ေရာ္နယ္ဒိုလက္သစ္ျဖစ္လာဖို႔ ရက္ရွ္ဖို႔ဒ္ကို ဆုိးလ္ရွားကိုယ္တုိင္ အနီးကပ္သင္ၾကားေပးေန

Photo Credit ; Getty Images

Photo Credit

ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ဟာ အိုးလ္ထရက္ဖုိ႔ဒ္အေျခစိုက္အသင္းမွာ တုိက္စစ္မွဴးေကာင္းအျဖစ္ ေရာ္နယ္ဒုိကို အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ အဆုံးသတ္ဂိုးသြင္းေသခ်ာမႈ သင္ခန္းစာေတြကို ေလ့က်င့္သင္ၾကားလ်က္ရွိေၾကာင္း သိရပါတယ္။

Photo Credit ; AFP

ရက္ရွ္ဖို႔ဒ္ဟာ ယူႏုိက္တက္အသင္းမွာ သူစတင္ကစားခဲ့စဥ္က ေတာင္ပံကစားသမားအျဖစ္ ေပၚထြက္လာၿပီးေနာက္ပိုင္း ယခုရာသီမွာ အသင္းေဖာ္မာရွယ္နဲ႔အတူ အေထာင္တုိက္စစ္မွဴး အလွည့္က်ကစားရဖြယ္ရွိေနၿပီး အထူးသျဖင့္ ယခုေႏြရာသီအတြင္း တုိက္စစ္မွဴးလူကာကူ အင္တာမီလန္ကို ေရာက္သြားၿပီးေနာက္ သူ႕ရဲ႕အခန္းက႑က ပိုမိုအေရးပါလာပါတယ္။

Photo Credit ; AP

သူဟာ ၿပီးခဲ့တဲ့ရာသီက ကလပ္နဲ႔အဂၤလန္အသင္းတုိ႔အတြက္ ၅၄ပြဲမွာ ၁၇ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ယူႏုိက္တက္နည္းျပဆုိးလ္ရွားကေတာ့ အဲဒီေလာက္နဲ႔ မေက်နပ္ႏိုင္ေသးဘဲ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ဒီထက္ဂိုးေတြပုိမိုသြင္းယူႏုိင္ဖုိ႔ အလုိရွိေနပါတယ္။

Photo Credit ; Getty Images

အသက္ ၂၁ႏွစ္အရြယ္ရွိ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီအဖြင့္ပြဲအျဖစ္ ခ်ဲလ္ဆီးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးတည္း ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီလုိဂိုးသြင္းစြမ္းရည္ထက္ျမက္လာတာက ခက္ခဲျပင္းထန္တဲ့ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ေနတာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images

မယ္ရာသတင္းစာက ဆုိးလ္ရွားဟာ ေလ့က်င့္ေရးကြင္းမွာ ရက္ရွ္ဖုိ႔ဒ္ကို အနီးကပ္ေလ့က်င့္သင္ၾကားေပးေနၿပီး တုိက္စစ္မွာ သူ႕ရဲ႕ေရြ႕လ်ားမႈေတြအျပင္ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ရာမွာ အဆုံးသတ္ေကာင္းမြန္ေရးအတြက္လည္း ေလ့က်င့္ေပးလ်က္ရွိတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Daily Mail

ရက္ရွ္ဖို႔ဒ္ရဲ႕ကေလးဘ၀သူရဲေကာင္းတစ္ဦးျဖစ္တဲ့ ေရာ္နယ္ဒိုကလည္း ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ဂုိးသြင္းအေကာင္းဆုံးတုိက္စစ္မွဴးအျဖစ္ ဖြံ႕ၿဖိဳးမတုိးတက္လာေသးခင္ အဲဒီလိုေလ့က်င့္ခန္းေတြ အျပင္းအထန္ေလ့က်င့္ခ့ဲပါတယ္။

Photo Credit ; PA

လက္ရွိဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ယူႏုိက္တက္မွာ ကစားခဲ့စဥ္အတြင္း ဂိုးသြင္းႏႈန္းျမင့္တက္လာေရးအတြက္ လက္ေထာက္နည္းျပေဟာင္း မူလန္စတင္းနဲ႔အတူ ေလ့က်င့္ခဲ့တာျဖစ္ၿပီး မူလန္စတင္းက ဆုိးလ္ရွား၊ ဒြိဳက္ေယာ့ခ္၊ အန္ဒီကိုးလ္နဲ႔ နစၥတယ္႐ြိဳင္းတုိ႔လို ဂႏၳ၀င္တုိက္စစ္မွဴးေတြရဲ႕ဗီဒီယိုဖုိင္ေတြျပသကာ ေသခ်ာသင္ၾကားေပးခဲ့ပါတယ္။

Photo Credit ; Paul Lewis

Unicode

ရော်နယ်ဒိုလက်သစ်ဖြစ်လာဖို့ ရက်ရှ်ဖို့ဒ်ကို ဆိုးလ်ရှားကိုယ်တိုင် အနီးကပ်သင်ကြားပေးနေ

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ တိုက်စစ်မှူးကောင်းအဖြစ် ရော်နယ်ဒိုကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ အဆုံးသတ်ဂိုးသွင်းသေချာမှု သင်ခန်းစာတွေကို လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ သူစတင်ကစားခဲ့စဉ်က တောင်ပံကစားသမားအဖြစ် ပေါ်ထွက်လာပြီးနောက်ပိုင်း ယခုရာသီမှာ အသင်းဖော်မာရှယ်နဲ့အတူ အထောင်တိုက်စစ်မှူး အလှည့်ကျကစားရဖွယ်ရှိနေပြီး အထူးသဖြင့် ယခုနွေရာသီအတွင်း တိုက်စစ်မှူးလူကာကူ အင်တာမီလန်ကို ရောက်သွားပြီးနောက် သူ့ရဲ့အခန်းကဏ္ဍက ပိုမိုအရေးပါလာပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီက ကလပ်နဲ့အင်္ဂလန်အသင်းတို့အတွက် ၅၄ပွဲမှာ ၁၇ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ အဲဒီလောက်နဲ့ မကျေနပ်နိုင်သေးဘဲ ရက်ရှ်ဖို့ဒ်တစ်ယောက် ဒီထက်ဂိုးတွေပိုမိုသွင်းယူနိုင်ဖို့ အလိုရှိနေပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီအဖွင့်ပွဲအဖြစ် ချဲလ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီလိုဂိုးသွင်းစွမ်းရည်ထက်မြက်လာတာက ခက်ခဲပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
မယ်ရာသတင်းစာက ဆိုးလ်ရှားဟာ လေ့ကျင့်ရေးကွင်းမှာ ရက်ရှ်ဖို့ဒ်ကို အနီးကပ်လေ့ကျင့်သင်ကြားပေးနေပြီး တိုက်စစ်မှာ သူ့ရဲ့ရွေ့လျားမှုတွေအပြင် ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ရာမှာ အဆုံးသတ်ကောင်းမွန်ရေးအတွက်လည်း လေ့ကျင့်ပေးလျက်ရှိတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ကလေးဘဝသူရဲကောင်းတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုကလည်း ဘောလုံးသမိုင်းတစ်လျှောက် ဂိုးသွင်းအကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဖွံ့ဖြိုးမတိုးတက်လာသေးခင် အဲဒီလိုလေ့ကျင့်ခန်းတွေ အပြင်းအထန်လေ့ကျင့်ခဲ့ပါတယ်။
လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်အတွင်း ဂိုးသွင်းနှုန်းမြင့်တက်လာရေးအတွက် လက်ထောက်နည်းပြဟောင်း မူလန်စတင်းနဲ့အတူ လေ့ကျင့်ခဲ့တာဖြစ်ပြီး မူလန်စတင်းက ဆိုးလ်ရှား၊ ဒွိုက်ယော့ခ်၊ အန်ဒီကိုးလ်နဲ့ နစ္စတယ်ရွိုင်းတို့လို ဂန္ထဝင်တိုက်စစ်မှူးတွေရဲ့ဗီဒီယိုဖိုင်တွေပြသကာ သေချာသင်ကြားပေးခဲ့ပါတယ်။