ေ၀ဖန္မႈေတြ မွားယြင္းေၾကာင္း ဆန္းခ်က္ဇ္ သက္ေသျပႏိုင္ဖို႔ ဆိုးလ္ရွား ေမွ်ာ္လင့္

Photo Credit ; AFP / Getty Images

Photo Credit

ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ တိုက္စစ္မွဴး အလက္ဆစ္ဆန္းခ်က္ကို အသင္းမွာဆက္ရွိေစလိုၿပီး သူ႕ကိုေဝဖန္ေနတာေတြက မွားယြင္းေၾကာင္းသက္ေသျပေစလိုေနပါတယ္။

Photo Credit

ဥေရာပႏိုင္ငံအမ်ားစုရဲ႕အေျပာင္းအေ႐ႊ႕ေစ်းကြက္က စက္တင္ဘာ ၂ ရက္ေန႔ေရာက္မွ ပိတ္သိမ္းမွာ ျဖစ္ကာ လက္ရွိမွာဆန္းခ်က္ဇ္ကို စီးရီးေအကလပ္အသင္းေတြကေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဒါေပမဲ့ ဆန္းခ်က္ဇ္ရဲ႕ျမင့္မားတဲ့လုပ္ခလစာက အီတလီကလပ္ေတြကို အခက္အခဲတစ္ရပ္ ျဖစ္ေနေစပါတယ္။

Photo Credit ; PA

မန္ခ်က္စတာယူႏို္က္တက္အသင္းက အဆိုပါ ခ်ီလီတိုက္စစ္မွဴးအတြက္ တစ္ပတ္လုပ္ခေပါင္ ၅ သိန္း ၆ ေသာင္းခန္႔ ေပးေခ်ေနရတာ ျဖစ္ၿပီး ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ၄ ႏွစ္ခြဲ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

Photo Credit ; PA

ဆန္းခ်က္ဇ္ဟာအသင္းအတြက္ တစ္ႏွစ္ေက်ာ္အတြင္း မိနစ္ ၉၀ ျပည့္ ကစားခဲ့ရတဲ့ပြဲစဥ္ မရွိခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ ခ်ီလီသားကို အသင္းမွာဆက္ေနေစလိုၿပီး ယမန္ႏွစ္ကနဲ႔ မတူတာေတြ လုပ္ျပႏိုင္ေရးအတြက္ အခြင့္အေရးေပးဖို႔ ဆႏၵ႐ွိေနပါတယ္။

Photo Credit ; Getty Images

“ဆန္းခ်က္ဇ္က ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ေယာက္ပါ၊ သူကအလုပ္အရမ္း ႀကိဳးစားပါတယ္၊ သူကအသင္းလူစာရင္းမွာ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ၿပီး အရမ္းေကာင္းတဲ့ ကစားသမားတစ္ဦးပါ”လို႔ ဆိုးလ္ရွားကေျပာပါတယ္။

Photo Credit ; Getty Images

ဆိုးလ္ရွားက “ကၽြန္ေတာ္တို႔အသင္းရဲ႕တိုက္စစ္ပိုင္းမွာ ေ႐ြးခ်ယ္စရာတိုက္စစ္မွဴး မ်ားမ်ားစားစားမရွိပါဘူး၊ ခင္ဗ်ားတို႔ေမွ်ာ္လင့္ထားတာထက္ သူကပြဲထြက္ခြင့္ ပိုရႏိုင္ၿပီး သူအေကာင္းဆံုးကစားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဆက္ေျပာပါတယ္။

Photo Credit ; BPI/REX

Daily Mail သတင္းစာရဲ႕ထုတ္ျပန္မႈမွာေတာ့ ခ်ီလီသားဟာ အေျခခံတစ္ပတ္လုပ္ခေပါင္ ၃ သိန္းရရွိေနၿပီး ပံုရိပ္သံုးစြဲခြင့္ တစ္ႏွစ္စာေပါင္ ၅ သန္းအတြက္ တစ္ပတ္ ေပါင္ ၁ သိန္းအပိုရရွိေနပါတယ္။ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူဖာနန္ဒိုဖယ္လီစီဗစ္ခ်္ အတြက္လည္း ေပါင္ ၅ သန္းေပးေဆာင္ ေနရပါေသးတယ္။

Photo Credit

ဆန္းခ်က္ဇ္ရဲ႕လစာဟာ အပိုဆုေၾကး၊ အာမခံေၾကးေတြ အပါအဝင္ တစ္ပတ္လုပ္ခေငြစုစုေပါင္းေပါင္ ၅ သိန္း ၆ ေသာင္းခန္႔ ယူႏိုက္တက္ကေပးေခ်ေနရပါတယ္။

Photo Credit ; Getty Images

ဆန္းခ်က္ဇ္ရဲ႕အဓိက ျပႆနာျဖစ္တဲ့ ဒဏ္ရာျပႆနာေတြကေန ႐ုန္းထြက္ႏိုင္ကာ ယခုထက္ပိုမိုတိုးတက္လာဖုိ႔ ျဖစ္ၿပီး ယူႏိုက္တက္ တာဝန္ရွိသူေတြကလည္းကစားသမားေတြကို ဒဏ္ရာရရွိမႈ နည္းပါးေအာင္ စီမံကြပ္ကဲဖို႔ လိုအပ္ေနပါတယ္။

Photo Credit

Unicode

ဝေဖန်မှုတွေ မှားယွင်းကြောင်း ဆန်းချက်ဇ် သက်သေပြနိုင်ဖို့ ဆိုးလ်ရှား မျှော်လင့်

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ကို အသင်းမှာဆက်ရှိစေလိုပြီး သူ့ကိုဝေဖန်နေတာတွေက မှားယွင်းကြောင်းသက်သေပြစေလိုနေပါတယ်။
ဥရောပနိုင်ငံအများစုရဲ့အပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာ ၂ ရက်နေ့ရောက်မှ ပိတ်သိမ်းမှာ ဖြစ်ကာ လက်ရှိမှာဆန်းချက်ဇ်ကို စီးရီးအေကလပ်အသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမဲ့ ဆန်းချက်ဇ်ရဲ့မြင့်မားတဲ့လုပ်ခလစာက အီတလီကလပ်တွေကို အခက်အခဲတစ်ရပ် ဖြစ်နေစေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက အဆိုပါ ချီလီတိုက်စစ်မှူးအတွက် တစ်ပတ်လုပ်ခပေါင် ၅ သိန်း ၆ သောင်းခန့် ပေးချေနေရတာ ဖြစ်ပြီး ဆန်းချက်ဇ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၄ နှစ်ခွဲ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာအသင်းအတွက် တစ်နှစ်ကျော်အတွင်း မိနစ် ၉၀ ပြည့် ကစားခဲ့ရတဲ့ပွဲစဉ် မရှိခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ချီလီသားကို အသင်းမှာဆက်နေစေလိုပြီး ယမန်နှစ်ကနဲ့ မတူတာတွေ လုပ်ပြနိုင်ရေးအတွက် အခွင့်အရေးပေးဖို့ ဆန္ဒရှိနေပါတယ်။
“ဆန်းချက်ဇ်က ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ၊ သူကအလုပ်အရမ်း ကြိုးစားပါတယ်၊ သူကအသင်းလူစာရင်းမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီး အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးပါ”လို့ ဆိုးလ်ရှားကပြောပါတယ်။
ဆိုးလ်ရှားက “ကျွန်တော်တို့အသင်းရဲ့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတိုက်စစ်မှူး များများစားစားမရှိပါဘူး၊ ခင်ဗျားတို့မျှော်လင့်ထားတာထက် သူကပွဲထွက်ခွင့် ပိုရနိုင်ပြီး သူအကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆက်ပြောပါတယ်။
Daily Mail သတင်းစာရဲ့ထုတ်ပြန်မှုမှာတော့ ချီလီသားဟာ အခြေခံတစ်ပတ်လုပ်ခပေါင် ၃ သိန်းရရှိနေပြီး ပုံရိပ်သုံးစွဲခွင့် တစ်နှစ်စာပေါင် ၅ သန်းအတွက် တစ်ပတ် ပေါင် ၁ သိန်းအပိုရရှိနေပါတယ်။ သူ့ရဲ့အေးဂျင့်ဖြစ်သူဖာနန်ဒိုဖယ်လီစီဗစ်ချ် အတွက်လည်း ပေါင် ၅ သန်းပေးဆောင် နေရပါသေးတယ်။
ဆန်းချက်ဇ်ရဲ့လစာဟာ အပိုဆုကြေး၊ အာမခံကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခငွေစုစုပေါင်းပေါင် ၅ သိန်း ၆ သောင်းခန့် ယူနိုက်တက်ကပေးချေနေရပါတယ်။
ဆန်းချက်ဇ်ရဲ့အဓိက ပြဿနာဖြစ်တဲ့ ဒဏ်ရာပြဿနာတွေကနေ ရုန်းထွက်နိုင်ကာ ယခုထက်ပိုမိုတိုးတက်လာဖို့ ဖြစ်ပြီး ယူနိုက်တက် တာဝန်ရှိသူတွေကလည်းကစားသမားတွေကို ဒဏ်ရာရရှိမှု နည်းပါးအောင် စီမံကွပ်ကဲဖို့ လိုအပ်နေပါတယ်။