ေစ်းအႀကီးဆုံးမက္ဂြိဳင္းယားေၾကာင့္ ဘယ္ေနာက္ခံလူ ထြက္ရမလဲ

Photo Credit

Photo Credit ; Getty Images

ယူႏုိက္တက္အသင္းဟာ လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကို သမုိင္းတစ္ေလွ်ာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးေနာက္ခံလူအျဖစ္ ေခၚယူဖုိ႔ သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ရာ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္နဲ႔ပတ္သက္လုိ႔ ထြက္ေပၚလာတဲ့ေမးခြန္းကေတာ့ လက္ရွိယူႏိုက္တက္ခံစစ္မွဴးေတြထဲက ဘယ္သူ႕ရဲ႕အနာဂတ္ မေသမခ်ာျဖစ္ေနၿပီလဲဆုိတဲ့ေမးခြန္းပါပဲ။ ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားကို ေခၚယူဖို႔ လက္စတာအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈရရွိခဲ့ၿပီး ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ျဖစ္တဲ့ ေပါင္သန္း ၈၀ ေပးေခ်ဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ႀကံ့ခုိင္မႈျပည့္၀ေနရင္ ယူႏုိက္တက္အသင္းအတြက္ ပြဲတုိင္းနီးပါးကစားခြင့္ရရွိမွာေသခ်ာသေလာက္ရွိေနၿပီး ဒီအတြက္ေၾကာင့္လည္း အသင္းမွာရွိတဲ့ခံစစ္မွဴးေတြရဲ႕အနာဂတ္က သို႔ေလာသို႔ေလာျဖစ္လာတာပါ။ လက္ရွိယူႏုိက္တက္ဗဟိုခံစစ္မွဴး ၆ဦးရဲ႕အေနအထားကို Daily Mail သတင္းစာက သုံးသပ္ထားတာကို ျပန္လည္ေဖာ္ျပေပးလုိက္ပါတယ္။

Photo Credit ; Getty Images

အဲရစ္ဘုိင္လီ(၂၅ႏွစ္)
နည္းျပေဟာင္းေမာ္ရင္ညိဳလက္ထက္ ဗီလာရီးရဲလ္ကေန ေပါင္သန္း ၃၀နဲ႔ ေရာက္ရွိလာစဥ္က ပရိသတ္အႀကိဳက္ကစားသမားတစ္ဦးျဖစ္ခဲ့ေပမယ့္ လက္ရွိနည္းျပဆုိးလ္ရွားလက္ထက္မွာေတာ့ စြမ္းေဆာင္ရည္နဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရပါတယ္။

Photo Credit ; Getty Images

ယခုအခ်ိန္မွာလည္း စပါးနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ၄လကေန ၅လၾကား အနားယူေနရၿပီး အဲဒီဒဏ္ရာျပႆနာေၾကာင့္ပဲ ေစ်းကြက္ပိတ္သိမ္းမယ့္ ၾသဂုတ္လ ၈ရက္ေန႔မတုိင္ခင္ အသင္းေျပာင္းေရႊ႕ဖုိ႔ကလည္း မျဖစ္ႏိုင္ေတာ့ပါဘူး။ မက္ဂြိဳင္းယားေရာက္လာတာက ဘိုင္လီအတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ အာမခံခ်က္ပိုနည္းသြားေစမွာေသခ်ာၿပီး ကာယကံရွင္လည္း ၂၀၂၀ မတုိင္ခင္အထိ သူ႕ေနရာအတြက္ တုိက္ပြဲ၀င္ခြင့္ဆုံး႐ံႈးေနရတာကို စိတ္ပ်က္ေနပါတယ္။

Photo Credit ; Reuters

မားကို႔စ္႐ိုဟို(၂၉ႏွစ္)
ဘုိင္လီလုိမဟုတ္ဘဲ ႐ိုဟိုရဲ႕အနာဂတ္က ပိုမိုရွင္းလင္းျပတ္သားလာႏုိင္ၿပီး ယူႏုိက္တက္ကစားသမားအျဖစ္ မက္ဂြိဳင္းယား ကစားသမားသစ္မိတ္ဆက္ပြဲက်င္းပခ်ိန္မွာ အဲဒီအာဂ်င္တီးနားလက္ေရြးစင္လည္း အနည္းဆုံးအငွားစာခ်ဳပ္နဲ႔ ယူႏုိက္တက္ကေန ထြက္ခြာရဖို႔ မ်ားေနပါတယ္။ ႐ိုဟုိအေနနဲ႔ အသက္ ၂၉ႏွစ္ရွိေနၿပီမုိ႔လုိ႔ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ပိုမိုလိုအပ္ေနၿပီး ဘယ္ေနာက္ခံလူအျဖစ္ ကစားႏိုင္စြမ္းရွိတဲ့စြယ္စုံရကစားသမားျဖစ္ေနေပမယ့္ ၂၀၁၉-၂၀ ရာသီ ယူႏုိက္တက္ခံစစ္မွာ ေနရာရဖုိ႔က အခြင့္အေရးအေတာ္ေလးနည္းေနပါတယ္။

Photo Credit ; Reuters

ဒါေပမဲ့ တကယ္လုိ႔မ်ား ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားသာ ယူႏုိက္တက္ကို ေရာက္လာခဲ့ရင္ ႐ိုဟိုလည္း အသင္းမွာဆက္ကစားျဖစ္ဖုိ႔ မ်ားေနၿပီး အထူးသျဖင့္ အာဂ်င္တီးနားအသင္းေဖာ္ ဒီဘားလား ပတ္၀န္းက်င္အသစ္မွာ အထုိင္က်ေစေရးအတြက္ ႐ိုဟိုက အေကာင္းဆုံးကူညီေပးႏိုင္မွာမုိ႔လုိ႔ပါ။ ဒါေပမဲ့ ပုံမွန္အတိုင္းဆုိရင္ေတာ့ မက္ဂြိဳင္းယားေရာက္လာမယ့္သတင္းက ႐ိုဟုိအတြက္ သတင္းဆုိးတစ္ရပ္ျဖစ္ပါတယ္။

Photo Credit

ဗစ္တာလင္ဒီေလာ့ဖ္(၂၅ႏွစ္)
ဆီြဒင္လက္ေရြးစင္လင္ဒီေလာ့ဖ္ဟာ ဘင္ဖီကာအသင္းကေန စတင္ေရာက္ရွိလာတုန္းက နယ္ပယ္သစ္မွာ အထုိင္က်ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပုိင္းမွာ တစ္ျဖည္းျဖည္းအထုိင္က်လာၿပီး ယမန္ႏွစ္ရာသီက ယူႏိုက္တက္အသင္းရဲ႕ဦးစားေပးေနာက္ခံလူအျဖစ္ အေရးပါတဲ့ေနရာကေန ပါ၀င္ခြင့္ရခဲ့ပါတယ္။ အဲဒီအခ်က္က မက္ဂြိဳင္းယားေရာက္လာခ်ိန္မွာေတာင္ ေျပာင္းလဲသြားဖို႔ အေတာ္ေလးခက္ခဲေနၿပီး အျဖစ္ႏိုင္ဆုံးကေတာ့ ယူႏုိက္တက္ဗဟိုခံစစ္မွာ သူတုိ႔ႏွစ္ဦးသာ ႀကံ့ုခုိင္မႈျပည့္၀ေနမယ္ဆုိရင္ မက္ဂြိဳင္းယားနဲ႔လင္ဒီေလာ့ဖ္တို႔အတြဲကို ေတြ႕ျမင္ရဖု႔ိ မ်ားေနပါတယ္။

Photo Credit

ပြဲအေပၚ အေကာင္းဆုံးဖတ္႐ႈႏုိင္စြမ္းရွိတဲ့လင္ဒီေလာ့ဖ္ရဲ႕စြမ္းရည္က အံ့အားသင့္ဖြယ္တုိးတက္လာၿပီး အဂၤလိပ္ေဘာလုံးေလာကကစားဟန္နဲ႔လည္း တစ္ျဖည္းျဖည္းအံ၀င္လာပါတယ္။ ဘာစီလုိနာအသင္းရဲ႕စိတ္၀င္စားျခင္းခံေနရတယ္လုိ႔ သတင္းေတြထြက္ေပၚေနေပမယ့္ ယူႏုိက္တက္အသင္းမွာ ဆက္ရွိဖုိ႔ ေသခ်ာေနတဲ့ေနာက္ခံလူျဖစ္ပါတယ္။

Photo Credit ; Getty Images

ခရစၥစေမာလင္း(၂၉ႏွစ္)
ယူႏိုက္တက္ပရိသတ္ေတြၾကား လူႀကိဳက္မ်ားေရပန္းစားျခင္းမရွိေပမယ့္ စေမာလင္းဟာ လာမယ့္ရာသီနဲ႔ပါဆို အုိးလ္ထရက္ဖုိ႔ဒ္မွာ ၁၀ရာသီေျမာက္ျဖစ္လာေတာ့မွာျဖစ္ၿပီး အဲဒီအခ်ိန္ကာလအတြင္း အသင္းမွာ အ၀င္အထြက္ေတြအမ်ားအျပားရွိခဲ့ေပမယ့္ သူကေတာ့ ဘာအေျပာင္းအေရႊ႕သတင္းမွ မထြက္ေပၚဘဲ ယူႏုိက္တက္အသင္းသားအျဖစ္ ရွိေနခ့ဲပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ဒီဇင္ဘာလကလည္း ၂၀၂၂ ေႏြရာသီအထိရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိထားၿပီး အဲဒီအတြက္ေၾကာင့္ပဲ သူဟာ မက္ဂြိဳင္းယားေရာက္လာေပမယ့္ စေမာလင္းအတြက္ ယူႏုိက္တက္မွာ ေနရာတစ္ေနရာရဖုိ႔ စုိးရိမ္စရာမလိုဘူးဆုိတာ တြက္ဆႏိုင္ပါတယ္။ ၿပီးေတာ့ လာမယ့္ရာသီသစ္မွာ တကယ္လုိ႔ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယား အေၾကာင္းတစ္ခုခုေၾကာင့္ မကစားႏိုင္ရင္ နည္းျပဆုိးလ္ရွား ပထမဆုံးအစားထုိးထည့္သြင္းကစားမယ့္ ေနာက္ခံလူလည္းျဖစ္လာႏုိင္ပါတယ္။

Photo Credit

ဖီးလ္ဂ်ံဳးစ္(၂၇ႏွစ္)
ယခုႏွစ္အေစာပိုင္းက ဖီးလ္ဂ်ံဳးစ္ကို ေခၚယူဖို႔ ၀က္စ္ဟမ္းနဲ႔ အဲဗာတန္တုိ႔က စိတ္၀င္စားခဲ့ၿပီး ယူနုိက္တက္ကလည္း လက္ရွိအခ်ိန္မွာ သူ႕ကို ထြက္ခြာျပဳဖုိ႔ ဆႏၵရွိေနႏုိင္ပေမယ့္ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း သူ႕အတြက္ ကမ္းလွမ္းမႈတစ္စုံတစ္ရာလက္ခံမရရွိေသးပါဘူး။

Photo Credit

သူဟာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလက ၂၀၂၃ အထိရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆုိခ့ဲေပမယ့္ လက္ရိွအခ်ိန္မွာ ပြဲထြက္ကစားခြင့္ရဖို႔ သူ႕ရဲ႕အခြင့္အေရးက စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့စဥ္က ပိုနည္းလာပါတယ္။ ဗဟိုေနာက္ခံလူ ၂ေနရာအတြက္ ဖီးလ္ဂ်ံဳးစ္ဟာ စတုတၳေျမာက္ဦးစားေပးျဖစ္လာႏိုင္ပါတယ္။

Photo Credit

တြမ္ဇီဘီ (၂၁ႏွစ္)
တြစ္ဇီဘီကို ယူႏုိက္တက္အသင္းက အနာဂတ္မွာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ေနာက္ခံလူျဖစ္လာလိမ့္မယ္လုိ႔ လက္ခံယုံၾကည္ထားၿပီး သူ႕ကို အၿမဲတမ္းစာခ်ဳပ္နဲ႔ အဆုံး႐ႈံးခံမွာမဟုတ္တာ ေသခ်ာပါတယ္။ ကစားသမားကုိယ္တုိင္ကလည္း ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပြဲကစားခြင့္ရရွိခဲ့ၿပီးေနာက္ ယူႏုိက္တက္အသင္းမွာ သူ႕အတြက္ အခြင့္အေရးရွိ၊ မရွိဆုိတာကို အနည္းဆုံးခရစၥမတ္ကာလအထိ ေစာင့္ၾကည့္လိုေနပါတယ္။ ဒါေပမဲ့ မက္ဂြိဳင္းယားေရာက္ရွိလာတာက တြမ္ဇီဘီအတြက္ ေမွ်ာ္လင့္ခ်က္မရွိသေလာက္ျဖစ္သြားၿပီး ယမန္ႏွစ္ရာသီက တစ္ရာသီအငွားနဲ႔ကစားခဲ့တဲ့တန္းတက္အက္စ္တြန္ဗီလာအသင္းထံ ေနာက္ထပ္အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ဖို႔က ရာခုိင္ႏႈန္းမ်ားလာၿပီး ယူႏုိက္တက္အသင္းကလည္း ပရီးမီးယားလိဂ္အေတြ႕အႀကံဳရရွိမွာျဖစ္လုိ႔ တြမ္ဇီဘီကို ပရီးမီးယားလိဂ္တန္းတက္အသင္းထံ အငွားနဲ႔ ထပ္မံေစလႊတ္ဖြယ္ရွိေနပါတယ္။

Photo Credit

Unicode

ဈေးအကြီးဆုံးမက်ဂွိုင်းယားကြောင့် ဘယ်နောက်ခံလူ ထွက်ရမလဲ

ယူနိုက်တက်အသင်းဟာ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကို သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူအဖြစ် ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ရာ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ပတ်သက်လို့ ထွက်ပေါ်လာတဲ့မေးခွန်းကတော့ လက်ရှိယူနိုက်တက်ခံစစ်မှူးတွေထဲက ဘယ်သူ့ရဲ့အနာဂတ် မသေမချာဖြစ်နေပြီလဲဆိုတဲ့မေးခွန်းပါပဲ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့သောကြာနေ့က အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားကို ခေါ်ယူဖို့ လက်စတာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီး နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ဖြစ်တဲ့ ပေါင်သန်း ၈၀ ပေးချေဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ကြံ့ခိုင်မှုပြည့်ဝနေရင် ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းနီးပါးကစားခွင့်ရရှိမှာသေချာသလောက်ရှိနေပြီး ဒီအတွက်ကြောင့်လည်း အသင်းမှာရှိတဲ့ခံစစ်မှူးတွေရဲ့အနာဂတ်က သို့လောသို့လောဖြစ်လာတာပါ။ လက်ရှိယူနိုက်တက်ဗဟိုခံစစ်မှူး ၆ဦးရဲ့အနေအထားကို Daily Mail သတင်းစာက သုံးသပ်ထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဲရစ်ဘိုင်လီ(၂၅နှစ်)
နည်းပြဟောင်းမော်ရင်ညိုလက်ထက် ဗီလာရီးရဲလ်ကနေ ပေါင်သန်း ၃၀နဲ့ ရောက်ရှိလာစဉ်က ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိနည်းပြဆိုးလ်ရှားလက်ထက်မှာတော့ စွမ်းဆောင်ရည်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ယခုအချိန်မှာလည်း စပါးနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၄လကနေ ၅လကြား အနားယူနေရပြီး အဲဒီဒဏ်ရာပြဿနာကြောင့်ပဲ ဈေးကွက်ပိတ်သိမ်းမယ့် သြဂုတ်လ ၈ရက်နေ့မတိုင်ခင် အသင်းပြောင်းရွှေ့ဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ မက်ဂွိုင်းယားရောက်လာတာက ဘိုင်လီအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမခံချက်ပိုနည်းသွားစေမှာသေချာပြီး ကာယကံရှင်လည်း ၂၀၂၀ မတိုင်ခင်အထိ သူ့နေရာအတွက် တိုက်ပွဲဝင်ခွင့်ဆုံးရှုံးနေရတာကို စိတ်ပျက်နေပါတယ်။

မားကို့စ်ရိုဟို(၂၉နှစ်)
ဘိုင်လီလိုမဟုတ်ဘဲ ရိုဟိုရဲ့အနာဂတ်က ပိုမိုရှင်းလင်းပြတ်သားလာနိုင်ပြီး ယူနိုက်တက်ကစားသမားအဖြစ် မက်ဂွိုင်းယား ကစားသမားသစ်မိတ်ဆက်ပွဲကျင်းပချိန်မှာ အဲဒီအာဂျင်တီးနားလက်ရွေးစင်လည်း အနည်းဆုံးအငှားစာချုပ်နဲ့ ယူနိုက်တက်ကနေ ထွက်ခွာရဖို့ များနေပါတယ်။ ရိုဟိုအနေနဲ့ အသက် ၂၉နှစ်ရှိနေပြီမို့လို့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ပိုမိုလိုအပ်နေပြီး ဘယ်နောက်ခံလူအဖြစ် ကစားနိုင်စွမ်းရှိတဲ့စွယ်စုံရကစားသမားဖြစ်နေပေမယ့် ၂၀၁၉-၂၀ ရာသီ ယူနိုက်တက်ခံစစ်မှာ နေရာရဖို့က အခွင့်အရေးအတော်လေးနည်းနေပါတယ်။ ဒါပေမဲ့ တကယ်လို့များ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားသာ ယူနိုက်တက်ကို ရောက်လာခဲ့ရင် ရိုဟိုလည်း အသင်းမှာဆက်ကစားဖြစ်ဖို့ များနေပြီး အထူးသဖြင့် အာဂျင်တီးနားအသင်းဖော် ဒီဘားလား ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျစေရေးအတွက် ရိုဟိုက အကောင်းဆုံးကူညီပေးနိုင်မှာမို့လို့ပါ။ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင်တော့ မက်ဂွိုင်းယားရောက်လာမယ့်သတင်းက ရိုဟိုအတွက် သတင်းဆိုးတစ်ရပ်ဖြစ်ပါတယ်။

ဗစ်တာလင်ဒီလော့ဖ်(၂၅နှစ်)
ဆွီဒင်လက်ရွေးစင်လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်းကနေ စတင်ရောက်ရှိလာတုန်းက နယ်ပယ်သစ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းအထိုင်ကျလာပြီး ယမန်နှစ်ရာသီက ယူနိုက်တက်အသင်းရဲ့ဦးစားပေးနောက်ခံလူအဖြစ် အရေးပါတဲ့နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီအချက်က မက်ဂွိုင်းယားရောက်လာချိန်မှာတောင် ပြောင်းလဲသွားဖို့ အတော်လေးခက်ခဲနေပြီး အဖြစ်နိုင်ဆုံးကတော့ ယူနိုက်တက်ဗဟိုခံစစ်မှာ သူတို့နှစ်ဦးသာ ကြံ့ုခိုင်မှုပြည့်ဝနေမယ်ဆိုရင် မက်ဂွိုင်းယားနဲ့လင်ဒီလော့ဖ်တို့အတွဲကို တွေ့မြင်ရဖု့ိ များနေပါတယ်။ ပွဲအပေါ် အကောင်းဆုံးဖတ်ရှုနိုင်စွမ်းရှိတဲ့လင်ဒီလော့ဖ်ရဲ့စွမ်းရည်က အံ့အားသင့်ဖွယ်တိုးတက်လာပြီး အင်္ဂလိပ်ဘောလုံးလောကကစားဟန်နဲ့လည်း တစ်ဖြည်းဖြည်းအံဝင်လာပါတယ်။ ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ သေချာနေတဲ့နောက်ခံလူဖြစ်ပါတယ်။

ခရစ္စစမောလင်း(၂၉နှစ်)
ယူနိုက်တက်ပရိသတ်တွေကြား လူကြိုက်များရေပန်းစားခြင်းမရှိပေမယ့် စမောလင်းဟာ လာမယ့်ရာသီနဲ့ပါဆို အိုးလ်ထရက်ဖို့ဒ်မှာ ၁၀ရာသီမြောက်ဖြစ်လာတော့မှာဖြစ်ပြီး အဲဒီအချိန်ကာလအတွင်း အသင်းမှာ အဝင်အထွက်တွေအများအပြားရှိခဲ့ပေမယ့် သူကတော့ ဘာအပြောင်းအရွှေ့သတင်းမှ မထွက်ပေါ်ဘဲ ယူနိုက်တက်အသင်းသားအဖြစ် ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း ၂၀၂၂ နွေရာသီအထိရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုထားပြီး အဲဒီအတွက်ကြောင့်ပဲ သူဟာ မက်ဂွိုင်းယားရောက်လာပေမယ့် စမောလင်းအတွက် ယူနိုက်တက်မှာ နေရာတစ်နေရာရဖို့ စိုးရိမ်စရာမလိုဘူးဆိုတာ တွက်ဆနိုင်ပါတယ်။ ပြီးတော့ လာမယ့်ရာသီသစ်မှာ တကယ်လို့ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယား အကြောင်းတစ်ခုခုကြောင့် မကစားနိုင်ရင် နည်းပြဆိုးလ်ရှား ပထမဆုံးအစားထိုးထည့်သွင်းကစားမယ့် နောက်ခံလူလည်းဖြစ်လာနိုင်ပါတယ်။

ဖီးလ်ဂျုံးစ်(၂၇နှစ်)
ယခုနှစ်အစောပိုင်းက ဖီးလ်ဂျုံးစ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့က စိတ်ဝင်စားခဲ့ပြီး ယူနိုက်တက်ကလည်း လက်ရှိအချိန်မှာ သူ့ကို ထွက်ခွာပြုဖို့ ဆန္ဒရှိနေနိုင်ပမေယ့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း သူ့အတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာလက်ခံမရရှိသေးပါဘူး။ သူဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ၂၀၂၃ အထိရှိမယ့် ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာ ပွဲထွက်ကစားခွင့်ရဖို့ သူ့ရဲ့အခွင့်အရေးက စာချုပ်သစ်ချုပ်ဆိုခဲ့စဉ်က ပိုနည်းလာပါတယ်။ ဗဟိုနောက်ခံလူ ၂နေရာအတွက် ဖီးလ်ဂျုံးစ်ဟာ စတုတ္ထမြောက်ဦးစားပေးဖြစ်လာနိုင်ပါတယ်။

တွမ်ဇီဘီ (၂၁နှစ်)
တွစ်ဇီဘီကို ယူနိုက်တက်အသင်းက အနာဂတ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့နောက်ခံလူဖြစ်လာလိမ့်မယ်လို့ လက်ခံယုံကြည်ထားပြီး သူ့ကို အမြဲတမ်းစာချုပ်နဲ့ အဆုံးရှုံးခံမှာမဟုတ်တာ သေချာပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ရာသီကြိုခြေစမ်းပွဲတွေမှာ ပွဲကစားခွင့်ရရှိခဲ့ပြီးနောက် ယူနိုက်တက်အသင်းမှာ သူ့အတွက် အခွင့်အရေးရှိ၊ မရှိဆိုတာကို အနည်းဆုံးခရစ္စမတ်ကာလအထိ စောင့်ကြည့်လိုနေပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားရောက်ရှိလာတာက တွမ်ဇီဘီအတွက် မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပြီး ယမန်နှစ်ရာသီက တစ်ရာသီအငှားနဲ့ကစားခဲ့တဲ့တန်းတက်အက်စ်တွန်ဗီလာအသင်းထံ နောက်ထပ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့က ရာခိုင်နှုန်းများလာပြီး ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ်အတွေ့အကြုံရရှိမှာဖြစ်လို့ တွမ်ဇီဘီကို ပရီးမီးယားလိဂ်တန်းတက်အသင်းထံ အငှားနဲ့ ထပ်မံစေလွှတ်ဖွယ်ရှိနေပါတယ်။