ေကာ္တင္ဟိုကို တစ္ရာသီအငွားနဲ႔ေခၚယူဖုိ႔ သေဘာတူညီမႈရခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္

Photo Credit: Getty Images
Photo Credit: Getty Images

ဘာစီလိုနာမွာ ပံုမွန္ပြဲထြက္ခြင့္ရဖုိ႔ရုန္းကန္ေနရတဲ့ ဘရာဇီးကြင္းလယ္လူေကာ္တင္ဟိုကို ဘုိင္ယန္ျမဴးနစ္အသင္းက တစ္ရာသီအငွားနဲ႔ေခၚယူဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီလုိ႔ ႏွစ္ဖက္အသင္းတာ၀န္ရွိသူေတြက အတည္ျပဳခဲ့ၾကပါတယ္။

Photo Credit: Getty Images

အသက္ 27 ႏွစ္အရြယ္ ေက္ာတင္ဟုိဟာ 2017-18 ရာသီက လီဗာပူးကေန ဘာစီလိုနာကို ေပါင္ 145 သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ပံုမွန္ေျခစြမ္းမျပႏုိင္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရပါတယ္။ ဒီေႏြရာသီတစ္ေလွ်ာက္လံုးမွာလည္း ႏူးကမ့္ကေန ေကာ္တင္ဟိုထြက္ခြာဖုိ႔ေရပန္းစားေနခဲ့ၿပီး အေစာပိုင္းက ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာကိုေခၚယူေရးမွာ အသံုးခ်ခံရမယ္လုိ႔သတင္းထြက္ခဲ့ေပမယ့္ အဆံုးသတ္မွာေတာ့ ဘုိင္ယန္ျမဴးနစ္ကိုသာ အငွားနဲ႔ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈရရွိခဲ့တာပါ။

Photo Credit: Getty Images

ဘုိင္ယန္ျမဴးနစ္စီအီးအိုရူမင္နစ္ဂီနဲ႔ အားကစားဒါရိုက္တာ ဆာလီဟာမစ္ဇစ္တုိ႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ဘာစီလိုနာၿမိဳ႕ကိုသြားေရာက္ကာ ေကာ္တင္ဟိုကိုေခၚယူဖုိ႔ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီး ဒီရာသီကုန္ခ်ိန္အထိ အငွားနဲ႔ေခၚယူကာ လာမယ့္ႏွစ္မွာေတာ့ တန္ေၾကးတစ္ရပ္နဲ႔ အၿမဲတမ္းစာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ မူအားျဖင့္သေဘာတူညီခဲ့ၾကတာပါ။ ဒီသတင္းကို ဆာလီဟာမစ္ဇစ္ကိုယ္တုိင္က အတည္ျပဳခဲ့ၿပီး စာခ်ဳပ္အၿပီးသတ္ဖုိ႔နဲ႔ ေဆးစစ္မႈခံယူဖုိ႔သာလုိအပ္ေတာ့တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။

Photo Credit: Getty Images

”ရူမင္နစ္ဂီနဲ႔အတူ ဒီတစ္ပတ္အတြင္းမွာ ဘာစီလိုနာကိုေရာက္ေနတာျဖစ္ၿပီး ေကာ္တင္ဟိုကိုေခၚယူဖုိ႔အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီဆုိတာကို ကၽြန္ေတာ္အတည္ျပဳႏုိင္ပါတယ္။ အရမ္းကိုအဆင္ေျပတဲ့ေဆြးေႏြးမႈေတြျဖစ္ခဲ့ၿပီး ဘာစီလိုနာအသင္းကိုလည္း ေက်းဇူးတင္ပါတယ္။ လက္ရွိမွာ ေဆးစစ္မႈခံယူဖုိ႔နဲ႔ စာခ်ဳပ္လက္မွတ္ေရးထုိးမႈေတြလုိ အေသးစိတ္တခ်ဳိ႕ပဲက်န္ရွိေတာ့တာပါ။ ဒီရာသီကုန္ခ်ိန္အထိ တစ္ရာသီအငွားေခၚမွာျဖစ္ၿပီး အၿပီးသတ္၀ယ္ယူမယ့္အခ်က္လည္းပါ၀င္ပါတယ္”လုိ႔ ဆာလီဟာမစ္ဇစ္က ေျပာၾကားခဲ့ပါတယ္။ ေကာ္တင္ဟိုဟာ ဘာစီလုိနာက ဘီလ္ဘာအုိကုိရႈံးနိမ့္ခဲ့တဲ့ ေသာၾကာည လာလီဂါအဖြင့္ပြဲစဥ္လူစာရင္းမွာလည္းပါ၀င္ခဲ့ျခင္းမရွိပါဘူး။ သူဟာ ဒီေႏြရာသီအတြင္း ပါဗက္၊ လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ ပါရီဆစ္တုိ႔ၿပီးရင္ ဘုိင္ယန္ကိုေရာက္ရွိလာတ့ဲ စတုတၳေျမာက္ကစားသမားသစ္လည္းျဖစ္လာခဲ့ပါတယ္။

(Unicode)

ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဘရာဇီးကွင်းလယ်လူကော်တင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းက တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ နှစ်ဖက်အသင်းတာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။

အသက် 27 နှစ်အရွယ် ကေ်ာတင်ဟိုဟာ 2017-18 ရာသီက လီဗာပူးကနေ ဘာစီလိုနာကို ပေါင် 145 သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမယ့် ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနွေရာသီတစ်လျှောက်လုံးမှာလည်း နူးကမ့်ကနေ ကော်တင်ဟိုထွက်ခွာဖို့ရေပန်းစားနေခဲ့ပြီး အစောပိုင်းက ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကိုခေါ်ယူရေးမှာ အသုံးချခံရမယ်လို့သတင်းထွက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဘိုင်ယန်မြူးနစ်ကိုသာ အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ဘိုင်ယန်မြူးနစ်စီအီးအိုရူမင်နစ်ဂီနဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘာစီလိုနာမြို့ကိုသွားရောက်ကာ ကော်တင်ဟိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဒီရာသီကုန်ချိန်အထိ အငှားနဲ့ခေါ်ယူကာ လာမယ့်နှစ်မှာတော့ တန်ကြေးတစ်ရပ်နဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုဖို့ မူအားဖြင့်သဘောတူညီခဲ့ကြတာပါ။ ဒီသတင်းကို ဆာလီဟာမစ်ဇစ်ကိုယ်တိုင်က အတည်ပြုခဲ့ပြီး စာချုပ်အပြီးသတ်ဖို့နဲ့ ဆေးစစ်မှုခံယူဖို့သာလိုအပ်တော့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

”ရူမင်နစ်ဂီနဲ့အတူ ဒီတစ်ပတ်အတွင်းမှာ ဘာစီလိုနာကိုရောက်နေတာဖြစ်ပြီး ကော်တင်ဟိုကိုခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဆိုတာကို ကျွန်တော်အတည်ပြုနိုင်ပါတယ်။ အရမ်းကိုအဆင်ပြေတဲ့ဆွေးနွေးမှုတွေဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ လက်ရှိမှာ ဆေးစစ်မှုခံယူဖို့နဲ့ စာချုပ်လက်မှတ်ရေးထိုးမှုတွေလို အသေးစိတ်တချို့ပဲကျန်ရှိတော့တာပါ။ ဒီရာသီကုန်ချိန်အထိ တစ်ရာသီအငှားခေါ်မှာဖြစ်ပြီး အပြီးသတ်ဝယ်ယူမယ့်အချက်လည်းပါဝင်ပါတယ်”လို့ ဆာလီဟာမစ်ဇစ်က ပြောကြားခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာက ဘီလ်ဘာအိုကိုရှုံးနိမ့်ခဲ့တဲ့ သောကြာည လာလီဂါအဖွင့်ပွဲစဉ်လူစာရင်းမှာလည်းပါဝင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ဒီနွေရာသီအတွင်း ပါဗက်၊ လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့ ပါရီဆစ်တို့ပြီးရင် ဘိုင်ယန်ကိုရောက်ရှိလာတဲ့ စတုတ္ထမြောက်ကစားသမားသစ်လည်းဖြစ်လာခဲ့ပါတယ်။