ျပင္ပကမၻာမွာ ေပ်ာ္ေနၿပီလား ၀က္စ္ေလ…၂ပတ္အတြင္းမွာပဲ လုံး၀ေျပာင္းလဲသြားတဲ့ရွႏိုက္ဒါေၾကာင့္ ပရိသတ္ေတြ မယုံႏိုင္ျဖစ္ေန

Photo Credit

Photo Credit ; PA

ပေရာ္ဖက္ရွင္နယ္ကစားသမားေတြဟာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္တဲ့အထိ တင္းက်ပ္တဲ့အစားအေသာက္လူေနမႈပုံစံ၊ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြၾကားထဲ ေနထုိင္ခဲ့ရၿပီးေနာက္ ကစားသမားဘ၀ကေန အနားယူခ်ိန္မွာ တစ္ခါတေလ တင္းထားခ့ဲသမွ်ေျဖေလွ်ာ့ၿပီး အားပါးတရအနားယူတတ္ၾကပါတယ္။

 

Photo Credit

ဒီအတြက္ေၾကာင့္လည္း လြန္ခဲ့တဲ့ ၂ပတ္ကမွ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန တရား၀င္အနားယူသြားတဲ့ ၀က္စ္ေလရွႏိုက္ဒါကို လူျမင္ကြင္းေရွ႕ ျပန္ျမင္ရတဲ့အခါ ကိုယ္အေလးခ်ိန္သိသိသာသာျမင့္တက္ေနတာေတြ႕ရေတာ့ သိပ္ၿပီးအံ့အားသင့္စရာေတာ့မရွိပါဘူး။

Photo Credit

အသက္ ၃၅ႏွစ္အရြယ္ရွိ ရွႏိုက္ဒါဟာ ကာတာကလပ္ အယ္လ္ဂါရာဖာအသင္းမွာ ေနာက္ဆုံးအႀကိမ္ကစားခဲ့ေပမယ့္ တနဂၤေႏြေန႔က အုထရက္ခ်္ရဲ႕ျပည္တြင္းလိဂ္ပြဲတစ္ပြဲျဖစ္တဲ့ ဗန္လုိအသင္းနဲ႔ပြဲကို လာေရာက္ၾကည့္႐ႈတဲ့အခ်ိန္မွာ သူ႕ကို ျမင္ေတြ႕လုိက္ရတဲ့ပရိသတ္ေတြလည္း အံ့အားသင့္သြားၿပီး ကစားသမားဘ၀ကေန အနားယူၿပီးေနာက္ ၂ပတ္အတြင္း ကိုယ္ခႏၶာ ဒီေလာက္ေျပာင္းလဲသြားတာကို မယုံၾကည္ႏိုင္ျဖစ္သြားပါတယ္။

Photo Credit ; Getty Images

အင္တာမီလန္ကြင္းလယ္လူေဟာင္း ရွႏိုက္ဒါဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူသြားၿပီးေနာက္ အုထရက္ခ်္အသင္းနဲ႔ ပူးေပါင္းဖို႔ သေဘာတူညီခဲ့ၿပီး အဲဒီမွာ ယခုရာသီ အသင္းရဲ႕အိမ္ကြင္းပြဲေတြကို လာေရာက္ၾကည့္႐ႈေလ့လာရမွာျဖစ္ပါတယ္။ သူဟာ စေနေန႔ကလည္း ေျခစမ္းပြဲတစ္ပြဲကစားခဲ့ၿပီး အေပ်ာ္တမ္းကလပ္ DHSC အသင္းနဲ႔ပြဲမွာ နယ္သာလန္ကစားသမားေဟာင္းမ်ားအသင္းဘက္ကေန ပါ၀င္ကစားခဲ့တာျဖစ္ပါတယ္။

Photo Credit

ရွႏိုက္ဒါဟာ သူ႕ရဲ႕အေကာင္းဆုံးကာလမွာ ကမၻာ့အေကာင္းဆံုးကြင္းလယ္တုိက္စစ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီး ကစားသမားဘ၀ကို ေအဂ်က္စ္အသင္းနဲ႔အတူ စတင္ခဲ့ၿပီးေနာက္ ၂၀၀၇ ေႏြရာသီမွာ ရီးရဲလ္ကို ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။

Photo Credit

သူဟာ ဘာေနဗ်ဴးမွာကစားခဲ့တဲ့ ၂ရာသီၾကာကာလအတြင္း ရီးရဲလ္အတြက္ ၆၆ပြဲမွာ ၁၁ဂိုးသြင္း၊ ၁၁ႀကိမ္ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ၿပီး လာလီဂါဖလား ၁ႀကိမ္ရရွိခဲ့ကာ ယူႏုိက္တက္ကေန ေရာ္နယ္ဒို ေရာက္လာၿပီးေနာက္ သူလည္း အင္တာမီလန္အသင္းကို ေရာက္ရွိသြားပါတယ္။

Photo Credit

အီတလီေျမမွာ ရွႏိုက္ဒါဟာ သူ႕ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆုံးကာလကို ပုိင္ဆုိင္ႏိုင္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္က နည္းျပေမာ္ရင္ညိဳရဲ႕ဦးေဆာင္မႈနဲ႔အတူ တစ္ရာသီအတြင္း ဖလား ၃လုံးရရွိခဲ့ကာ ၂၀၁၀ ကမၻာ့ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္း ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ရာမွာလည္း အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။

Photo Credit

ရွႏိုက္ဒါဟာ အင္တာမီလန္မွာ ေနာက္ထပ္ ၃ႏွစ္ၾကာဆက္ကစားခဲ့ၿပီး အဲဒီေနာက္ ဂါလာတာစာေရး၊ ႏုိက္စ္နဲ႔ ေနာက္ဆုံးမွာေတာ့ အယ္လ္ဂါရာဖာအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကို အဆုံးသတ္ခဲ့ပါတယ္။

Photo Credit

Unicode

ပြင်ပကမ္ဘာမှာ ပျော်နေပြီလား ဝက်စ်လေ…၂ပတ်အတွင်းမှာပဲ လုံးဝပြောင်းလဲသွားတဲ့ရှနိုက်ဒါကြောင့် ပရိသတ်တွေ မယုံနိုင်ဖြစ်နေ

ပရော်ဖက်ရှင်နယ်ကစားသမားတွေဟာ နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ တင်းကျပ်တဲ့အစားအသောက်လူနေမှုပုံစံ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြားထဲ နေထိုင်ခဲ့ရပြီးနောက် ကစားသမားဘဝကနေ အနားယူချိန်မှာ တစ်ခါတလေ တင်းထားခဲ့သမျှဖြေလျှော့ပြီး အားပါးတရအနားယူတတ်ကြပါတယ်။ ဒီအတွက်ကြောင့်လည်း လွန်ခဲ့တဲ့ ၂ပတ်ကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ တရားဝင်အနားယူသွားတဲ့ ဝက်စ်လေရှနိုက်ဒါကို လူမြင်ကွင်းရှေ့ ပြန်မြင်ရတဲ့အခါ ကိုယ်အလေးချိန်သိသိသာသာမြင့်တက်နေတာတွေ့ရတော့ သိပ်ပြီးအံ့အားသင့်စရာတော့မရှိပါဘူး။
အသက် ၃၅နှစ်အရွယ်ရှိ ရှနိုက်ဒါဟာ ကာတာကလပ် အယ်လ်ဂါရာဖာအသင်းမှာ နောက်ဆုံးအကြိမ်ကစားခဲ့ပေမယ့် တနင်္ဂနွေနေ့က အုထရက်ချ်ရဲ့ပြည်တွင်းလိဂ်ပွဲတစ်ပွဲဖြစ်တဲ့ ဗန်လိုအသင်းနဲ့ပွဲကို လာရောက်ကြည့်ရှုတဲ့အချိန်မှာ သူ့ကို မြင်တွေ့လိုက်ရတဲ့ပရိသတ်တွေလည်း အံ့အားသင့်သွားပြီး ကစားသမားဘဝကနေ အနားယူပြီးနောက် ၂ပတ်အတွင်း ကိုယ်ခန္ဓာ ဒီလောက်ပြောင်းလဲသွားတာကို မယုံကြည်နိုင်ဖြစ်သွားပါတယ်။
အင်တာမီလန်ကွင်းလယ်လူဟောင်း ရှနိုက်ဒါဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားပြီးနောက် အုထရက်ချ်အသင်းနဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ပြီး အဲဒီမှာ ယခုရာသီ အသင်းရဲ့အိမ်ကွင်းပွဲတွေကို လာရောက်ကြည့်ရှုလေ့လာရမှာဖြစ်ပါတယ်။ သူဟာ စနေနေ့ကလည်း ခြေစမ်းပွဲတစ်ပွဲကစားခဲ့ပြီး အပျော်တမ်းကလပ် DHSC အသင်းနဲ့ပွဲမှာ နယ်သာလန်ကစားသမားဟောင်းများအသင်းဘက်ကနေ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
ရှနိုက်ဒါဟာ သူ့ရဲ့အကောင်းဆုံးကာလမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ကစားသမားဘဝကို အေဂျက်စ်အသင်းနဲ့အတူ စတင်ခဲ့ပြီးနောက် ၂၀၀၇ နွေရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။
သူဟာ ဘာနေဗျူးမှာကစားခဲ့တဲ့ ၂ရာသီကြာကာလအတွင်း ရီးရဲလ်အတွက် ၆၆ပွဲမှာ ၁၁ဂိုးသွင်း၊ ၁၁ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး လာလီဂါဖလား ၁ကြိမ်ရရှိခဲ့ကာ ယူနိုက်တက်ကနေ ရော်နယ်ဒို ရောက်လာပြီးနောက် သူလည်း အင်တာမီလန်အသင်းကို ရောက်ရှိသွားပါတယ်။
အီတလီမြေမှာ ရှနိုက်ဒါဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးကာလကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က နည်းပြမော်ရင်ညိုရဲ့ဦးဆောင်မှုနဲ့အတူ တစ်ရာသီအတွင်း ဖလား ၃လုံးရရှိခဲ့ကာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ရာမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။
ရှနိုက်ဒါဟာ အင်တာမီလန်မှာ နောက်ထပ် ၃နှစ်ကြာဆက်ကစားခဲ့ပြီး အဲဒီနောက် ဂါလာတာစာရေး၊ နိုက်စ်နဲ့ နောက်ဆုံးမှာတော့ အယ်လ်ဂါရာဖာအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။