ေကာ္တင္ညိဳကို ပရီးမီးယားလိဂ္ ကလပ္ေတြဆီ အငွားနဲ႔ ေစလႊတ္လုိေပမယ့္ ေပါင္ ၂၇သန္းအထိ ဘာစီလုိနာ အလိုရွိ

Photo Credit ; Reuters

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ကြင္းလယ္လူ ေကာ္တင္ညိဳကို ပရီးမီးယားလိဂ္ကလပ္ေတြက စာခ်ဳပ္ခ်ဳပ္ဆိုေစဖို႔ အခြင့္အေရးေပးတဲ့အေနနဲ႔ ေပါင္ ၂၇ သန္းနဲ႔ အငွားခ်သြားမယ္လို႔ သိရပါတယ္။ ႏူးကမ့္အေျခစုိက္အသင္းဟာ အဆိုပါ အသက္၂၇ ႏွစ္အရြယ္ ကြင္းလယ္လူကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီက ေပါင္ ၁၄၂ သန္းနဲ႔ လီဗာပူးကေန ေခၚယူခဲ့တာျဖစ္ၿပီး အၿမဲတမ္းစာခ်ဳပ္နဲ႔ ေရာင္းခ်ရမယ္ဆုိရင္ ေပါင္သန္း ၁၁၀ ၀န္းက်င္ ရရွိလိုေနပါတယ္။

Photo Credit ; Getty Images

ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလုိနာအသင္းကြင္းလယ္လူေကာ္တင္ညိဳကို လီဗာပူး၊ အာဆင္နယ္၊ မန္ယူနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က အၿပိဳင္ေခၚယူဖို႔ ခ်ိတ္ဆက္ေနၾကတာ ျဖစ္ပါတယ္။ မန္ဒိုဒီပို႔တီဗိုသတင္းစာရဲ႕ေဖာ္ျပခ်က္အရ လာလီဂါခ်န္ပီယံအသင္းဟာ ေကာ္တင္ညိဳအတြက္ တစ္ရာသီငွားရမ္းခ ေပါင္ ၂၇ သန္းသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

Photo Credit ; Getty Images

ဘာစီလိုနာအသင္းဥကၠ႒က ဒီလိုအငွားခ်ထားမႈကေန ေကာ္တင္ညိဳကို ေခၚယူလိုတဲ့ အသင္းေတြ စာခ်ဳပ္ ခ်ဳပ္ဆိုေစဖို႔ ဆြဲေဆာင္ႏိုင္မွာျဖစ္ၿပီး ထိုအသင္းေတြက ဘရာဇီးသားရဲ႕တန္ေၾကးကို စုေဆာင္းၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာပါတယ္။ လက္ရွိမွာဘာစီလိုနာအသင္းက ဂရစ္ဇ္မန္းကို ေပါင္ ၁၀၈ သန္းနဲ႔ အက္သလက္တီကိုအသင္းကေန ေခၚယူထားခဲ့ပါတယ္။

Photo Credit

အသင္းကေနထြက္ခြာလိုေနတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာကိုလည္း ျပန္လည္ေခၚယူလိုေနၿပီး ေအဂ်က္စ္ကြင္းလယ္လူဖရန္ကီဒီေဂ်ာင္ကိုလည္း ေပါင္ ၆၇.၅ သန္းနဲ႔ ဝယ္ယူထားခဲ့တာေၾကာင့္ လာမယ့္ရာသီ ေကာ္တင္ညိဳရဲ႕ ပြဲကစားခ်ိန္က အကန္႔အသတ္နဲ႔သာရွိႏိုင္မွာပါ။ ေကာ္တင္ညိဳဟာ အန္ဖီးလ္ကေနေျပာင္းေရႊ႔လာကတည္းက ႏူးကမ့္ေျမမွာ ပံုမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး ပရိသတ္ေတြရဲ႔ မ်က္မုန္းက်ိဳးျခင္းကိုလည္း ခံေနရပါတယ္။

Photo Credit ; Sky Sports

Unicode

ကော်တင်ညိုကို ပရီးမီးယားလိဂ် ကလပ်တွေဆီ အငှားနဲ့ စေလွှတ်လိုပေမယ့် ပေါင် ၂၇သန်းအထိ ဘာစီလိုနာ အလိုရှိ

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ကော်တင်ညိုကို ပရီးမီးယားလိဂ်ကလပ်တွေက စာချုပ်ချုပ်ဆိုစေဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ ပေါင် ၂၇ သန်းနဲ့ အငှားချသွားမယ်လို့ သိရပါတယ်။ နူးကမ့်အခြေစိုက်အသင်းဟာ အဆိုပါ အသက်၂၇ နှစ်အရွယ် ကွင်းလယ်လူကို ၂၀၁၈ ခုနှစ် ဇန်နဝါရီက ပေါင် ၁၄၂ သန်းနဲ့ လီဗာပူးကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အမြဲတမ်းစာချုပ်နဲ့ ရောင်းချရမယ်ဆိုရင် ပေါင်သန်း ၁၁၀ ဝန်းကျင် ရရှိလိုနေပါတယ်။
ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကွင်းလယ်လူကော်တင်ညိုကို လီဗာပူး၊ အာဆင်နယ်၊ မန်ယူနဲ့ ပီအက်စ်ဂျီအသင်းတို့က အပြိုင်ခေါ်ယူဖို့ ချိတ်ဆက်နေကြတာ ဖြစ်ပါတယ်။ မန်ဒိုဒီပို့တီဗိုသတင်းစာရဲ့ဖော်ပြချက်အရ လာလီဂါချန်ပီယံအသင်းဟာ ကော်တင်ညိုအတွက် တစ်ရာသီငှားရမ်းခ ပေါင် ၂၇ သန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌက ဒီလိုအငှားချထားမှုကနေ ကော်တင်ညိုကို ခေါ်ယူလိုတဲ့ အသင်းတွေ စာချုပ် ချုပ်ဆိုစေဖို့ ဆွဲဆောင်နိုင်မှာဖြစ်ပြီး ထိုအသင်းတွေက ဘရာဇီးသားရဲ့တန်ကြေးကို စုဆောင်းကြလိမ့်မယ်လို့ မျှော်လင့်နေတာပါတယ်။ လက်ရှိမှာဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းကို ပေါင် ၁၀၈ သန်းနဲ့ အက်သလက်တီကိုအသင်းကနေ ခေါ်ယူထားခဲ့ပါတယ်။
အသင်းကနေထွက်ခွာလိုနေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် နေမာကိုလည်း ပြန်လည်ခေါ်ယူလိုနေပြီး အေဂျက်စ်ကွင်းလယ်လူဖရန်ကီဒီဂျောင်ကိုလည်း ပေါင် ၆၇.၅ သန်းနဲ့ ဝယ်ယူထားခဲ့တာကြောင့် လာမယ့်ရာသီ ကော်တင်ညိုရဲ့ ပွဲကစားချိန်က အကန့်အသတ်နဲ့သာရှိနိုင်မှာပါ။ ကော်တင်ညိုဟာ အန်ဖီးလ်ကနေပြောင်းရွှေ့လာကတည်းက နူးကမ့်မြေမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကိုလည်း ခံနေရပါတယ်။