ျမက္ခင္းစိမ္းေတြထက္ ေရာ္ဘင္ကို ျပန္ေတြ႕ရႏိုင္မလား…အနားယူေရးဆုံးျဖတ္ခ်က္ကို ျပန္ေျပာင္းႏိုင္ေၾကာင္း ေရာ္ဘင္၀န္ခံ

Photo Credit

Photo Credit

ဘိုင္ယန္ျမဴးနစ္ဂႏၳ၀င္ကစားသမား အာဂ်န္ေရာ္ဘင္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့တဲ့ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ဖြယ္ရွိတယ္လုိ႔ ၀န္ခံလုိက္ရာ ျမက္ခင္းစိမ္းေတြထက္ ေရာ္ဘင္ကို ျပန္လည္ျမင္ေတြ႕ရႏုိင္မလားဆုိတဲ့ခန္႔မွန္းခ်က္ေတြလည္း ပရိသတ္ေတြၾကား ေရပန္းစားလာပါတယ္။

Photo Credit

အသက္ ၃၅ႏွစ္အရြယ္ရွိ နယ္သာလန္ေတာင္ပံကစားသမားေဟာင္း ေရာ္ဘင္ဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္ဒက္စ္လီဂါနဲ႔ ဂ်ာမန္ပိုကယ္ဖလားေတြ ဆြတ္ခူးခဲ့ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့တာျဖစ္ပါတယ္။

Photo Credit ; PA

ကစားသမားဘ၀ကေန အနားယူခဲ့တဲ့ဆုံးျဖတ္ခ်က္ ျပန္လည္ျပင္ဆင္ႏိုင္မလားဆိုတဲ့ေမးခြန္းကို ေရာ္ဘင္က ”ဘယ္ေတာ့မွဆုိတဲ့စကားကို ကၽြန္ေတာ္တစ္ခါမွမေျပာဖူးပါဘူး။ တစ္လ၊ ႏွစ္လေလာက္ၾကာတဲ့အခါ ေဘာလုံးေလာကနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္အရမ္းလြမ္းလာရင္ ျပန္ကစားဖို႔ ဆုံးျဖတ္ခ်င္ ဆုံးျဖတ္ႏိုင္ပါတယ္”

Photo Credit ; PA

”ဒါေပမဲ့ ျပန္ကစားဖုိ႔ကေတာ့ ဘယ္လုိမွမလြယ္ပါဘူး။ ဒီေတာ့ ကၽြန္ေတာ္လည္း ကုိယ္ျပန္ကစားႏိုင္တဲ့အခ်က္ကို အရမ္းျမင့္ျမင့္မားမားမထားရွိထားပါဘူး”လုိ႔ ျပန္လည္ေျဖၾကားသြားပါတယ္။

Photo Credit

ေရာ္ဘင္ဟာ ဘိုင္ယန္အတြက္ ပြဲေပါင္း ၃၀၀ ေက်ာ္ပါ၀င္ကစားခဲ့ၿပီး ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ဖီအုိရင္တီးနားကို ၂ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိသြားတဲ့ ဖရန္႔ရစ္ဘာရီနဲ႔အတူ ေၾကာက္စရာေကာင္းတဲ့ေတာင္ပံတုိက္စစ္တစ္စုံကို ဖန္တီးႏိုင္ခဲ့ပါတယ္။ ေရာ္ဘင္ဟာ ဘြန္ဒက္စ္လီဂါခ်န္ပီယံဆု ၈ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္၊ ပုိကယ္ဖလား ၅ႀကိမ္နဲ႔ ဂ်ာမန္စူပါဖလား ၁ႀကိမ္ရရွိခဲ့ပါတယ္။

Photo Credit ; PA

ကစားသမားဘ၀ကို နယ္သာလန္ကလပ္ ဂ႐ိုနင္ဂ်န္အသင္းနဲ႔အတူ စတင္ခဲ့တဲ့ ရီးရဲလ္နဲ႔ ခ်ဲလ္ဆီးကစားသမားေဟာင္း ေရာ္ဘင္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့တဲ့ဆုံးျဖတ္ခ်က္က သူ႕ဘ၀တစ္ေလွ်ာက္ အခက္ခဲဆုံးဆုံးျဖတ္ခ်က္တစ္ရပ္ျဖစ္ခဲ့ေၾကာင္း ဆုိပါတယ္။

Photo Credit

ေရာ္ဘင္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကလည္း မိမိအေနနဲ႔ နည္းျပေလာကထဲ ၀င္ေရာက္ဖြယ္ရွိတယ္လုိ႔ ေျပာၾကားခဲ့ဖူးၿပီး မိမိရဲ႕ပထမဆုံးနည္းျပဘ၀အေတြ႕အႀကံဳက သားျဖစ္သူကို ဘယ္ေျခအသုံးျပဳပုံအသုံးျပဳနည္း သင္ၾကားေပးေရးျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

Photo Credit

Unicode

မြက်ခင်းစိမ်းတွေထက် ရော်ဘင်ကို ပြန်တွေ့ရနိုင်မလား…အနားယူရေးဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်ကြောင်း ရော်ဘင်ဝန်ခံ

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမား အာဂျန်ရော်ဘင်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖွယ်ရှိတယ်လို့ ဝန်ခံလိုက်ရာ မြက်ခင်းစိမ်းတွေထက် ရော်ဘင်ကို ပြန်လည်မြင်တွေ့ရနိုင်မလားဆိုတဲ့ခန့်မှန်းချက်တွေလည်း ပရိသတ်တွေကြား ရေပန်းစားလာပါတယ်။
အသက် ၃၅နှစ်အရွယ်ရှိ နယ်သာလန်တောင်ပံကစားသမားဟောင်း ရော်ဘင်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန်ပိုကယ်ဖလားတွေ ဆွတ်ခူးခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝကနေ အနားယူခဲ့တဲ့ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်နိုင်မလားဆိုတဲ့မေးခွန်းကို ရော်ဘင်က ”ဘယ်တော့မှဆိုတဲ့စကားကို ကျွန်တော်တစ်ခါမှမပြောဖူးပါဘူး။ တစ်လ၊ နှစ်လလောက်ကြာတဲ့အခါ ဘောလုံးလောကနဲ့ပတ်သက်လို့ ကျွန်တော်အရမ်းလွမ်းလာရင် ပြန်ကစားဖို့ ဆုံးဖြတ်ချင် ဆုံးဖြတ်နိုင်ပါတယ်”
”ဒါပေမဲ့ ပြန်ကစားဖို့ကတော့ ဘယ်လိုမှမလွယ်ပါဘူး။ ဒီတော့ ကျွန်တော်လည်း ကိုယ်ပြန်ကစားနိုင်တဲ့အချက်ကို အရမ်းမြင့်မြင့်မားမားမထားရှိထားပါဘူး”လို့ ပြန်လည်ဖြေကြားသွားပါတယ်။
ရော်ဘင်ဟာ ဘိုင်ယန်အတွက် ပွဲပေါင်း ၃၀၀ ကျော်ပါဝင်ကစားခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဖီအိုရင်တီးနားကို ၂နှစ်စာချုပ်နဲ့ ရောက်ရှိသွားတဲ့ ဖရန့်ရစ်ဘာရီနဲ့အတူ ကြောက်စရာကောင်းတဲ့တောင်ပံတိုက်စစ်တစ်စုံကို ဖန်တီးနိုင်ခဲ့ပါတယ်။ ရော်ဘင်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၈ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊ ပိုကယ်ဖလား ၅ကြိမ်နဲ့ ဂျာမန်စူပါဖလား ၁ကြိမ်ရရှိခဲ့ပါတယ်။
ကစားသမားဘဝကို နယ်သာလန်ကလပ် ဂရိုနင်ဂျန်အသင်းနဲ့အတူ စတင်ခဲ့တဲ့ ရီးရဲလ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ရော်ဘင်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ဆုံးဖြတ်ချက်က သူ့ဘဝတစ်လျှောက် အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။
ရော်ဘင်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း မိမိအနေနဲ့ နည်းပြလောကထဲ ဝင်ရောက်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ဖူးပြီး မိမိရဲ့ပထမဆုံးနည်းပြဘဝအတွေ့အကြုံက သားဖြစ်သူကို ဘယ်ခြေအသုံးပြုပုံအသုံးပြုနည်း သင်ကြားပေးရေးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။