၂၀၁၉-၂၀၂၀ ရာသီအတြက္ ဘာဘာေတာ့ဗ္ ေရြးခ်ယ္လိုက္တဲ့ ပရီးမီးယားလိဂ္ ထိပ္သီး ၄ သင္း

Photo Credit

Photo Credit ; Getty Images

လာမယ့္အပတ္ထဲမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ျပန္လည္စတင္ကစားေတာ့မွာပါ။ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္သီး ၄ သင္းဝင္ေရာက္ႏိုင္ဖို႔ အဂၤလန္ကလပ္အသင္းေတြရဲ႕ ျပင္းျပင္းထန္ထန္ အားထုတ္ႀကိဳးပမ္းမႈေတြကို ျပန္လည္ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ ရာသီသစ္စတင္ဖို႔ သိပ္မလိုေတာ့ခ်ိန္မွာပဲ ကလပ္အသင္းေတြက ထိပ္သီး ၄ သင္းထဲ ဝင္ေရာက္ဖို႔ တိုက္ပြဲႀကီးတစ္ခု ဆင္ႏႊဲၾကေတာ့မွာပါ။

Photo Credit

မန္စီးတီးနဲ႔ လီဗာပူးအသင္းတို႔က ယမန္ႏွစ္ရာသီကတည္းက အမွတ္ေပးဖလားကိုဆြတ္ခူးဖို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။ လီဗာပူးအသင္းက ရာသီပိတ္သိမ္းခ်ိန္မွာ ၁ မွတ္အကြာနဲ႔သာ ခ်န္ပီယံဆုကို မန္စီးတီးအသင္းထံ ေပးအပ္လိုက္ရတာပါ။ ဒါေၾကာင့္ အဆိုပါ အသင္း ၂ သင္းကေတာ့ လာမယ့္ရာသီ ထိပ္သီး ၄ သင္းစာရင္းထဲ ဝင္ေရာက္ႏိုင္ဖို႔ အခက္အခဲမရွိေလာက္ပါဘူး၊ ခ်ဲလ္ဆီး၊ စပါး၊ အာဆင္နယ္န႔ဲ ယူႏိုက္တက္တို႔ကေတာ့ အဆင့္ ၃၊ ၄၊ ၅၊ ၆ အျဖစ္ အမွတ္ေပးဇယားမွာအသီးသီးရပ္တည္ခဲ့ၾကပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ ရာသီကေတာ့ ခ်ဲလ္ဆီးနဲ႔ စပါးအသင္းတို႔ကထိပ္သီး ၄ သင္းဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ ယမန္ႏွစ္ကရာသီပိတ္သိမ္းခါနီးမွ အာဆင္နယ္အသင္းကအဆင့္ ၅ ေနရာကိုဆင္းေပးခဲ့ရတာပါ ဒါေပမယ့္ ဂန္းနားေတြကလာမယ့္ရာသီသစ္အတြက္ စိတ္ဝင္စားဖြယ္ စာခ်ဳပ္ခ်ဳပ္ဆိုမႈေတြ ျပဳလုပ္ျပီး ျပင္ဆင္ေနတာေၾကာင့္ မဆိုးဘူးလို႔ ေျပာရမွာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

မန္ခ်က္စတာအသင္းကလည္း အေျပာင္းအေရႊ႔ကာလမွာ ခပ္သြက္သြက္ လႈပ္ရွားေနျပီး ေနာက္ခံလူအတြက္ ကမၻာ႔စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးေပးကာ လက္စတာအသင္းရဲ႕ဟယ္ရီမက္ဂြိဳင္းယားကိုေခၚယူဖို႔ အနီးစပ္ဆံုးအေနအထားေရာက္ေနပါၿပီ။ ဒီလိုျပင္ဆင္မႈေတြေၾကာင့္ ယူႏိုက္တက္ကလည္း ထိပ္သီး ၄ သင္းထဲဝင္ေရာက္ဖို႔ အလားအလာရွိတဲ့ ကလပ္အသင္းျဖစ္လာပါတယ္။

Photo Credit ; Getty Images

စပါးအသင္းတိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ယခင္ရာသီအမွတ္ေပးဇယားအတိုင္း မေျပာင္းလဲဘဲခန္႔မွန္းခဲ့တာ ျဖစ္ပါတယ္။ ဂန္းနားေတြနဲ႔ ယူႏိုက္တက္ဟာ ဒီရာသီမွာလည္း ထိပ္သီး ၄ သင္းစာရင္းကေန လြဲေခ်ာ္ဦးမယ္လို႔ ဘာဘာေတာ့ဗ္ကယူဆေနပါတယ္။

Photo Credit

“အားမနာတမ္းေျပာရမယ္ဆိုရင္ေတာ့ မန္စီးတီးဟာ ခ်န္ပီယံဆုကို ထပ္မံကိုင္ေျမွာက္ႏိုင္ၿပီး လီဗာပူးကေတာ့ ဒုတိယနဲ႔ ေက်နပ္ရမယ္လို႔ ကၽြန္ေတ္ာထင္ပါတယ္။ သူတို႔က အမွတ္ေပးဇယားမွာ ပထမနဲ႔ ဒုတိယပါ”လို႔ ဘာဘာေတာ့ဗ္က မယ္ရာသတင္းဌာနကို ေျပာပါတယ္။

Photo Credit ; Getty Images

“တတိယနဲ႔ စတုတၳေနရာမွာေတာ့ စပါးအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းကိုပဲ ေရြးခ်ယ္မိပါတယ္။ ခ်ဲလ္ဆီးကို ဘာေၾကာင့္ ထိပ္သီး ၄ သင္းထဲဝင္ေရာက္ႏိုင္မယ္လို႔ ထင္ျမင္ရလဲဆိုရင္ေတာ့ သူတို႔အသင္းသားေတြက နည္းျပလမ္းပတ္ရဲ႕ဦးေဆာင္ လမ္းျပမႈနဲ႔ ယွဥ္ၿပိဳင္ ကစားၾကမွာပါ၊ သူ႕ရဲ႕နည္းစနစ္ေတြကို ကၽြန္ေတ္ာအရမ္းႏွစ္သက္ပါတယ္။ ဒါေၾကာင့္ ထံုးစံအတိုင္း အာဆင္နယ္နဲ႔ယူႏို္ကတက္တို႔က ထိပ္သီး ၄ သင္းေနရာနဲ႔ေဝးကြာရဦးမွာပါလို႔ထင္မိတာပါ”လို႔ ဘာဘာေတာ့ဗ္က သူ႔အျမင္ကိုေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

၂၀၁၉-၂၀၂၀ ရာသီအတွက် ဘာဘာတော့ဗ် ရွေးချယ်လိုက်တဲ့ ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်း

လာမယ့်အပတ်ထဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ကစားတော့မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်သီး ၄ သင်းဝင်ရောက်နိုင်ဖို့ အင်္ဂလန်ကလပ်အသင်းတွေရဲ့ ပြင်းပြင်းထန်ထန် အားထုတ်ကြိုးပမ်းမှုတွေကို ပြန်လည် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ရာသီသစ်စတင်ဖို့ သိပ်မလိုတော့ချိန်မှာပဲ ကလပ်အသင်းတွေက ထိပ်သီး ၄ သင်းထဲ ဝင်ရောက်ဖို့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲကြတော့မှာပါ။
မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က ယမန်နှစ်ရာသီကတည်းက အမှတ်ပေးဖလားကိုဆွတ်ခူးဖို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ လီဗာပူးအသင်းက ရာသီပိတ်သိမ်းချိန်မှာ ၁ မှတ်အကွာနဲ့သာ ချန်ပီယံဆုကို မန်စီးတီးအသင်းထံ ပေးအပ်လိုက်ရတာပါ။ ဒါကြောင့် အဆိုပါ အသင်း ၂ သင်းကတော့ လာမယ့်ရာသီ ထိပ်သီး ၄ သင်းစာရင်းထဲ ဝင်ရောက်နိုင်ဖို့ အခက်အခဲမရှိလောက်ပါဘူး၊ ချဲလ်ဆီး၊ စပါး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကတော့ အဆင့် ၃၊ ၄၊ ၅၊ ၆ အဖြစ် အမှတ်ပေးဇယားမှာအသီးသီးရပ်တည်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရာသီကတော့ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ကထိပ်သီး ၄ သင်းဝင်ရောက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကရာသီပိတ်သိမ်းခါနီးမှ အာဆင်နယ်အသင်းကအဆင့် ၅ နေရာကိုဆင်းပေးခဲ့ရတာပါ ဒါပေမယ့် ဂန်းနားတွေကလာမယ့်ရာသီသစ်အတွက် စိတ်ဝင်စားဖွယ် စာချုပ်ချုပ်ဆိုမှုတွေ ပြုလုပ်ပြီး ပြင်ဆင်နေတာကြောင့် မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
မန်ချက်စတာအသင်းကလည်း အပြောင်းအရွှေ့ကာလမှာ ခပ်သွက်သွက် လှုပ်ရှားနေပြီး နောက်ခံလူအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးကာ လက်စတာအသင်းရဲ့ဟယ်ရီမက်ဂွိုင်းယားကိုခေါ်ယူဖို့ အနီးစပ်ဆုံးအနေအထားရောက်နေပါပြီ။ ဒီလိုပြင်ဆင်မှုတွေကြောင့် ယူနိုက်တက်ကလည်း ထိပ်သီး ၄ သင်းထဲဝင်ရောက်ဖို့ အလားအလာရှိတဲ့ ကလပ်အသင်းဖြစ်လာပါတယ်။
စပါးအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ယခင်ရာသီအမှတ်ပေးဇယားအတိုင် းမပြောင်းလဲဘဲခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေနဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာလည်း ထိပ်သီး ၄ သင်းစာရင်းကနေ လွဲချော်ဦးမယ်လို့ ဘာဘာတော့ဗ်ကယူဆနေပါတယ်။
“အားမနာတမ်းပြောရမယ်ဆိုရင်တော့ မန်စီးတီးဟာ ချန်ပီယံဆုကို ထပ်မံကိုင်မြှောက်နိုင်ပြီး လီဗာပူးကတော့ ဒုတိယနဲ့ ကျေနပ်ရမယ်လို့ ကျွန်တေ်ာထင်ပါတယ်။ သူတို့က အမှတ်ပေးဇယားမှာ ပထမနဲ့ ဒုတိယပါ”လို့ ဘာဘာတော့ဗ်က မယ်ရာသတင်းဌာနကို ပြောပါတယ်။
“တတိယနဲ့ စတုတ္ထနေရာမှာတော့ စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းကိုပဲ ရွေးချယ်မိပါတယ်။ ချဲလ်ဆီးကို ဘာကြောင့် ထိပ်သီး ၄ သင်းထဲဝင်ရောက်နိုင်မယ်လို့ ထင်မြင်ရလဲဆိုရင်တော့ သူတို့အသင်းသားတွေက နည်းပြလမ်းပတ်ရဲ့ဦးဆောင် လမ်းပြမှုနဲ့ ယှဉ်ပြိုင် ကစားကြမှာပါ၊ သူ့ရဲ့နည်းစနစ်တွေကို ကျွန်တေ်ာအရမ်းနှစ်သက်ပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း အာဆင်နယ်နဲ့ယူနိုကတက်တို့က ထိပ်သီး ၄ သင်းနေရာနဲ့ဝေးကွာရဦးမှာပါလို့ထင်မိတာပါ”လို့ ဘာဘာတော့ဗ်က သူ့အမြင်ကိုပြောသွားခဲ့ပါတယ်။