ၾကင္နာႏူးည့ံတဲ့ ဘီလူးတစ္ေကာင္လုိ႔ လူကာကူကိုတင္စားလုိက္တဲ့ ကြန္တီ

Photo Credit: Goal
Photo Credit: Inter FC

အင္တာမီလန္က လက္ခ်ီကို 4-0 နဲ႔အႏုိင္ရခဲ့တဲ့ တနလၤာညစီးရီးေအပြဲစဥ္မွာ ပြဲထြက္ပါ၀င္ကစားၿပီး ေျခစြမ္းျပႏုိင္ခဲ့တဲ့ တုိက္စစ္မွဴးလူကာကူကို နည္းျပကြန္တီက ခ်ီးက်ဴးစကားဆုိလုိက္ၿပီး ၾကင္နာႏူးညံ့တဲ့ ဘီလူးႀကီးတစ္ေကာင္လုိ႔လည္း တင္စားလုိက္ပါတယ္။

Photo Credit: Inter FC

ဆန္စီရိုမွာကစားခဲ့တဲ့ စီးရီးေအအဖြင့္ပြဲစဥ္မွာ အင္တာမီလန္ဟာ တန္းတက္လက္ခ်ီကို ပြဲခ်ိန္ 21 မိနစ္သြင္းယူခဲ့တဲ့ ဘရိုဇုိဗစ္ရဲ႕ဂိုးနဲ႔ စတင္ဦးေဆာင္ႏုိင္ခဲ့တာျဖစ္ၿပီး ဆန္ဆီ၊ လူကာကူ၊ ကန္ဒရီဗာတုိ႔က 1 ဂိုးစီထပ္မံသြင္းယူကာ 4 ဂိုးျပတ္အႏုိင္ရခဲ့တာပါ။ ဒီရလဒ္ေၾကာင့္ ကြန္တီဟာ အင္တာမီလန္သမုိင္းတစ္ေလွ်ာက္ ပထမဆံုးစီးရီးေအပြဲမွာ 4 ဂိုးျပတ္အႏုိင္ရရွိတဲ့ တတိယေျမာက္နည္းျပအျဖစ္လည္း စံခ်ိန္ေရးထုိးႏုိင္ခဲ့ပါတယ္။

Photo Credit: Inter FC

ၿပီးခဲ့တဲ့ေႏြရာသီအတြင္း မန္ယူကေန အင္တာမီလန္ကိုေျပာင္းေရႊ႕ခြင့္ရဖုိ႔အတြက္ အျပင္းအထန္ႀကိဳးပမ္းခဲ့ရတဲ့ လူကာကူဟာ အင္တာတိုက္စစ္မွာ ေလာ္တာရိုမာတီနက္ဇ္နဲ႔တြဲကာ ေျခစြမ္းျပကစားႏုိင္ခဲ့ၿပီး သူ႕အတြက္ ပထမဆံုးဂိုးကိုလည္းရယူႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကြန္တီက အဲဒီပြဲအၿပီးမွာ လူကာကူကိုခ်ီးက်ဴးခဲ့တာျဖစ္ၿပီး အင္တာမီလန္ကမာၻထဲကို အေကာင္းဆံုးနည္းလမ္းနဲ႔ ၀င္ေရာက္လာသူလုိ႔လည္း ဆုိခဲ့ပါတယ္။

Photo Credit: Inter FC

”လူကာကူဟာ ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ၿပီး အင္တာမီလန္ကမာၻထဲကို အေကာင္းဆံုးနည္းလမ္းနဲ႔၀င္ေရာက္လာခဲ့သူပါ။ မ်က္ႏွာမွာ အၿမဲတမ္းအၿပံဳးပန္းဆင္ထားတဲ့ ၾကင္နာႏူးညံ့တဲ့ ဘီလူးႀကီးတစ္ေကာင္လုိပါပဲ။ အသင္းအတြက္လည္း ႀကိဳးပမ္းေပးဖုိ႔ အဆင္သင့္ရွိေနတဲ့သူပါ။ ေလာ္တာရိုမာတီနက္ဇ္ရဲ႕ကစားပံုကိုလည္း ကၽြန္ေတာ္အသိအမွတ္ျပဳခ်င္ပါေသးတယ္။ ကစားသမားတုိင္းဟာ ခ်ီးက်ဴးဂုဏ္ျပဳမႈနဲ႔ ထုိက္တန္ပါတယ္”လုိ႔ ကြန္တီကေျပာၾကားခဲ့ပါတယ္။ ကြန္တီဟာ အဲဒီပြဲစဥ္မွာ ဂ်ဴဗင္တပ္နဲ႔အတူ သူေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ 3-5-2 ကစားကြက္ကုိလည္း ျပန္လည္က်င့္သံုးသြားခဲ့ၿပီး ဂိုးျပတ္ႏုိင္ပြဲလည္းရရွိခဲ့တာေၾကာင့္ စီးရီးေအခ်န္ပီယံစာရင္းမွာ ဂ်ဴဗင္တပ္ကိုစိန္ေခၚႏုိင္မယ့္အသင္းအျဖစ္ အီတလီမီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

(Unicode)

ကြင်နာနူးညံ့တဲ့ ဘီလူးတစ်ကောင်လို့ လူကာကူကိုတင်စားလိုက်တဲ့ ကွန်တီ

အင်တာမီလန်က လက်ချီကို 4-0 နဲ့အနိုင်ရခဲ့တဲ့ တနင်္လာညစီးရီးအေပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးလူကာကူကို နည်းပြကွန်တီက ချီးကျူးစကားဆိုလိုက်ပြီး ကြင်နာနူးညံ့တဲ့ ဘီလူးကြီးတစ်ကောင်လို့လည်း တင်စားလိုက်ပါတယ်။

ဆန်စီရိုမှာကစားခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်မှာ အင်တာမီလန်ဟာ တန်းတက်လက်ချီကို ပွဲချိန် 21 မိနစ်သွင်းယူခဲ့တဲ့ ဘရိုဇိုဗစ်ရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဆန်ဆီ၊ လူကာကူ၊ ကန်ဒရီဗာတို့က 1 ဂိုးစီထပ်မံသွင်းယူကာ 4 ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ဒီရလဒ်ကြောင့် ကွန်တီဟာ အင်တာမီလန်သမိုင်းတစ်လျှောက် ပထမဆုံးစီးရီးအေပွဲမှာ 4 ဂိုးပြတ်အနိုင်ရရှိတဲ့ တတိယမြောက်နည်းပြအဖြစ်လည်း စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း မန်ယူကနေ အင်တာမီလန်ကိုပြောင်းရွှေ့ခွင့်ရဖို့အတွက် အပြင်းအထန်ကြိုးပမ်းခဲ့ရတဲ့ လူကာကူဟာ အင်တာတိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်နဲ့တွဲကာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူ့အတွက် ပထမဆုံးဂိုးကိုလည်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကွန်တီက အဲဒီပွဲအပြီးမှာ လူကာကူကိုချီးကျူးခဲ့တာဖြစ်ပြီး အင်တာမီလန်ကမ္ဘာထဲကို အကောင်းဆုံးနည်းလမ်းနဲ့ ဝင်ရောက်လာသူလို့လည်း ဆိုခဲ့ပါတယ်။

”လူကာကူဟာ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး အင်တာမီလန်ကမ္ဘာထဲကို အကောင်းဆုံးနည်းလမ်းနဲ့ဝင်ရောက်လာခဲ့သူပါ။ မျက်နှာမှာ အမြဲတမ်းအပြုံးပန်းဆင်ထားတဲ့ ကြင်နာနူးညံ့တဲ့ ဘီလူးကြီးတစ်ကောင်လိုပါပဲ။ အသင်းအတွက်လည်း ကြိုးပမ်းပေးဖို့ အဆင်သင့်ရှိနေတဲ့သူပါ။ လော်တာရိုမာတီနက်ဇ်ရဲ့ကစားပုံကိုလည်း ကျွန်တော်အသိအမှတ်ပြုချင်ပါသေးတယ်။ ကစားသမားတိုင်းဟာ ချီးကျူးဂုဏ်ပြုမှုနဲ့ ထိုက်တန်ပါတယ်”လို့ ကွန်တီကပြောကြားခဲ့ပါတယ်။ ကွန်တီဟာ အဲဒီပွဲစဉ်မှာ ဂျူဗင်တပ်နဲ့အတူ သူအောင်မြင်ကျော်ကြားခဲ့တဲ့ 3-5-2 ကစားကွက်ကိုလည်း ပြန်လည်ကျင့်သုံးသွားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲလည်းရရှိခဲ့တာကြောင့် စီးရီးအေချန်ပီယံစာရင်းမှာ ဂျူဗင်တပ်ကိုစိန်ခေါ်နိုင်မယ့်အသင်းအဖြစ် အီတလီမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။