၀ုဗ္နဲ႔ပြဲမွာ ပင္နယ္တီကန္ဖို႔မေတာင္းဆိုခဲ့တဲ့ရက္ရွ္ဖို႔ဒ္ကို ရြိဳင္ယန္ဂစ္ေ၀ဖန္

0
215

photo-express

photo-gettyimages

၀ုဗ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ယူရတဲ့ပင္နယ္တီကို ကန္သြင္းဖို႔ မေတာင္းဆုိခဲ့တာနဲ႔ပတ္သက္လို႔ တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ကို မန္ယူဂႏၳ၀င္တစ္ဦးျဖစ္တဲ့ရြိဳင္ယန္ဂစ္က ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။ ၀ုဗ္အိမ္ကြင္းကစားခဲ့တဲ့ အဲဒီပြဲမွာ မန္ယူဟာ တုိက္စစ္မႈးမာရွယ္ရဲ႕သြင္းယူမႈနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၅၅ မိနစ္မွာ ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။ ဒါေပမဲ့လည္း မန္ယူဟာ ပင္နယ္တီဧရိယာအတြင္း လူခ်ခံရတဲ့ေပါ့ဂ္ဘာေၾကာင့္ အဲဒီပြဲမွာ အႏိုင္ရဖုိ႔ အခြင့္အေရးရခဲ့ပါတယ္။

photo-gettyimages

ရလာတဲ့ပင္နယ္တီကို ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ပင္နယ္တီဂိုးသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ကန္သြင္းျခင္းမရွိဘဲ ေပါ့ဂ္ဘာက သူ႔ေၾကာင့္ရတဲ့ပင္နယ္တီကို သူပဲကန္သြင္းရာမွာ ၀ုဗ္ဂိုးသမားပတ္ထရီစီယုိရဲ႕ကာကြယ္ျခင္းခံလုိက္ရၿပီး မန္ယူဟာလည္း ၃ မွတ္ျပည့္ရႏိုင္မယ့္အခြင့္အေရးကုိ ဆုံးရႈံးခဲ့ရပါတယ္။ ေပ့ါဂ္ဘာအေနနဲ႔ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္စတင္ကတည္းက ကန္သြင္းခဲ့တဲ့ပင္နယ္တီ ၁၁ လုံးမွာ ၄ လုံးလြဲေခ်ာ္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ကေတာ့ ပင္နယ္တီလြဲေခ်ာ္တာ တစ္ႀကိမ္မွ မရွိေသးပါဘူး။

photo-optus sport

ဒါေၾကာင့္လည္း ဂစ္က”ရက္ရွ္ဖို႔ဒ္က ဗဟိုတိုက္စစ္မႈးေလ။ ပထမဆုံးပရီမီးယားလိဂ္ပြဲမွာလည္း ပင္နယ္တီကေန ဂိုးသြင္းခဲ့တယ္။ ေနာက္တစ္ပြဲမွာ ေနာက္ထပ္ပင္နယ္တီရရင္ ကန္သြင္းဖို႔ သူေတာင္းဆုိသင့္တာေပါ့။ ေပါ့ဂ္ဘာက ပင္နယ္တီမွတ္တမ္းေကာင္းရွိတဲ့သူမဟုတ္ပါဘူး။ သူကန္တဲ့ပင္နယ္တီတိုင္း သြင္းႏိုင္ခဲ့တာမွ မဟုတ္တာ။ အခုဟာက ပင္နယ္တီရေအာင္လုပ္ေပးတဲဲ့သူတုိင္း ပင္နယ္တီကန္လုိ႔ရတဲ့ပုံစံလုိျဖစ္ေနတယ္။ ဒါဆိုရင္ မက္ဂြိဳင္းယား ဒါမွမဟုတ္ လင္ဒီေလာ့ဖ္က ပင္နယ္တီရေအာင္လုပ္ေပးရင္ ဘယ္သူကန္မလဲ ကၽြန္ေတာ္သိခ်င္သြားတယ္။ ကၽြန္ေတာ္အံ့အားသင့္ခဲ့ရပါတယ္။ ေပါ့ဂ္ဘာကန္ဖုိ႔လုပ္တာကို ကၽြန္ေတာ္အ့ံအားမသင့္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူက အဲဒီလုိကစားသမားပဲေလ။ ေရွ႕ပြဲမွာ ပင္နယ္တီသြင္းထားၿပီး ေနာက္ပြဲက်ေတာ့ ရတဲ့ပင္နယ္တီကို မသြင္းတာပဲ ကၽြန္ေတာ္အံ့အားသင့္တာပါ။ သူလြဲသြားရင္ေတာင္ ျပသနာမရွိဘူး။ အခုေတာ့ ရက္ရွ္ဖို႔ဒ္မကန္တာက အားလုံးအတြက္ ေျပာစရာျဖစ္သြားတယ္။ ဘာေၾကာင့္ ေပါ့ဂ္ဘာကန္တာလဲေပ့ါ။ ရက္ရွ္ဖုိ႔ကန္သင့္ပါတယ္”လို႔ ေျပာၾကားသြားခဲ့တာပါ။

[Unicode]

ဝုဗ်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူရတဲ့ပင်နယ်တီကို ကန်သွင်းဖို့ မတောင်းဆိုခဲ့တာနဲ့ပတ်သက်လို့ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ကို မန်ယူဂန္ထဝင်တစ်ဦးဖြစ်တဲ့ရွိုင်ယန်ဂစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဝုဗ်အိမ်ကွင်းကစားခဲ့တဲ့ အဲဒီပွဲမှာ မန်ယူဟာ တိုက်စစ်မှုးမာရှယ်ရဲ့သွင်းယူမှုနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၅ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း မန်ယူဟာ ပင်နယ်တီဧရိယာအတွင်း လူချခံရတဲ့ပေါ့ဂ်ဘာကြောင့် အဲဒီပွဲမှာ အနိုင်ရဖို့ အခွင့်အရေးရခဲ့ပါတယ်။

ရလာတဲ့ပင်နယ်တီကို ချဲလ်ဆီးနဲ့ပွဲတုန်းက ပင်နယ်တီဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ကန်သွင်းခြင်းမရှိဘဲ ပေါ့ဂ်ဘာက သူ့ကြောင့်ရတဲ့ပင်နယ်တီကို သူပဲကန်သွင်းရာမှာ ဝုဗ်ဂိုးသမားပတ်ထရီစီယိုရဲ့ကာကွယ်ခြင်းခံလိုက်ရပြီး မန်ယူဟာလည်း ၃ မှတ်ပြည့်ရနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ ပေ့ါဂ်ဘာအနေနဲ့ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်စတင်ကတည်းက ကန်သွင်းခဲ့တဲ့ပင်နယ်တီ ၁၁ လုံးမှာ ၄ လုံးလွဲချော်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကတော့ ပင်နယ်တီလွဲချော်တာ တစ်ကြိမ်မှ မရှိသေးပါဘူး။

ဒါကြောင့်လည်း ဂစ်က”ရက်ရှ်ဖို့ဒ်က ဗဟိုတိုက်စစ်မှုးလေ။ ပထမဆုံးပရီမီးယားလိဂ်ပွဲမှာလည်း ပင်နယ်တီကနေ ဂိုးသွင်းခဲ့တယ်။ နောက်တစ်ပွဲမှာ နောက်ထပ်ပင်နယ်တီရရင် ကန်သွင်းဖို့ သူတောင်းဆိုသင့်တာပေါ့။ ပေါ့ဂ်ဘာက ပင်နယ်တီမှတ်တမ်းကောင်းရှိတဲ့သူမဟုတ်ပါဘူး။ သူကန်တဲ့ပင်နယ်တီတိုင်း သွင်းနိုင်ခဲ့တာမှ မဟုတ်တာ။ အခုဟာက ပင်နယ်တီရအောင်လုပ်ပေးတဲ့သူတိုင်း ပင်နယ်တီကန်လို့ရတဲ့ပုံစံလိုဖြစ်နေတယ်။ ဒါဆိုရင် မက်ဂွိုင်းယား ဒါမှမဟုတ် လင်ဒီလော့ဖ်က ပင်နယ်တီရအောင်လုပ်ပေးရင် ဘယ်သူကန်မလဲ ကျွန်တော်သိချင်သွားတယ်။ ကျွန်တော်အံ့အားသင့်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာကန်ဖို့လုပ်တာကို ကျွန်တော်အံ့အားမသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အဲဒီလိုကစားသမားပဲလေ။ ရှေ့ပွဲမှာ ပင်နယ်တီသွင်းထားပြီး နောက်ပွဲကျတော့ ရတဲ့ပင်နယ်တီကို မသွင်းတာပဲ ကျွန်တော်အံ့အားသင့်တာပါ။ သူလွဲသွားရင်တောင် ပြသနာမရှိဘူး။ အခုတော့ ရက်ရှ်ဖို့ဒ်မကန်တာက အားလုံးအတွက် ပြောစရာဖြစ်သွားတယ်။ ဘာကြောင့် ပေါ့ဂ်ဘာကန်တာလဲပေ့ါ။ ရက်ရှ်ဖို့ကန်သင့်ပါတယ်”လို့ ပြောကြားသွားခဲ့တာပါ။