ေျမာက္လန္ဒန္ဒါဘီမွာ စပါးကို အာဆင္နယ္အလြယ္တကူႏိုင္မယ္လုိ႔ ေပါလ္မာဆင္ခန္႔မွန္း

photo-mirror

photo-sky sports

လာမယ့္တနဂၤေႏြေန႔ကစားမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ အာဆင္နယ္က စပါးကို အလြယ္တကူအႏုိင္ရသြားလိမ့္မယ္လို႔ ၀ါရင့္ပရီးမီးယားလိဂ္ကၽြမ္းက်င္သူေပါလ္မာဆင္က ခန္႔မွန္းသုံးသပ္လိုက္ပါတယ္။ တျခားၿပိဳင္ဘက္ေတြနဲ႔ယွဥ္ရင္ အာဆင္နယ္ရဲ႕အေပါင္းလဏၡာဆန္တဲ့ရာသီတာထြက္ေၾကာင့္လို႔ ေပါလ္မာဆင္က ဆုိခဲ့တာပါ။ ေပါလ္မာဆင္ဟာ အာဆင္နယ္ကစားသမားေဟာင္းလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ နာမည္ႀကီးအားကစားရုပ္သံတစ္ခုျဖစ္တဲ့ Sky Sports မွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနတာပါ။

photo-gettyimages

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အပတ္က လီဗာပူးကိုဂိုးျပတ္မရႈံးခင္ ပရီးမီးယားလိဂ္မွာ အဖြင့္ ၂ ပြဲစလုံးကိုအႏိုင္ရခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကထက္စာရင္ တိုးတက္လာတဲ့သေဘာပါ။ အန္ဖီးလ္က ဂိုးျပတ္ရႈံးပြဲမွာလည္း ဦးေဆာင္ဂိုးစသြင္းႏိုင္မယ့္အခြင့္အေရးမ်ိဳးရခဲ့ေသးတာပါ။ စပါးကေတာ့ ရာသီအဖြင့္မွာ အက္စ္တြန္ဗီလာကို ေနာက္က်ဂိုးေတြနဲ႔သာႏိုင္ခဲ့ၿပီး ဒုတိယပြဲစဥ္မွာ မန္စီးတီးကိုသေရကစားႏိုင္ခဲ့ေပမယ့္ တစ္ပြဲလုံးမွာ ခံကစားရသလိုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အစုိးရိမ္ရဆုံးကေတာ့ ၿပီးခဲ့တဲ့အပတ္မွာ နယူးကာဆယ္ကုိ အိမ္ကြင္းမွာတင္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အခြင့္အေရးမ်ားမာ်းစားစားမဖန္တီးႏိုင္ခဲ့သလို ကစားပုံက ေလးကန္ေနတဲ့အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း အာဆင္နယ္ကြင္းလယ္လူေဟာင္းေပါလ္မာဆင္က အဲဒါဟာ အမ္းမရိတ္စ္ကြင္းမွာ သူ႔အသင္းေဟာင္းအတြက္ အခြင့္အလမ္းျဖစ္လာႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

photo-gettyimages

”လီဗာပူးနဲ႔တုန္းက ကၽြန္ေတာ္ အာဆင္နယ္ကို အမ်ားႀကီးမေမွ်ာ္မွန္းခဲ့ပါဘူး။ အဲဒီမွာ သူတို႔ရႈံးနိမ့္မယ္လို႔ မွန္းခဲ့သလို ပြဲကလည္း ကၽြန္ေတာ္ထင္ထားတဲ့အတုိင္း အတိအက်ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အာဆင္နယ္ဟာ အခြင့္အလမ္းအခ်ိဳ႕ရခဲ့ၿပီး တခ်ဳိ႕အခ်ိန္ေတြမွာ ေကာင္းခဲ့ပုံရပါတယ္။ အန္ဖီးလ္မွာတုနး္က ပီပီရဲ႕ေျခစြမ္းကုိ ကၽြန္ေတာ္သေဘာက်ခဲ့ပါတယ္။ ဒါေပမဲ့ သူရတဲ့အခြင့္အလမ္းေတြထဲက အနည္းဆုံးတစ္ခုကိုေတာ့ သြင္းႏိုင္ရမွာပါ။ ဒါေၾကာင့္လည္း အာဆင္နယ္က သူ႔အတြက္ ေငြအမ်ားႀကီးသုံးခဲ့တာပါ။ ဒီအခြင့္အလမ္းေတြကိုအသုံးခ်ႏိုင္ရင္ ေပါင္ ၇၂ သန္းတန္တိုက္စစ္မႈးနဲ႔ က်န္တဲ့သူေတြ ဘာကြာသလဲဆုိတာ ေျပာလုိ႔ရတာေပါ့။ ဒါေပမဲ့ အမ္မရီရဲ႕အသင္းဟာ အရမ္းႀကီးမဆုိးခဲ့ပါဘူး။ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္မွာသာ ေျမာက္လန္ဒန္ဒါဘီပြဲကိုမွန္းရရင္ သေရဆို အာဆင္နယ္ေက်နပ္မယ္လို႔ ကၽြန္ေတာ္ေျပာမွာပါ။ ဒါေပမဲ့ အခုေတာ့ သူတို႔ရဲ႕အေပါင္းလဏၡာဆန္တဲ့တာထြက္ေၾကာင့္ သူတို႔ သက္ေသာင့္သက္သာအႏိုင္ရမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္မွန္းပါတယ္”လို႔ ေပါလ္မာဆင္က Sky Sports ရုပ္သံကို ေျပာခဲ့တာပါ။

[Unicode]

လာမယ့်တနင်္ဂနွေနေ့ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်က စပါးကို အလွယ်တကူအနိုင်ရသွားလိမ့်မယ်လို့ ဝါရင့်ပရီးမီးယားလိဂ်ကျွမ်းကျင်သူပေါလ်မာဆင်က ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ တခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင် အာဆင်နယ်ရဲ့အပေါင်းလဏ္ခာဆန်တဲ့ရာသီတာထွက်ကြောင့်လို့ ပေါလ်မာဆင်က ဆိုခဲ့တာပါ။ ပေါလ်မာဆင်ဟာ အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်ပြီး လက်ရှိမှာတော့ နာမည်ကြီးအားကစားရုပ်သံတစ်ခုဖြစ်တဲ့ Sky Sports မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတာပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးကိုဂိုးပြတ်မရှုံးခင် ပရီးမီးယားလိဂ်မှာ အဖွင့် ၂ ပွဲစလုံးကိုအနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက်စာရင် တိုးတက်လာတဲ့သဘောပါ။ အန်ဖီးလ်က ဂိုးပြတ်ရှုံးပွဲမှာလည်း ဦးဆောင်ဂိုးစသွင်းနိုင်မယ့်အခွင့်အရေးမျိုးရခဲ့သေးတာပါ။ စပါးကတော့ ရာသီအဖွင့်မှာ အက်စ်တွန်ဗီလာကို နောက်ကျဂိုးတွေနဲ့သာနိုင်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ မန်စီးတီးကိုသရေကစားနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးမှာ ခံကစားရသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရိမ်ရဆုံးကတော့ ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အခွင့်အရေးများမာျးစားစားမဖန်တီးနိုင်ခဲ့သလို ကစားပုံက လေးကန်နေတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ကွင်းလယ်လူဟောင်းပေါလ်မာဆင်က အဲဒါဟာ အမ်းမရိတ်စ်ကွင်းမှာ သူ့အသင်းဟောင်းအတွက် အခွင့်အလမ်းဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

”လီဗာပူးနဲ့တုန်းက ကျွန်တော် အာဆင်နယ်ကို အများကြီးမမျှော်မှန်းခဲ့ပါဘူး။ အဲဒီမှာ သူတို့ရှုံးနိမ့်မယ်လို့ မှန်းခဲ့သလို ပွဲကလည်း ကျွန်တော်ထင်ထားတဲ့အတိုင်း အတိအကျဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ အခွင့်အလမ်းအချို့ရခဲ့ပြီး တချို့အချိန်တွေမှာ ကောင်းခဲ့ပုံရပါတယ်။ အန်ဖီးလ်မှာတုန်းက ပီပီရဲ့ခြေစွမ်းကို ကျွန်တော်သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ သူရတဲ့အခွင့်အလမ်းတွေထဲက အနည်းဆုံးတစ်ခုကိုတော့ သွင်းနိုင်ရမှာပါ။ ဒါကြောင့်လည်း အာဆင်နယ်က သူ့အတွက် ငွေအများကြီးသုံးခဲ့တာပါ။ ဒီအခွင့်အလမ်းတွေကိုအသုံးချနိုင်ရင် ပေါင် ၇၂ သန်းတန်တိုက်စစ်မှုးနဲ့ ကျန်တဲ့သူတွေ ဘာကွာသလဲဆိုတာ ပြောလို့ရတာပေါ့။ ဒါပေမဲ့ အမ်မရီရဲ့အသင်းဟာ အရမ်းကြီးမဆိုးခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂ ပတ်လောက်မှာသာ မြောက်လန်ဒန်ဒါဘီပွဲကိုမှန်းရရင် သရေဆို အာဆင်နယ်ကျေနပ်မယ်လို့ ကျွန်တော်ပြောမှာပါ။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့အပေါင်းလဏ္ခာဆန်တဲ့တာထွက်ကြောင့် သူတို့ သက်သောင့်သက်သာအနိုင်ရမယ်လို့ ကျွန်တော်မျှော်မှန်းပါတယ်”လို့ ပေါလ်မာဆင်က Sky Sports ရုပ်သံကို ပြောခဲ့တာပါ။