဒီထက္ပိုတုိးတက္လာလိမ့္ဦးမယ္လုိ႔ ယုံၾကည္ေနပါတယ္။ ”သူဂုိး ၃၀သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီလုိဆုိရင္ သူ႕အတြက္ေရာ အသင္းအတြက္ေရာ ေကာင္းက်ိဳးရွိလာမွာပါ”

Photo Credit

”ၿပီးခဲ့တဲ့ရာသီက ၂၅ဂိုးသြင္းယူႏုိင္ခဲ့တာမွန္ပါတယ္။ ၿပီးေတာ့ ၂၅ဂိုးနဲ႔ ဂိုး ၃၀ဆိုၾကား ကြာျခားခ်က္က ၅ဂိုးပဲရွိလုိ႔ သူလုပ္ေဆာင္ႏိုင္လိမ့္မယ္လုိ႔လည္း ယုံၾကည္ပါတယ္။ ဒါေပမဲ့ သူ႕စိတ္ထဲမွာ ဘာရွိလဲဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိပါဘူး။ ကၽြန္ေတာင္ဟာ ကိုယ့္အသင္းတုိက္စစ္ကစားသမားေတြကို သူတုိ႔ရဲ႕အိပ္မက္ေတြ၊ ပစ္မွတ္ေတြက ဘာလဲလုိ႔ တစ္ခါမွမေမးခဲ့ဖူးပါဘူး”

Photo Credit ; Getty Images / AFP

”ဒီေတာ့ အ႐ိုးသားဆုံးေျပာရရင္ သူတုိ႔စိတ္ထဲမွာဘာရွိေနလဲဆုိတာ ကၽြန္ေတာ္လည္း မသိပါဘူး။ သူတုိ႔ဂိုးသြင္းႏုိင္ရင္ ေပ်ာ္ရႊင္လိမ့္မယ္လုိ႔ ထင္ပါတယ္။ တုိက္စစ္ကစားသမားတုိင္းလုိေပါ့။ တကယ္လုိ႔ ဒဏ္ရာႀကီးႀကီးမားမားသာမရရင္ ျဖစ္လာႏုိင္မယ္လုိ႔ ထင္ပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။

Photo Credit ; AP

ဘာစီလုိနာနဲ႔ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္း ဂြါဒီယိုလာဟာ ယခုရာသီမွာ အသင္းရဲ႕ခ်န္ပီယံလုဘက္ေတြကို ခ်ီးက်ဴးမႈေတြျပဳလုပ္သြားခဲ့ၿပီး အထူးသျဖင့္ ယေန႔ညကစားရမယ့္ ၿပိဳင္ဘက္ေတာ့တင္ဟမ္အသင္းကို ခ်ီးက်ဴးခဲ့ပါတယ္။

Photo Credit

”ေတာ့တင္ဟမ္အသင္းနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ့္ရဲ႕အျမင္ကေတာ့ သူတုိ႔ဟာ ဥေရာပရဲ႕ဒုတိယအေကာင္းဆုံးအသင္းပါ(ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဒုတိယရခဲ့တာကုိ ဆုိလုိျခင္းျဖစ္)။ ဒီေလာက္ဆုိရင္ လုံေလာက္ပါၿပီ။ အဂၤလန္ကို ကၽြန္ေတာ္ေရာက္လာခ်ိန္ကတည္းက ေတာ့တင္ဟမ္ဟာ ရာသီတုိင္းမွာ တကယ့္ခ်န္ပီယံစိန္ေခၚသူစစ္စစ္ျဖစ္ခဲ့ပါတယ္”လုိ႔ ဂြါဒီယိုလာက သူ႕အျမင္ကို ေျပာပါတယ္။

Photo Credit

Unicode

ပြိုင်ပွဲစုံဂိုး ၃၀သွင်းယူနိုင်မယ့်သူအဖြစ် စတာလင်းကို ဂွါဒီယိုလာ ကင်ပွန်းတပ်

မန်စီးတီးအသင်းတိုက်စစ်မှူး စတာလင်းအနေနဲ့ ယခုရာသီမှာ ပြိုင်ပွဲစုံဂိုး ၃၀အထိသွင်းယူနိုင်စွမ်းရှိကြောင်း နည်းပြဂွါဒီယိုလာက ယုံကြည်မှုအပြည့်နဲ့ ထောက်ခံသွားပါတယ်။
အင်္ဂလန်လက်ရွေးစင် စတာလင်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၅ဂိုးသွင်းယူနိုင်ခဲ့ရာမှာ ပရီးမီးယားလိဂ်တစ်ခုတည်း ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီး စီးတီးလည်း အံ့အားသင့်စရာကောင်းတဲ့အောင်မြင်မှုအဖြစ် ပြည်တွင်းဖလားအားလုံး ရရှိခဲ့ပါတယ်။
ဒီလိုပြီးခဲ့တဲ့ရာသီက စတာလင်းတစ်ယောက် အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာကတော့ ဒီထက်ပိုတိုးတက်လာလိမ့်ဦးမယ်လို့ ယုံကြည်နေပါတယ်။ ”သူဂိုး ၃၀သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် သူ့အတွက်ရော အသင်းအတွက်ရော ကောင်းကျိုးရှိလာမှာပါ”
”ပြီးခဲ့တဲ့ရာသီက ၂၅ဂိုးသွင်းယူနိုင်ခဲ့တာမှန်ပါတယ်။ ပြီးတော့ ၂၅ဂိုးနဲ့ ဂိုး ၃၀ဆိုကြား ကွာခြားချက်က ၅ဂိုးပဲရှိလို့ သူလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာရှိလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တောင်ဟာ ကိုယ့်အသင်းတိုက်စစ်ကစားသမားတွေကို သူတို့ရဲ့အိပ်မက်တွေ၊ ပစ်မှတ်တွေက ဘာလဲလို့ တစ်ခါမှမမေးခဲ့ဖူးပါဘူး”
”ဒီတော့ အရိုးသားဆုံးပြောရရင် သူတို့စိတ်ထဲမှာဘာရှိနေလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူတို့ဂိုးသွင်းနိုင်ရင် ပျော်ရွှင်လိမ့်မယ်လို့ ထင်ပါတယ်။ တိုက်စစ်ကစားသမားတိုင်းလိုပေါ့။ တကယ်လို့ ဒဏ်ရာကြီးကြီးမားမားသာမရရင် ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။
ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂွါဒီယိုလာဟာ ယခုရာသီမှာ အသင်းရဲ့ချန်ပီယံလုဘက်တွေကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပြီး အထူးသဖြင့် ယနေ့ညကစားရမယ့် ပြိုင်ဘက်တော့တင်ဟမ်အသင်းကို ချီးကျူးခဲ့ပါတယ်။
”တော့တင်ဟမ်အသင်းနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အမြင်ကတော့ သူတို့ဟာ ဥရောပရဲ့ဒုတိယအကောင်းဆုံးအသင်းပါ(ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တာကို ဆိုလိုခြင်းဖြစ်)။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အင်္ဂလန်ကို ကျွန်တော်ရောက်လာချိန်ကတည်းက တော့တင်ဟမ်ဟာ ရာသီတိုင်းမှာ တကယ့်ချန်ပီယံစိန်ခေါ်သူစစ်စစ်ဖြစ်ခဲ့ပါတယ်”လို့ ဂွါဒီယိုလာက သူ့အမြင်ကို ပြောပါတယ်။