ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဘက္တစ္နဲ႔ပြဲကို ပါႏိုင္မွာမဟုတ္ေတာ့တဲ့ မက္ဆီ

photo-gettyimages

photo-gettyimages

အသင္းရဲ႕ေနာက္ဆုံးေလ့က်င့္ခန္းအစီအစဥ္ကိုလြဲေခာ်္ခဲ့ၿပီးေနာက္ ဘာစီလုိနာတိုက္စစ္မႈးမက္ဆီဟာ ဒီကေန႔ညကစားမယ့္ ဘက္တစ္နဲ႔အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္သြားခဲ့ပါၿပီ။ မက္ဆီဟာ ဘာစီလုိနာကိုျပန္ေရာက္ေရာက္ခ်င္း ရခဲ့တဲ့ ေျခသလုံးၾကြက္သားဒဏ္ရာကေန ျပန္ေကာင္းဖို႔ ႀကိဳးစားခဲ့တာပါ။ အဲဒါေၾကာင့္ ဘီလ္ဘာအိုနဲ႔လာလီဂါအဖြင့္ပြဲကို သူလြဲေခ်ာ္ခဲ့ရၿပီး သူမပါတဲ့ဘာစီလုိနာဟာလည္း တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔ လာလီဂါရာသီအစမွာတင္ ရႈံးပြဲႀကဳံခဲ့ရပါတယ္။

photo-gettyimages

ဒီၾကားထဲ တိုက္စစ္ကစားသမားေတြထဲက ဆြာရက္ဇ္နဲ႔ဒမ္ဘီလီတို႔ကလည္း ဒဏ္ရာအသီးသီးရခဲ့ၾကၿပီး နားေနၾကရတာပါ။ ဒါေၾကာင့္ ဘီလ္ဘာအိုရႈံးပြဲက ျပန္လည္ရုန္းထႏိုင္ေရးအတြက္ ဘက္တစ္နဲ႔ပြဲမွာ မက္ဆီျပန္ပါလာဖုိ႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒီရက္သတၱပတ္ထဲမွာလည္း မက္ဆီဟာ အသင္းေဖာ္ေတြနဲ႔အတူ ျပန္လည္ေလ့က်င့္မႈေတြျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္ကတည္းက သူဟာ တစ္ေယာက္တည္းေလ့က်င့္မႈေတြကို ေကာင္းစြာျပဳလုပ္ႏိုင္ခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့လည္း မက္ဆီဟာ အသင္းရဲ႕ေနာက္ဆုံးေလ့က်င့္ခန္းအစီအစဥ္ကိုလြဲေခ်ာ္ခဲ့သလို ဘက္တစ္နဲ႔ပြဲအတြက္ အသင္းလူစာရင္းမွာလည္း ပါ၀င္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ဒီတစ္ပတ္လာလီဂါပြဲကိုလည္း ထပ္လြဲဖို႔ ေသခ်ာသြားခဲ့ပါၿပီ။ မက္ဆီပါႏိုင္ဦးမွာမဟုတ္လုိ႔ ဒဏ္ရာျပသနာေတြနဲ႔ ဘာစီလိုနာတိုက္စစ္ဟာ ပိုၿပီးအားနည္းသြားဖုိ႔ ရွိပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီလာလီဂါတုန္းက ဘာစီလုိနာအတြက္ ၃၆ ဂိုးသြင္းေပးႏိုင္ခဲ့ၿပီး ၁၃ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ ဒီရာသီမွာေတာ့ မက္ဆီဟာ ရာသီႀကိဳကတည္းက အခုခ်ိန္ထိ ဘာစီလိုနာအတြက္ တစ္ပြဲမွ ပါ၀င္ကစားေပးႏိုင္ျခင္း မရွိေသးပါဘူး။

[Unicode]

အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုလွဲခောျ်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ ဒီကနေ့ညကစားမယ့် ဘက်တစ်နဲ့အိမ်ကွင်းပွဲစဉ်ကို လွဲချော်သွားခဲ့ပါပြီ။ မက်ဆီဟာ ဘာစီလိုနာကိုပြန်ရောက်ရောက်ချင်း ရခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကနေ ပြန်ကောင်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒါကြောင့် ဘီလ်ဘာအိုနဲ့လာလီဂါအဖွင့်ပွဲကို သူလွဲချော်ခဲ့ရပြီး သူမပါတဲ့ဘာစီလိုနာဟာလည်း တစ်လုံးတည်းသောနောက်ကျဂိုးနဲ့ လာလီဂါရာသီအစမှာတင် ရှုံးပွဲကြုံခဲ့ရပါတယ်။

ဒီကြားထဲ တိုက်စစ်ကစားသမားတွေထဲက ဆွာရက်ဇ်နဲ့ဒမ်ဘီလီတို့ကလည်း ဒဏ်ရာအသီးသီးရခဲ့ကြပြီး နားနေကြရတာပါ။ ဒါကြောင့် ဘီလ်ဘာအိုရှုံးပွဲက ပြန်လည်ရုန်းထနိုင်ရေးအတွက် ဘက်တစ်နဲ့ပွဲမှာ မက်ဆီပြန်ပါလာဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီရက်သတ္တပတ်ထဲမှာလည်း မက်ဆီဟာ အသင်းဖော်တွေနဲ့အတူ ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက သူဟာ တစ်ယောက်တည်းလေ့ကျင့်မှုတွေကို ကောင်းစွာပြုလုပ်နိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း မက်ဆီဟာ အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုလွဲချော်ခဲ့သလို ဘက်တစ်နဲ့ပွဲအတွက် အသင်းလူစာရင်းမှာလည်း ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အဲဒီအာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ဒီတစ်ပတ်လာလီဂါပွဲကိုလည်း ထပ်လွဲဖို့ သေချာသွားခဲ့ပါပြီ။ မက်ဆီပါနိုင်ဦးမှာမဟုတ်လို့ ဒဏ်ရာပြသနာတွေနဲ့ ဘာစီလိုနာတိုက်စစ်ဟာ ပိုပြီးအားနည်းသွားဖို့ ရှိပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီလာလီဂါတုန်းက ဘာစီလိုနာအတွက် ၃၆ ဂိုးသွင်းပေးနိုင်ခဲ့ပြီး ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒီရာသီမှာတော့ မက်ဆီဟာ ရာသီကြိုကတည်းက အခုချိန်ထိ ဘာစီလိုနာအတွက် တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။