၇ႏွစ္ေလာက္ အားလပ္ရက္မရသလုိခံစားေနရေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ အသင့္ရွိေနၿပီလုိ႔ မာေနး သတိေပး

Photo Credit

Photo Credit ; PA

လီဗာပူးအသင္းေတာင္ပံကစားသမားဆာဒီယိုမာေနးက စိတ္ပိုင္းဆိုင္ရာပင္ပန္းႏြမ္းနယ္မႈေတြ ရွိေနေပမယ့္ ယေန႔ညယွဥ္ၿပိဳင္ကစားမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ ဥေရာပစူပါဖလားၿပိဳင္ပြဲအတြက္ အဆင္သင့္ရွိေနၿပီလို႔ ေျပာဆိုလိုက္ပါတယ္။

Photo Credit ; Getty Images

“ကၽြန္ေတာ္ ကစားဖို႔အတြက္ အဆင့္သင့္ပါပဲ၊ ေသခ်ာပါတယ္၊ ပင္ပန္းေနတာတစ္ခုပဲရွိပါတယ္။ ကၽြန္ေတာ္ အားလပ္ရက္မရတာ ၇ႏွစ္ေလာက္ရွိၿပီလုိ႔ ခံစားေနရပါတယ္။ ဒီေတာ့ ကၽြန္ေတာ္ ဒါကိုအသားက်ေနပါျပီ” လို႔ မာေနးကေျပာပါတယ္။
ဆီနီေဂါ ၾကယ္ပြင့္ကစားသမားဟာ ဒီေႏြရာသီမွာအာဖရိကဖလား ၿပိဳင္ပြဲကေန ျပန္လည္ ေရာက္ရွိလာျပီးေနာက္ ၂ ပတ္ခန္႔ အနားယူေနခဲ့တာပါ။

Photo Credit ; Getty Images / AFP

ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ အသင္းေဖာ္ဆာလာ၊ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္တုိ႔နဲ႔အတူ ပူးတြဲဂုိးသြင္းဘုရင္ျဖစ္ခဲ့တဲ့ မာေနးဟာ အသင္းရဲ႕ရာသီႀကိဳပြဲစဥ္အားလံုးကိုလြဲေခ်ာ္ခဲ့ၿပီး ဒီလအေစာပိုင္းကမန္စီးတီးအသင္းနဲ႔ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲမွာလည္းမပါဝင္ခ့ဲပါဘူး။

Photo Credit ; PTI/REX

ပရီမီးယားလိဂ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ ေနာဝစ္ခ်္အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာလည္း မာေနးကအရန္ကစားသမားအျဖစ္သာ ဒုတိယပိုင္းေရာက္မွ လူစား၀င္ကစားခဲ့တာပါ။

Photo Credit ; Getty Images

ယခင္ကကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးေနာက္ခံလူအျဖစ္ စံခ်ိန္ခ်ိဳးထားခဲ့တဲ့ လီဗာပူးအသင္းေနာက္ခံလူဗန္ဒိုက္က ယူႏိုက္တက္ကိုကမၻာ႔စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၈၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီးကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးေနာက္ခံလူ ျဖစ္လာခဲ့တဲ့ မက္ဂိြဳင္းယားအေၾကာင္းနဲ႔ ပတ္သက္ၿပီးေဆြးေႏြးေျပာဆိုသြားခဲ့ပါေသးတယ္။

Photo Credit ; AP

မက္ဂြိဳင္းယားနဲ႔ ပတ္သက္ျပီး ဗန္ဒိုက္က “ေျပာင္းေရႊ႕ေၾကးက ကၽြန္ေတာ့္အတြက္ ႀကီးမားတဲ့ ျပႆနာတစ္ခုမဟုတ္ခ့ဲပါဘူး၊ ခင္ဗ်ားလည္းအဲဒီ(ေျပာင္းေရႊ႕ေၾကး)ရဲ႕လႊမ္းမိုးမႈကို လက္မခံပါနဲ႔၊ ခင္ဗ်ားလုပ္ေဆာင္ရမယ့္ တစ္ခုတည္းေသာအရာက ၿပိဳင္ပြဲကိုေသခ်ာအာ႐ံုစိုက္ၿပီး အေကာင္းဆံုးကစားဖို႔ပါပဲ၊ ကၽြန္ေတာ္ အဲလိုလုပ္ခဲ့တယ္”

Photo Credit ; Reuters

”ၿပီးေတာ့ ခုလိုေကာင္းမြန္တဲ့ ကစားသမားေကာင္း ျဖစ္လာေတာ့တာပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ယေန႔ည လီဗာပူးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာယူႏိုက္တက္အသင္းကို ၄ – ၀ နဲ႔ ဂိုးျပတ္႐ံႈးနိမ့္ထားခဲ့ပါတယ္။

Photo Credit ; Getty Images / AFP

Unicode

၇နှစ်လောက် အားလပ်ရက်မရသလိုခံစားနေရပေမယ့် ချဲလ်ဆီးနဲ့ပွဲအတွက် အသင့်ရှိနေပြီလို့ မာနေး သတိပေး

လီဗာပူးအသင်းတောင်ပံကစားသမားဆာဒီယိုမာနေးက စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုတွေ ရှိနေပေမယ့် ယနေ့ညယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ဥရောပစူပါဖလားပြိုင်ပွဲအတွက် အဆင်သင့်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။
“ကျွန်တော် ကစားဖို့အတွက် အဆင့်သင့်ပါပဲ၊ သေချာပါတယ်၊ ပင်ပန်းနေတာတစ်ခုပဲရှိပါတယ်။ ကျွန်တော် အားလပ်ရက်မရတာ ၇နှစ်လောက်ရှိပြီလို့ ခံစားနေရပါတယ်။ ဒီတော့ ကျွန်တော် ဒါကိုအသားကျနေပါပြီ” လို့ မာနေးကပြောပါတယ်။
ဆီနီဂေါ ကြယ်ပွင့်ကစားသမားဟာ ဒီနွေရာသီမှာအာဖရိကဖလား ပြိုင်ပွဲကနေ ပြန်လည် ရောက်ရှိလာပြီးနောက် ၂ ပတ်ခန့် အနားယူနေခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အသင်းဖော်ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်တို့နဲ့အတူ ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ မာနေးဟာ အသင်းရဲ့ရာသီကြိုပွဲစဉ်အားလုံးကိုလွဲချော်ခဲ့ပြီး ဒီလအစောပိုင်းကမန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်းမပါဝင်ခဲ့ပါဘူး။
ပရီမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ နောဝစ်ချ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း မာနေးကအရန်ကစားသမားအဖြစ်သာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့တာပါ။
ယခင်ကကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူအဖြစ် စံချိန်ချိုးထားခဲ့တဲ့ လီဗာပူးအသင်းနောက်ခံလူဗန်ဒိုက်က ယူနိုက်တက်ကိုကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူ ဖြစ်လာခဲ့တဲ့ မက်ဂွိုင်းယားအကြောင်းနဲ့ ပတ်သက်ပြီးဆွေးနွေးပြောဆိုသွားခဲ့ပါသေးတယ်။
မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး ဗန်ဒိုက်က “ပြောင်းရွှေ့ကြေးက ကျွန်တော့်အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုမဟုတ်ခဲ့ပါဘူး၊ ခင်ဗျားလည်းအဲဒီ(ပြောင်းရွှေ့ကြေး)ရဲ့လွှမ်းမိုးမှုကို လက်မခံပါနဲ့၊ ခင်ဗျားလုပ်ဆောင်ရမယ့် တစ်ခုတည်းသောအရာက ပြိုင်ပွဲကိုသေချာအာရုံစိုက်ပြီး အကောင်းဆုံးကစားဖို့ပါပဲ၊ ကျွန်တော် အဲလိုလုပ်ခဲ့တယ်”
”ပြီးတော့ ခုလိုကောင်းမွန်တဲ့ ကစားသမားကောင်း ဖြစ်လာတော့တာပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။ ယနေ့ည လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာယူနိုက်တက်အသင်းကို ၄ – ၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ထားခဲ့ပါတယ်။