ေနာ္ေ၀ Wonderkid လုိ႔ တင္စားခံေနရတဲ့ လူငယ္ေလးကိုေခၚယူႏုိင္ခဲ့တဲ့ မန္ယူ

Photo Credit: Mirror
Photo Credit: Mirror

မန္ယူအသင္းဟာ ေနာ္ေ၀ေဘာလံုးေလာကအတြက္ အလားအလာေကာင္းေတြမ်ားစြာရွိသူအျဖစ္ ေက်ာ္ၾကားေနတဲ့ လူငယ္ကစားသမားေလး အုိင္ဆက္ဟန္ဆန္အာရိုယန္ကိုေခၚယူႏုိင္ခဲ့ၿပီလုိ႔ ထုတ္ျပန္ေၾကညာလုိက္ပါတယ္။

Photo Credit: Mirror

အသက္ 14 ႏွစ္အရြယ္သာရွိေသးတဲ့ အာရိုယန္ဟာ လီဗာပူး၊ အဲဗာတန္နဲ႔ မန္ယူအသင္း 3 သင္းစလံုးမွာ ေျခစြမ္းစမ္းသပ္မႈေတြခံယူခဲ့သူျဖစ္ၿပီး အဆံုးသတ္မွာေတာ့ မန္ယူအသင္းကိုသာေရြးခ်ယ္လုိက္တာျဖစ္ပါတယ္။ ထရြန္ဆိုအသင္းသားျဖစ္တဲ့ အာရိုယန္အတြက္ မန္ယူအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ 900,000 ေပးေခ်ရမွာျဖစ္ၿပီး ဖီဖာရဲ႕စည္းမ်ဥ္းေၾကာင့္ လာမယ့္ႏွစ္ ၾသဂုတ္ 22 ရက္ေန႔ေရာက္မွသာ မန္ယူအသင္းနဲ႔ တရား၀င္ပူးေပါင္းႏုိင္မွာျဖစ္ပါတယ္။

Photo Credit: Mirror

ဖီဖာဟာ လူငယ္ကစားသမားေတြကိုေခၚယူတဲ့ေနရာမွာ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြရွိထားၿပီး အာရိုဟန္အေနန႔ဲ သူ႕အသက္ 16 ႏွစ္ျပည့္မယ့္္ 2020 ၾသဂုတ္ 22 မွသာ မန္ယူကို တရား၀င္ေျပာင္းေရႊ႕ႏုိင္မွာပါ။ သူဟာ 2017 ေအာက္တုိဘာက လီဗာပူးနဲ႔စမ္းသပ္မႈခံယူခဲ့ေသးၿပီး 2018 အတြင္းမွာေတာ့ မန္ယူအကယ္ဒမီမွာ ႀကိမ္ဖန္မ်ားစြာစမ္းသပ္မႈခံယူကာ ေနာ္ေ၀ဂႏၳ၀င္တစ္ဦးျဖစ္တဲ့ ဆုိးလ္ရွားကိုင္တြယ္ေနတဲ့ မန္ယူကိုသာေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ အာရုိယန္ကိုေခၚယူခဲ့မႈရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ မန္ယူအသင္းဟာ အသက္ 19 ႏွစ္အရြယ္ ကြင္းလယ္လူအိုင္ဒန္ဘာလုိကို ထရြန္ဆိုအသင္းထံ အငွားခ်ထားခဲ့ရတယ္လုိ႔လည္း သိရပါတယ္။

Photo Credit: Mirror

(Unicode)

နော်ေ၀ Wonderkid လို့ တင်စားခံနေရတဲ့ လူငယ်လေးကိုခေါ်ယူနိုင်ခဲ့တဲ့ မန်ယူ

မန်ယူအသင်းဟာ နော်ဝေဘောလုံးလောကအတွက် အလားအလာကောင်းတွေများစွာရှိသူအဖြစ် ကျော်ကြားနေတဲ့ လူငယ်ကစားသမားလေး အိုင်ဆက်ဟန်ဆန်အာရိုယန်ကိုခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် 14 နှစ်အရွယ်သာရှိသေးတဲ့ အာရိုယန်ဟာ လီဗာပူး၊ အဲဗာတန်နဲ့ မန်ယူအသင်း 3 သင်းစလုံးမှာ ခြေစွမ်းစမ်းသပ်မှုတွေခံယူခဲ့သူဖြစ်ပြီး အဆုံးသတ်မှာတော့ မန်ယူအသင်းကိုသာရွေးချယ်လိုက်တာဖြစ်ပါတယ်။ ထရွန်ဆိုအသင်းသားဖြစ်တဲ့ အာရိုယန်အတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် 900,000 ပေးချေရမှာဖြစ်ပြီး ဖီဖာရဲ့စည်းမျဉ်းကြောင့် လာမယ့်နှစ် သြဂုတ် 22 ရက်နေ့ရောက်မှသာ မန်ယူအသင်းနဲ့ တရားဝင်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။

ဖီဖာဟာ လူငယ်ကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာ စည်းမျဉ်းကန့်သတ်ချက်တွေရှိထားပြီး အာရိုဟန်အနေနဲ့ သူ့အသက် 16 နှစ်ပြည့်မယ့် 2020 သြဂုတ် 22 မှသာ မန်ယူကို တရားဝင်ပြောင်းရွှေ့နိုင်မှာပါ။ သူဟာ 2017 အောက်တိုဘာက လီဗာပူးနဲ့စမ်းသပ်မှုခံယူခဲ့သေးပြီး 2018 အတွင်းမှာတော့ မန်ယူအကယ်ဒမီမှာ ကြိမ်ဖန်များစွာစမ်းသပ်မှုခံယူကာ နော်ဝေဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဆိုးလ်ရှားကိုင်တွယ်နေတဲ့ မန်ယူကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာရိုယန်ကိုခေါ်ယူခဲ့မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မန်ယူအသင်းဟာ အသက် 19 နှစ်အရွယ် ကွင်းလယ်လူအိုင်ဒန်ဘာလိုကို ထရွန်ဆိုအသင်းထံ အငှားချထားခဲ့ရတယ်လို့လည်း သိရပါတယ်။