ေမာ္ရင္ညိဳရဲ႕ခ်န္ပီယံေလာင္းစာရင္းထဲမွာ အသင္းေဟာင္းေတြတစ္သင္းမွမပါ၀င္ဘဲ စီးတီးအရန္အသင္းလည္း ပါ၀င္

Photo Credit

Photo Credit ; Sky Sports

ေပၚတူဂီႏိုင္ငံသား ဟိုေဆးေမာ္ရင္ညိဳက ဒီရာသီပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ႏိုင္တဲ့အသင္းေတြကို ေရြးခ်ယ္ခဲ့ရာ သူ႕အသင္းေဟာင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္အသင္းေတြ တစ္သင္းမွ ပါ၀င္မလာဘဲ အံ့အားသင့္စရာအျဖစ္ မန္စီးတီးအရန္အသင္းေတာင္ ပါ၀င္လာေၾကာင္း သိရပါတယ္။

Photo Credit ; PA

အသက္ ၅၆ႏွစ္အရြယ္ရွိ ေပၚတို၊ ရီးရဲလ္မက္ဒရစ္နဲ႔ အင္တာမီလန္အသင္းနည္းျပေဟာင္း ေမာ္ရင္ညိဳဟာ စကိုင္းစပို႔တ္သတင္းဌာနမွာ အဂၤလန္ႏိုင္ငံသားေတြျဖစ္တ့ဲ ဂယ္ရီနဗီးလ္၊ ေဆာင္းနက္စ္တုိ႔နဲ႔အတူ ေဘာလုံးေရးရာသုံးသပ္သူအျဖစ္ စတင္ေဆာင္ရြက္မွာျဖစ္ၿပီး ယေန႔ည အုိးလ္ထရက္ဖုိ႔ဒ္မွာ ကစားရမယ့္ ယူႏုိက္တက္နဲ႔ခ်ဲလ္ဆီးတုိ႔ရဲ႕ပြဲႀကီးပြဲေကာင္းကို စတင္သုံးသပ္မွာျဖစ္ပါတယ္။

Photo Credit ; PA

သူ႕ကို အဲဒီအစီအစဥ္မွာ ေမးခြန္းအမ်ားအျပားေမးခဲ့ရာမွာ ၂၀၁၉-၂၀ ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခရိွတဲ့အသင္းေတြကို ေရြးထုတ္ဖုိ႔လည္း ပါ၀င္ခဲ့ပါတယ္။ ”ခ်န္ပီယံျဖစ္ဖုိ႔က ၄သင္းပဲ ရိွပါတယ္။ မန္စီးတီး၊ စပါး၊ လီဗာပူးနဲ႔ မန္စီးတီးအရန္အသင္းေတြပါ။ စီးတီးအရန္ခုံတန္းကို ၾကည့္လုိက္တဲ့အခါ ဦးစားေပးစာရင္းထဲ ပါ၀င္ခြင့္မရတဲ့ကစားသမားေတြကို ၾကည့္ၿပီး သူတုိ႔ရဲ႕အရန္အသင္းကေတာင္ အမွတ္ေပးခ်န္ပီယံျဖစ္ႏုိင္တယ္လုိ႔ အေတြး၀င္ခဲ့ပါတယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာခဲ့ပါတယ္။

Photo Credit

စီးတီးနည္းျပ ဂြါဒီယိုလာဟာ စေနေန႔က ၀က္စ္ဟမ္းကို ၀-၅ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အရန္ကစားသမားေတြအျဖစ္ ဘရာဗို၊ ကန္ဆယ္လို၊ ေအာ္တာမန္ဒီ၊ ဂန္ဒိုဂန္၊ ဘာနာဒိုေဆးလ္ဗား၊ ဖိုဒန္နဲ႔ အဂြဲ႐ိုးတို႔ကို ထည့္သြင္းခဲ့ပါတယ္။

Photo Credit

နဗီးလ္ကလည္း ေမာ္ရင္ညိဳရဲ႕ခန္႔မွန္းခ်က္ကို အျပည့္အ၀ေထာက္ခံခဲ့ၿပီး အသင္းေဟာင္း ယူႏုိက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေရးအတြက္ ခ်ဲလ္ဆီး၊ အာဆင္နယ္တုိ႔နဲ႔အားၿပိဳင္ရလိမ့္မယ္လုိ႔ ဆုိပါတယ္။

Photo Credit

”မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံမျဖစ္ႏိုင္သလို ခ်ဲလ္ဆီးလည္း ဒီအတုိင္းပါပဲ။ ယူႏုိက္တက္၊ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တုိ႔ရဲ႕ေရွ႕မွာ စပါး၊ လီဗာပူးနဲ႔ စီးတီးတုိ႔ေရာက္ေနၿပီလုိ႔ ထင္ပါတယ္”လုိ႔ နဗီးလ္က ေျပာပါတယ္။

Photo Credit

ေဆာင္းနက္စ္ကေတာ့ ခ်န္ပီယံဆုအတြက္ မႏွစ္ကလို လီဗာပူးနဲ႔စီးတီးပဲ အားၿပိဳင္ရလိမ့္မယ္လု႔ိ ဖြင့္ဟခဲ့ၿပီး သူတို႔ႏွစ္သင္းက တျခားအသင္းေတြထက္ ပိုေကာင္းေၾကာင္း ဆုိပါတယ္။

Photo Credit

Unicode

မော်ရင်ညိုရဲ့ချန်ပီယံလောင်းစာရင်းထဲမှာ အသင်းဟောင်းတွေတစ်သင်းမှမပါဝင်ဘဲ စီးတီးအရန်အသင်းလည်း ပါဝင်

ပေါ်တူဂီနိုင်ငံသား ဟိုဆေးမော်ရင်ညိုက ဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေကို ရွေးချယ်ခဲ့ရာ သူ့အသင်းဟောင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေ တစ်သင်းမှ ပါဝင်မလာဘဲ အံ့အားသင့်စရာအဖြစ် မန်စီးတီးအရန်အသင်းတောင် ပါဝင်လာကြောင်း သိရပါတယ်။
အသက် ၅၆နှစ်အရွယ်ရှိ ပေါ်တို၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်အသင်းနည်းပြဟောင်း မော်ရင်ညိုဟာ စကိုင်းစပို့တ်သတင်းဌာနမှာ အင်္ဂလန်နိုင်ငံသားတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ဆောင်းနက်စ်တို့နဲ့အတူ ဘောလုံးရေးရာသုံးသပ်သူအဖြစ် စတင်ဆောင်ရွက်မှာဖြစ်ပြီး ယနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့် ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ရဲ့ပွဲကြီးပွဲကောင်းကို စတင်သုံးသပ်မှာဖြစ်ပါတယ်။
သူ့ကို အဲဒီအစီအစဉ်မှာ မေးခွန်းအများအပြားမေးခဲ့ရာမှာ ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို ရွေးထုတ်ဖို့လည်း ပါဝင်ခဲ့ပါတယ်။ ”ချန်ပီယံဖြစ်ဖို့က ၄သင်းပဲ ရှိပါတယ်။ မန်စီးတီး၊ စပါး၊ လီဗာပူးနဲ့ မန်စီးတီးအရန်အသင်းတွေပါ။ စီးတီးအရန်ခုံတန်းကို ကြည့်လိုက်တဲ့အခါ ဦးစားပေးစာရင်းထဲ ပါဝင်ခွင့်မရတဲ့ကစားသမားတွေကို ကြည့်ပြီး သူတို့ရဲ့အရန်အသင်းကတောင် အမှတ်ပေးချန်ပီယံဖြစ်နိုင်တယ်လို့ အတွေးဝင်ခဲ့ပါတယ်”လို့ မော်ရင်ညိုက ပြောခဲ့ပါတယ်။
စီးတီးနည်းပြ ဂွါဒီယိုလာဟာ စနေနေ့က ဝက်စ်ဟမ်းကို ဝ-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အရန်ကစားသမားတွေအဖြစ် ဘရာဗို၊ ကန်ဆယ်လို၊ အော်တာမန်ဒီ၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်နဲ့ အဂွဲရိုးတို့ကို ထည့်သွင်းခဲ့ပါတယ်။
နဗီးလ်ကလည်း မော်ရင်ညိုရဲ့ခန့်မှန်းချက်ကို အပြည့်အဝထောက်ခံခဲ့ပြီး အသင်းဟောင်း ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့အားပြိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။
”မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံမဖြစ်နိုင်သလို ချဲလ်ဆီးလည်း ဒီအတိုင်းပါပဲ။ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ရှေ့မှာ စပါး၊ လီဗာပူးနဲ့ စီးတီးတို့ရောက်နေပြီလို့ ထင်ပါတယ်”လို့ နဗီးလ်က ပြောပါတယ်။
ဆောင်းနက်စ်ကတော့ ချန်ပီယံဆုအတွက် မနှစ်ကလို လီဗာပူးနဲ့စီးတီးပဲ အားပြိုင်ရလိမ့်မယ်လု့ိ ဖွင့်ဟခဲ့ပြီး သူတို့နှစ်သင်းက တခြားအသင်းတွေထက် ပိုကောင်းကြောင်း ဆိုပါတယ်။