ေမွာ္ဝင္ေျခစြမ္းပိုင္ရွင္ ေကာ္တင္ညိဳေရာက္လာၿပီးေနာက္ မိမိတို႔အသင္း အသာရေနၿပီလို႔ အသင္းေဟာင္း ေဒါ့မြန္ကိုသတိေပးလိုက္တဲ့ လီဝန္ေဒါစကီး

Photo Credit

Photo Credit

ဘုိင္ယန္ျမဴးနစ္တုိက္စစ္မွဴး ေရာဘတ္လီဝန္ေဒါစကီးက အသင္းကို ေကာ္တင္ညိဳ ေရာက္ရွိလာတာက အသင္းအတြက္ အလြန္အက်ိဳးရွိေစမွာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ေရးအတြက္ အသင္းမွာအရည္အေသြးျမင့္ ကစားသမားေတြ စုစည္းမိေနၿပီ ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit

အသက္ ၃၁ ႏွစ္အရြယ္ လီဝန္ေဒါစကီးဟာ အသင္းမွာအေရးပါတဲ့ ကစားသမားေတြျဖစ္တဲ့ အာဂ်န္ေရာ္ဘင္နဲ႔ ရစ္ဘာရီတို႔ ထြက္ခြာသြားၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ရဲ႕တိုက္စစ္ပိုင္းမွာ အားေလ်ာ့သြားၿပီး ရလဒ္ဆိုးေတြ ရရွိလာမွာကို စုိးရိမ္မိတယ္လို႔ လူသိရွင္ၾကားဖြင့္ဟေျပာဆိုခဲ့ဖူးပါတယ္။

Photo Credit

မဟာၿပိဳင္ဘက္ ေဒါ့မြန္အသင္းကလည္း ဒီအေျပာင္းအေရႊ႕ကာလမွာ အလုပ္မ်ားေနခဲ့ၿပီး ေသာ္ဂန္ဟာဇက္၊ ဂ်ဴလီယန္ဘရန္႔၊ နီကိုရွလပ္ဇ္တို႔ကို အရေခၚယူထားခဲ့ၿပီး ေနာက္ခံလူ ဟမ္းမဲလ္ကိုလည္း ဘိုင္ယန္ကေန ျပန္လည္ေခၚယူအားျဖည့္ထားခဲ့ပါတယ္။ လီဝန္ေဒါစကီးကေတာ့ ဒီေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေကာ္တင္ညိဳနဲ႔ အိုင္ဗန္ ပါရီဆစ္တို႔ ၂ ဦးလံုးကို အသင္းကအရေခၚယူအားျဖည့္ႏိုင္ခဲ့တာေၾကာင့္ ေက်နပ္အားရေနခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ျပိဳင္ဘက္အသင္းေတြထက္ အမွတ္ေပးဖလားကုိ စိန္ေခၚဖို႔ အရည္အေသြးပိုရွိတယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit

“ေဒါ႔မြန္အသင္းက ဒီေႏြရာသီမွာေျပာင္းလဲမႈေတြ အမ်ားႀကီးလုပ္ထားပါတယ္၊ သူတို႔မွာ ေတာင့္တင္းတဲ့ လူစာရင္းရွိတယ္၊ ဒါေပမဲ့ အေရအတြက္က အဓိကမဟုတ္ဘဲ အရည္အေသြးကသာ အဓိကက်ပါတယ္”လို႔ လီဝန္ေဒါစကီးက ေျပာပါတယ္။
ဆက္လက္ၿပီး လီဝန္ေဒါစကီးက ”ဒီအျဖစ္အပ်က္ကို ၾကည့္ၿပီးေတာ့ ကၽြန္ေတာ္တို႔မွာအရည္အေသြးျမင့္တဲ့ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတယ္ဆိုတာ ပိုၿပီးရွင္းလင္းေသခ်ာသြားေစတယ္”လို႔ ေျပာပါတယ္။

Photo Credit

လီဝန္ေဒါစကီးက “ေကာ္တင္ညိဳရဲ႕ေျခစြမ္းကအံမခန္းပါပဲ၊ သူက အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ အခရာက်တဲ့ ကစားသမားတစ္ဦးျဖစ္လာႏိုင္ပါတယ္၊ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာေပါ့၊ သူက ကၽြန္ေတာ္တို႔ကို ပိုေကာင္းတဲ့အရာတစ္ခုေပးႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ အသင္းမွာ ေကာ္တင္ညိဳရွိေနတာက မေမွ်ာ္လင့္တာေတြ ျဖစ္လာႏိုင္ၿပီး ၿပိဳင္ဘက္အသင္းေတြအတြက္ ႀကီးမားတဲ့အႏၱရာယ္ပါပဲ”လို႔ ဆက္ေျပာပါတယ္။

Photo Credit

ဘိုင္ယန္ျမဴးနစ္ဟာ အဖြင့္ပြဲစဥ္မွာ ဟာသာဘာလင္အသင္းကို အိမ္ကြင္းမွာ သေရက်ခဲ့ၿပီး ဒုတိယပြဲစဥ္မွာေတာ့ ေ႐ွာ္လ္ေကးအသင္းကို ၃-၀နဲ႔ အႏိုင္ရရွိခဲ့ကာ လက္ရွိအခ်ိနွ္မွာ မဟာၿပိဳင္ဘက္ ေဒါ့မြန္အသင္းနဲ႔ ၂ မွတ္ ကြာဟေနပါတယ္။ ေဒါ့မြန္အသင္းကေတာ့ အဖြင့္ပြဲစဥ္ ၂ ပြဲလံုးအႏိုင္ရရွိထားၿပီး ရမွတ္ ၆ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆံုးမွာဦးေဆာင္ေနပါတယ္။

Photo Credit

Unicode

မှော်ဝင်ခြေစွမ်းပိုင်ရှင် ကော်တင်ညိုရောက်လာပြီးနောက် မိမိတို့အသင်း အသာရနေပြီလို့ အသင်းဟောင်း ဒေါ့မွန်ကိုသတိပေးလိုက်တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက အသင်းကို ကော်တင်ညို ရောက်ရှိလာတာက အသင်းအတွက် အလွန်အကျိုးရှိစေမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရေးအတွက် အသင်းမှာအရည်အသွေးမြင့် ကစားသမားတွေ စုစည်းမိနေပြီ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် လီဝန်ဒေါစကီးဟာ အသင်းမှာအရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့ အာဂျန်ရော်ဘင်နဲ့ ရစ်ဘာရီတို့ ထွက်ခွာသွားပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်ပိုင်းမှာ အားလျော့သွားပြီး ရလဒ်ဆိုးတွေ ရရှိလာမှာကို စိုးရိမ်မိတယ်လို့ လူသိရှင်ကြားဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။
မဟာပြိုင်ဘက် ဒေါ့မွန်အသင်းကလည်း ဒီအပြောင်းအရွှေ့ကာလမှာ အလုပ်များနေခဲ့ပြီး သော်ဂန်ဟာဇက်၊ ဂျူလီယန်ဘရန့်၊ နီကိုရှလပ်ဇ်တို့ကို အရခေါ်ယူထားခဲ့ပြီး နောက်ခံလူ ဟမ်းမဲလ်ကိုလည်း ဘိုင်ယန်ကနေ ပြန်လည်ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ လီဝန်ဒေါစကီးကတော့ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကော်တင်ညိုနဲ့ အိုင်ဗန် ပါရီဆစ်တို့ ၂ ဦးလုံးကို အသင်းကအရခေါ်ယူအားဖြည့်နိုင်ခဲ့တာကြောင့် ကျေနပ်အားရနေခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ ပြိုင်ဘက်အသင်းတွေထက် အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ အရည်အသွေးပိုရှိတယ်လို့ ယုံကြည်နေပါတယ်။
“ဒေါ့မွန်အသင်းက ဒီနွေရာသီမှာပြောင်းလဲမှုတွေ အများကြီးလုပ်ထားပါတယ်၊ သူတို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိတယ်၊ ဒါပေမဲ့ အရေအတွက်က အဓိကမဟုတ်ဘဲ အရည်အသွေးကသာ အဓိကကျပါတယ်”လို့ လီဝန်ဒေါစကီးက ပြောပါတယ်။
ဆက်လက်ပြီး လီဝန်ဒေါစကီးက ”ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့ ကျွန်တော်တို့မှာအရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ပိုပြီးရှင်းလင်းသေချာသွားစေတယ်”လို့ ပြောပါတယ်။
လီဝန်ဒေါစကီးက “ကော်တင်ညိုရဲ့ခြေစွမ်းကအံမခန်းပါပဲ၊ သူက အရေးကြီးတဲ့ပွဲစဉ်တွေမှာ အခရာကျတဲ့ ကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့၊ သူက ကျွန်တော်တို့ကို ပိုကောင်းတဲ့အရာတစ်ခုပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အသင်းမှာ ကော်တင်ညိုရှိနေတာက မမျှော်လင့်တာတွေ ဖြစ်လာနိုင်ပြီး ပြိုင်ဘက်အသင်းတွေအတွက် ကြီးမားတဲ့အန္တရာယ်ပါပဲ”လို့ ဆက်ပြောပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အဖွင့်ပွဲစဉ်မှာ ဟာသာဘာလင်အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ရှော်လ်ကေးအသင်းကို ၃-ဝနဲ့ အနိုင်ရရှိခဲ့ကာ လက်ရှိအချိနှ်မှာ မဟာပြိုင်ဘက် ဒေါ့မွန်အသင်းနဲ့ ၂ မှတ် ကွာဟနေပါတယ်။ ဒေါ့မွန်အသင်းကတော့ အဖွင့်ပွဲစဉ် ၂ ပွဲလုံးအနိုင်ရရှိထားပြီး ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေပါတယ်။