ေဒးဗစ္ေဆးလ္ဗားနဲ႔ပတ္သက္ၿပီး သူ႕ရဲ႕ႀကီးမားတဲ့အမွားကို ဂြါဒီယိုလာထုတ္ေဖာ္၀န္ခံ

Photo Credit: Getty Images
Photo Credit: Getty Images

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက ကြင္းလယ္လူေဒးဗစ္ေဆးလ္ဗားနဲ႔ပတ္သက္ၿပီး အတိတ္က သူ႕ရဲ႕ႀကီးမားတဲ့အမွားအယြင္းကို ထုတ္ေဖာ္၀န္ခံလုိက္ၿပီး ေဆးလ္ဗားရဲ႕တည္ေဆာက္ပံုအရ ႀကံ့ခိုင္မႈအားျပဳလြန္းတဲ့ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈရမွာမဟုတ္ဘူးလုိ႔ ယူဆခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

အသက္ 33 ႏွစ္အရြယ္ ေဒးဗစ္ေဆးလ္ဗားဟာ 2010-11 ရာသီက မန္စီးတီးကုိ ဗလင္စီယာကေန နည္းျပေဟာင္းမန္ခ်ီနီရဲ႕ေခၚယူမႈနဲ႔အတူ ေရာက္ရွိလာခဲ့တာပါ။ တနဂၤေႏြမွာကစားမယ့္ ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ မန္စီးတီးအသင္းနဲ႔အတူ ပြဲ 400 ျပည့္ေတာ့မယ့္ ေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ 9 ရာသီၾကာသက္တမ္းအတြင္း ပရီးမီးယားလိဂ္ဖလား 4 ႀကိမ္ရရွိခဲ့ၿပီး မန္စီးတီးရဲ႕ ေအာင္ျမင္တဲ့ေခတ္သစ္တစ္ခုအတြက္ အေရးပါဆံုးကစားသမားတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

Photo Credit: Getty Images

လက္ရွိမွာ မန္စီးတီးနဲ႔ ေနာက္ဆံုးရာသီအျဖစ္ ပါ၀င္ကစားေနတဲ့ ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈေပါင္ 83 ႀကိမ္ျပဳလုပ္ထားႏုိင္ခဲ့ၿပီး 2010 က မန္စီးတီးကိုေရာက္လာၿပီးေနာက္ပိုင္း ၿပိဳင္ပြဲတစ္ခုလံုးမွာ သူ႕ထက္ပိုမ်ားတဲ့သူတစ္ဦးမွမရွိခဲ့ပါဘူး။ ဒါ့အျပင္ ေဆးလ္ဗားဟာ ဂိုးရႏုိင္ေလာက္တဲ့ အေရးပါတဲ့ဖန္တီးမႈေပါင္းလည္း 745 ႀကိမ္အထိျပဳလုပ္ခဲ့လုိ႔ 2010 ေနာက္ပိုင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးမွတ္တမ္းလည္းျဖစ္ခဲ့ပါတယ္။ ေဆးလ္ဗားေရာက္လာၿပီးေနာက္ပိုင္း မန္စီးတီးရဲ႕ ဆုဖလားအေရအတြက္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူထက္ 2 ဆပိုမ်ားခဲ့ၿပီး မန္ခ်က္စတာကို လႊမ္းမုိးႏုိင္ဖုိ႔အတြက္လည္း အဓိကပံ့ပုိးေပးႏုိင္ခဲ့ပါတယ္။

Photo Credit: Getty Images

ဒါေၾကာင့္လည္း ဂြါဒီယိုလာက ”အဂၤလန္ျပင္ပက လူတစ္ေယာက္အေနနဲ႔ ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္မွာ ရုန္းကန္ရမယ္လုိ႔လည္း ထင္ခဲ့တာပါ။ ကၽြန္ေတာ္လံုး၀မွားယြင္းသြားခဲ့ပါတယ္။ သူဟာ ကၽြန္ေတာ္ျမင္ေတြ႕ဖူးသမွ်ထဲမွာ အရည္အေသြးအျမင့္ဆံုးကစားသမားတစ္ဦးပါပဲ။ တစ္ရာသီေလာက္ေတာ့ ေကာင္းေကာင္းကစားႏုိင္တာမ်ဳိးရွိတတ္ပါတယ္။ ဒါေပမဲ့ ေဆးလ္ဗားက 10 ရာသီေလာက္ အဲဒီလိုလုပ္ျပခဲ့တာျဖစ္လုိ႔ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ပရီးမီးယားလိဂ္မွာ အဲဒါမ်ဳိးလုပ္ႏုိင္ဖုိ႔က လံုး၀မလြယ္ကူပါဘူး။ ဒီအတြက္ သူ႕ကိုယ္သူဂုဏ္ယူသင့္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

(Unicode)

ဒေးဗစ်ဆေးလ်ဗားနဲ့ပတ်သက်ပြီး သူ့ရဲ့ကြီးမားတဲ့အမှားကို ဂွါဒီယိုလာထုတ်ဖော်ဝန်ခံ

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ကွင်းလယ်လူဒေးဗစ်ဆေးလ်ဗားနဲ့ပတ်သက်ပြီး အတိတ်က သူ့ရဲ့ကြီးမားတဲ့အမှားအယွင်းကို ထုတ်ဖော်ဝန်ခံလိုက်ပြီး ဆေးလ်ဗားရဲ့တည်ဆောက်ပုံအရ ကြံ့ခိုင်မှုအားပြုလွန်းတဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ ယူဆခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် 33 နှစ်အရွယ် ဒေးဗစ်ဆေးလ်ဗားဟာ 2010-11 ရာသီက မန်စီးတီးကို ဗလင်စီယာကနေ နည်းပြဟောင်းမန်ချီနီရဲ့ခေါ်ယူမှုနဲ့အတူ ရောက်ရှိလာခဲ့တာပါ။ တနင်္ဂနွေမှာကစားမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့အတူ ပွဲ 400 ပြည့်တော့မယ့် ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ 9 ရာသီကြာသက်တမ်းအတွင်း ပရီးမီးယားလိဂ်ဖလား 4 ကြိမ်ရရှိခဲ့ပြီး မန်စီးတီးရဲ့ အောင်မြင်တဲ့ခေတ်သစ်တစ်ခုအတွက် အရေးပါဆုံးကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီးနဲ့ နောက်ဆုံးရာသီအဖြစ် ပါဝင်ကစားနေတဲ့ ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုပေါင် 83 ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး 2010 က မန်စီးတီးကိုရောက်လာပြီးနောက်ပိုင်း ပြိုင်ပွဲတစ်ခုလုံးမှာ သူ့ထက်ပိုများတဲ့သူတစ်ဦးမှမရှိခဲ့ပါဘူး။ ဒါ့အပြင် ဆေးလ်ဗားဟာ ဂိုးရနိုင်လောက်တဲ့ အရေးပါတဲ့ဖန်တီးမှုပေါင်းလည်း 745 ကြိမ်အထိပြုလုပ်ခဲ့လို့ 2010 နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးမှတ်တမ်းလည်းဖြစ်ခဲ့ပါတယ်။ ဆေးလ်ဗားရောက်လာပြီးနောက်ပိုင်း မန်စီးတီးရဲ့ ဆုဖလားအရေအတွက်ဟာ မြို့ခံပြိုင်ဘက်မန်ယူထက် 2 ဆပိုများခဲ့ပြီး မန်ချက်စတာကို လွှမ်းမိုးနိုင်ဖို့အတွက်လည်း အဓိကပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဂွါဒီယိုလာက ”အင်္ဂလန်ပြင်ပက လူတစ်ယောက်အနေနဲ့ ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ်လို့လည်း ထင်ခဲ့တာပါ။ ကျွန်တော်လုံးဝမှားယွင်းသွားခဲ့ပါတယ်။ သူဟာ ကျွန်တော်မြင်တွေ့ဖူးသမျှထဲမှာ အရည်အသွေးအမြင့်ဆုံးကစားသမားတစ်ဦးပါပဲ။ တစ်ရာသီလောက်တော့ ကောင်းကောင်းကစားနိုင်တာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ ဆေးလ်ဗားက 10 ရာသီလောက် အဲဒီလိုလုပ်ပြခဲ့တာဖြစ်လို့ မယုံနိုင်လောက်အောင်ပါပဲ။ ပရီးမီးယားလိဂ်မှာ အဲဒါမျိုးလုပ်နိုင်ဖို့က လုံးဝမလွယ်ကူပါဘူး။ ဒီအတွက် သူ့ကိုယ်သူဂုဏ်ယူသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။