၄ ပြဲတည္းနဲ႔ မန္ယူက ဆန္းခ်က္ဇ္ရဲ႕ပရီးမီးယားလိဂ္ဂိုးအေရအတြက္ကုိ လိုက္မီသြားတဲ့ဒန္နီရယ္ဂ်ိမ္းစ္

photo-gettyimages

photo-gettyimages

မန္ယူအသင္းရဲ႕ကစားသမားသစ္ေလးဒန္နီရယ္ဂ်ိမ္းစ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္က သူ႔ရဲ႕သြင္းဂိုးေၾကာင့္ အင္တာကို အငွားေျပာင္းသြားတဲဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ရဲ႕မန္ယူကစားသမားဘ၀ ပရီးမီးယားလိဂ္သြငး္ဂိုးအေရအတြက္ကို လိုက္မီသြားပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ဒန္နီရယ္ဂ်ိမ္းစ္ဟာ လူသိနည္းလွသူျဖစ္ေပမယ့္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၈ သန္းနဲ႔ ဆြမ္ဆီးကေန ေရာက္လာခဲ့တာပါ။ အဲဒီေ၀းလ္ေတာင္ပံကစားသမားေလးဟာ မန္ယူနဲ႔ခ်က္ခ်င္းအထိုင္က်ခဲ့ၿပီး မန္ယူကစားသမားဘ၀ ဦးဆုံး ၄ ပြဲမွာတင္ ၃ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

photo-gettyimages

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ခ်ဲလ္ဆိီးနဲ႔ပရီးမီးယားလိဂ္အဖြင့္ပြဲတုနး္က တစ္ဂိုး၊ ပဲေလ့စ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ တစ္ဂိုးနဲ႔ အခုေဆာက္သမ္တန္နဲ႔ပြဲမွာ တစ္ဂိုးသြင္းႏိုင္ခဲ့တာပါ။ အိုးလ္ထရက္ဖုိ႔ဒ္မွာ မေပ်ာ္ရႊင္ရတဲ့ ၁၈ လၾကာကုန္ဆုံးခဲ့ရတဲ့ ဆန္းခ်က္ဇ္ကေတာ့ မန္ယူအတြက္ ပရီးမီးယားလိဂ္ ၃၂ ပြဲမွာ ၃ ဂိုးသာသြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဆန္းခ်က္ဇ္ထက္ ၂၈ ပြဲပိုနည္းၿပီးေတာ့ မန္ယူအတြက္ ပရီးမီးယားလိဂ္ ၃ ဂိုးသြင္းေပးႏုိင္ခဲ့တာပါ။

photo-gettyimages

ဒန္နီရယ္ဂ်ိမး္စ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လူစား၀င္သာကစားခဲ့ရေပမယ့္ မန္ယူရဲ႕ေနာက္ဆုံး ၃ ပြဲစလုံးမွာေတာ့ ပြဲထြက္အျဖစ္ ပါ၀င္ႏိုင္ခဲ့ပါတယ္။ သူဟာ မန္ယူမွာ ဆန္းခ်က္ဇ္နဲ႔ယွဥ္ရင္ လစာပိုင္းအမ်ားႀကီးနညး္ပါးေပမယ့္ အခ်ိန္တိုေလးအတြင္းမွာပဲ အသင္းကို အက်ိဳးျပဳေပးႏိုင္ေနပါတယ္။ မန္ယူအတြက္ သူသြင္းခဲ့တဲ့ဂိုးေတြကလည္း လွပခဲ့ပါတယ္။၏

[Unicode]

မန်ယူအသင်းရဲ့ကစားသမားသစ်လေးဒန်နီရယ်ဂျိမ်းစ်ဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်က သူ့ရဲ့သွင်းဂိုးကြောင့် အင်တာကို အငှားပြောင်းသွားတဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့မန်ယူကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီသွားပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ဒန်နီရယ်ဂျိမ်းစ်ဟာ လူသိနည်းလှသူဖြစ်ပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ဆွမ်ဆီးကနေ ရောက်လာခဲ့တာပါ။ အဲဒီဝေးလ်တောင်ပံကစားသမားလေးဟာ မန်ယူနဲ့ချက်ချင်းအထိုင်ကျခဲ့ပြီး မန်ယူကစားသမားဘ၀ ဦးဆုံး ၄ ပွဲမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းက တစ်ဂိုး၊ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးနဲ့ အခုဆောက်သမ်တန်နဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ မပျော်ရွှင်ရတဲ့ ၁၈ လကြာကုန်ဆုံးခဲ့ရတဲ့ ဆန်းချက်ဇ်ကတော့ မန်ယူအတွက် ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၃ ဂိုးသာသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒန်နီရယ်ဂျိမ်းစ်ဟာ ဆန်းချက်ဇ်ထက် ၂၈ ပွဲပိုနည်းပြီးတော့ မန်ယူအတွက် ပရီးမီးယားလိဂ် ၃ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။

ဒန်နီရယ်ဂျိမ်းစ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ လူစားဝင်သာကစားခဲ့ရပေမယ့် မန်ယူရဲ့နောက်ဆုံး ၃ ပွဲစလုံးမှာတော့ ပွဲထွက်အဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။ သူဟာ မန်ယူမှာ ဆန်းချက်ဇ်နဲ့ယှဉ်ရင် လစာပိုင်းအများကြီးနည်းပါးပေမယ့် အချိန်တိုလေးအတွင်းမှာပဲ အသင်းကို အကျိုးပြုပေးနိုင်နေပါတယ်။ မန်ယူအတွက် သူသွင်းခဲ့တဲ့ဂိုးတွေကလည်း လှပခဲ့ပါတယ်။