ေလ့က်င့္ေရးကြင္းမွာ ရာကီတစ္ကို အရူးလုပ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ေလးဖာတီ

photo-gettyimages

photo-sportbible

ၿပီးခဲ့တဲ့တနဂၤေႏြ ဘက္တစ္နဲ႔လာလီဂါပြဲစဥ္မွာ လူစား၀င္ကစားခဲ့ၿပီးေနာက္ ဘာစီလိုနာဆယ္ေက်ာ္သက္ကစားသမားေလးဖာတီဟာ ေန႔ခ်င္းညခ်င္းပဲ နာမည္ႀကီးသြားပါတယ္။ ၁၉၄၁ ခုႏွစ္ေနာက္ပိုင္း ဘာစီလုိနာအတြက္ လာလီဂါပြဲကစားေပးတဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့လို႔ပါပဲ။ ပြဲၿပီးေတာ့ လည္း ၁၆ ႏွစ္အရြယ္ ဖာတီဟာ အသင္းေခါင္းေဆာင္မက္ဆီရဲ႕ေပြ႕ဖက္ဂုဏ္ျပဳျခင္းကို ခံခဲ့ရပါတယ္။

photo-barcelona

ဒီလုိမ်ိဳးအားလုံးက သတိထားမိသြားဖာတီဟာ ေနာက္တစ္ေန႔ေလ့က်င့္ခန္းအစီအစဥ္မွာလည္း ဘာစီလိုနာအသင္းေဖာ္ရာကီတစ္ကို အရူးလုပ္ခဲ့ပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ႏွစ္ဖက္ခြဲကစားစဥ္ ေဘာလုံးဆြဲယူလာတဲ့ဖာတီဟာ ၀ါရင့္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ရာကီတစ္ကို ေျခေယာင္ျပေဘာလုံးဆြဲထုတ္သြားၿပီး ဂိုးကန္သြင္းမႈလုပ္ခဲ့တာပါ။ သူ႔ေၾကာင့္ ရာကီတစ္ဟာ ျမက္ခင္းေပၚလဲေတာင္က်သြားပါတယ္။

photo-gettyimages

မက္ဆီ၊ဆြာရက္ဇ္နဲ႔ဒမ္ဘီလီတို႔ရဲ႕တိုက္စစ္ပိုင္းဒဏ္ရာျပသနာေၾကာင့္ ဖာတီဟာ ဘက္တစ္နဲ႔ပြဲမွာ လူစား၀င္ကစားခြင့္ရခဲ့တာျဖစ္ေပမယ့္ ဘာစီလိုနာယူူ-၁၉ အသင္းမွာကတည္းက အလားအလာမ်ားစြာေကာင္းတဲ့ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံထားရတာပါ။ ဘာစီလိုနာအသင္းကလည္း ဒီဂူနီယာဘစ္ဆူးဖြားကစားသမားေလးကို မၾကာေသးခင္က ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး စာခ်ဳပ္ထဲမွာ ထြက္ခြာေၾကးယူရိုသန္း ၁၀၀ ကိုလည္း ထည့္သြင္းထားတာပါ။ တိုက္စစ္ကစားသမားေလးဖာတီဟာ ဆီဗီလာမွာႀကီးျပငး္ခဲ့ၿပီး အဲဒီမွာပဲ ကစားသမားဘ၀စတင္ခဲ့တာပါ။ သူဟာ ရီးရဲလ္ရဲ႕ကမ္းလွမ္းမႈကိုရခဲ့ေပမယ့္ ဘာစီလိုနာရဲ႕လာမာစီယာအကယ္ဒမီကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။

[Unicode]

ပြီးခဲ့တဲ့တနင်္ဂနွေ ဘက်တစ်နဲ့လာလီဂါပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် ဘာစီလိုနာဆယ်ကျော်သက်ကစားသမားလေးဖာတီဟာ နေ့ချင်းညချင်းပဲ နာမည်ကြီးသွားပါတယ်။ ၁၉၄၁ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအတွက် လာလီဂါပွဲကစားပေးတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့လို့ပါပဲ။ ပွဲပြီးတော့ လည်း ၁၆ နှစ်အရွယ် ဖာတီဟာ အသင်းခေါင်းဆောင်မက်ဆီရဲ့ပွေ့ဖက်ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

ဒီလိုမျိုးအားလုံးက သတိထားမိသွားဖာတီဟာ နောက်တစ်နေ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ဘာစီလိုနာအသင်းဖော်ရာကီတစ်ကို အရူးလုပ်ခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ နှစ်ဖက်ခွဲကစားစဉ် ဘောလုံးဆွဲယူလာတဲ့ဖာတီဟာ ဝါရင့်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ရာကီတစ်ကို ခြေယောင်ပြဘောလုံးဆွဲထုတ်သွားပြီး ဂိုးကန်သွင်းမှုလုပ်ခဲ့တာပါ။ သူ့ကြောင့် ရာကီတစ်ဟာ မြက်ခင်းပေါ်လဲတောင်ကျသွားပါတယ်။

မက်ဆီ၊ဆွာရက်ဇ်နဲ့ဒမ်ဘီလီတို့ရဲ့တိုက်စစ်ပိုင်းဒဏ်ရာပြသနာကြောင့် ဖာတီဟာ ဘက်တစ်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာယူူ-၁၉ အသင်းမှာကတည်းက အလားအလာများစွာကောင်းတဲ့ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ ဘာစီလိုနာအသင်းကလည်း ဒီဂူနီယာဘစ်ဆူးဖွားကစားသမားလေးကို မကြာသေးခင်က ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ထဲမှာ ထွက်ခွာကြေးယူရိုသန်း ၁၀၀ ကိုလည်း ထည့်သွင်းထားတာပါ။ တိုက်စစ်ကစားသမားလေးဖာတီဟာ ဆီဗီလာမှာကြီးပြင်းခဲ့ပြီး အဲဒီမှာပဲ ကစားသမားဘဝစတင်ခဲ့တာပါ။ သူဟာ ရီးရဲလ်ရဲ့ကမ်းလှမ်းမှုကိုရခဲ့ပေမယ့် ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကိုပဲ ရွေးချယ်ခဲ့ပါတယ်။