အႏုိင္ရသင့္တာထက္ေတာင္မွ ပိုခဲ့တဲ့ပြဲလုိ႔ လမ္းပတ္စိတ္ပ်က္စကားဆုိခဲ့

Photo Credit: Chelsea FC
Photo Credit: Chelsea FC

ခ်ဲလ္ဆီးက ရွက္ဖီးယူႏုိက္တက္ကို 2 ဂိုးျပတ္ဦးေဆာင္ၿပီးမွ ေခ်ပဂိုး 2 ဂိုးျပန္ေပးကာ သေရက်ခဲ့မႈအေပၚ နည္းျပလမ္းပတ္က စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး အႏုိင္ရသင့္တာထက္ေတာင္မွ ပိုမိုတဲ့အေျခအေနမ်ဳိးကို အဆံုးရႈံးခံလုိက္တာလုိ႔ မေက်မနပ္ဆုိခဲ့ပါတယ္။

Photo Credit: Chelsea FC

ခ်ဲလ္ဆီးဟာ ရွက္ဖီးယူႏုိက္တက္ကို ပထမပိုင္းမွာကတည္းက တုိက္စစ္မွဴးေအဘရာဟမ္ရဲ႕သြင္းဂိုး 2 ဂိုးနဲ႔ဦးေဆာင္ေနခဲ့ၿပီး လမ္းပတ္လက္ထက္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ပထမဆံုးႏုိင္ပြဲယူဖုိ႔ နီးစပ္ခဲ့ေသးတာပါ။ ဒါေပမဲ့ ဒုတိယပိုင္းအစမွာ ေရာ္ဘင္ဆန္ရဲ႕ဂုိးကိုခြင့္ျပဳခဲ့ရၿပီး 89 မိနစ္မွာေတာ့ ေနာက္ခံလူဇူးမားက ကိုယ့္ဂုိးကိုယ္သြင္းခ့ဲလုိ႔ မထင္မွတ္ဘဲ သေရပြဲနဲ႔ႀကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ပြဲစဥ္-2 တုန္းကလည္း ခ်ဲလ္ဆီးဟာ အိမ္ကြင္းမွာပဲ လက္စတာနဲ႔သေရက်ခဲ့လုိ႔ လမ္းပတ္လက္ထက္မွာ အိမ္ကြင္းပရိသတ္ေတြကို 3 မွတ္အျပည့္နဲ႔ အိမ္ျပန္ခြင့္မေပးႏုိင္ေသးဘူးျဖစ္ေနတာပါ။

Photo Credit: Chelsea FC

ဒါေၾကာင့္လည္း လမ္းပတ္က ”ပြဲက ကၽြန္ေတာ္တုိ႔ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာပဲရွိေနခဲ့တာပါ။ ဒုတိယပိုင္းစၿပီး ပထမဆံုးမိနစ္မွာပဲ သူတုိ႔ကိုလက္ေဆာင္ဂုိးသြားေပးလုိက္တာက ကၽြန္ေတာ္တုိ႔ရဲ႕အမွားပါပဲ။ ဒါဟာ ဒီရာသီရဲ႕ ပံုျပင္ေဟာင္းႀကီးလုိေတာင္ျဖစ္ေနပါၿပီ။ 2-0 နဲ႔ဦးေဆာင္ႏုိင္ၿပီး ဒီပြဲကုိအႏုိင္ရတာထက္ေတာင္ပုိမိုတဲ့အေျခအေနျဖစ္ခဲ့တာပါ။ ဒီလိုပံုစံမ်ဳိးျဖစ္သြားဖုိ႔ ဘာအေၾကာင္းမွကိုမရွိခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႔ကိုယ္တုိင္ကပဲ ကုိယ့္ကိုနာက်င္ေအာင္လုပ္ဖုိ႔ သူတုိ႔ကိုအခြင့္အေရးေပးလုိက္တာပါ။ ဒီအတြက္ ကိုယ္တုိင္ပဲတာ၀န္ယူရပါမယ္။ ဒါမ်ဳိးျဖစ္ေအာင္ ကၽြန္ေတာ္တုိ႔ကပဲ ခြင့္ျပဳလုိက္တာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: Chelsea FC

အဲဒီပြဲစဥ္မွာ 2 ဂိုးသြင္းခဲ့တဲ့ အဂၤလန္လူငယ္တုိက္စစ္မွဴးေအဘရာဟမ္ဟာ 2010 ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးဆက္တုိက္ ပရီးမီးယားလိဂ္ 2 ပြဲဆက္တုိက္ အနည္းဆံုး 2 ဂုိးသြင္းယူေပးႏုိင္တဲ့ ပထမဆံုးအဂၤလိပ္ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ ဒီလိုမ်ဳိး ေနာက္ဆံုးလုပ္ႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းက အဂၤလိပ္ကစားသမားဟာ လမ္းပတ္ကိုယ္တုိင္ပဲျဖစ္ခဲ့ၿပီး 2010 ဇန္န၀ါရီက အလားတူစြမ္းေဆာင္ႏုိင္ခဲ့တာပါ။ အဲဒီပြဲအၿပီးမွာ ေအဘရာဟမ္ရဲ႕ေျခစြမ္းကိုလည္း လမ္းပတ္ကခ်ီးက်ဴးခ့ဲၿပီး ဒီပံုစံအတုိင္း ေရွ႕ဆက္ေျခစြမ္းျပသြားဖုိ႔အတြက္လည္း တုိက္တြန္းခဲ့ပါတယ္။

(Unicode)

အနိုင်ရသင့်တာထက်တောင်မှ ပိုခဲ့တဲ့ပွဲလို့ လမ်းပတ်စိတ်ပျက်စကားဆိုခဲ့

ချဲလ်ဆီးက ရှက်ဖီးယူနိုက်တက်ကို 2 ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုး 2 ဂိုးပြန်ပေးကာ သရေကျခဲ့မှုအပေါ် နည်းပြလမ်းပတ်က စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အနိုင်ရသင့်တာထက်တောင်မှ ပိုမိုတဲ့အခြေအနေမျိုးကို အဆုံးရှုံးခံလိုက်တာလို့ မကျေမနပ်ဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ရှက်ဖီးယူနိုက်တက်ကို ပထမပိုင်းမှာကတည်းက တိုက်စစ်မှူးအေဘရာဟမ်ရဲ့သွင်းဂိုး 2 ဂိုးနဲ့ဦးဆောင်နေခဲ့ပြီး လမ်းပတ်လက်ထက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံးနိုင်ပွဲယူဖို့ နီးစပ်ခဲ့သေးတာပါ။ ဒါပေမဲ့ ဒုတိယပိုင်းအစမှာ ရော်ဘင်ဆန်ရဲ့ဂိုးကိုခွင့်ပြုခဲ့ရပြီး 89 မိနစ်မှာတော့ နောက်ခံလူဇူးမားက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ မထင်မှတ်ဘဲ သရေပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲစဉ်-2 တုန်းကလည်း ချဲလ်ဆီးဟာ အိမ်ကွင်းမှာပဲ လက်စတာနဲ့သရေကျခဲ့လို့ လမ်းပတ်လက်ထက်မှာ အိမ်ကွင်းပရိသတ်တွေကို 3 မှတ်အပြည့်နဲ့ အိမ်ပြန်ခွင့်မပေးနိုင်သေးဘူးဖြစ်နေတာပါ။

ဒါကြောင့်လည်း လမ်းပတ်က ”ပွဲက ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေခဲ့တာပါ။ ဒုတိယပိုင်းစပြီး ပထမဆုံးမိနစ်မှာပဲ သူတို့ကိုလက်ဆောင်ဂိုးသွားပေးလိုက်တာက ကျွန်တော်တို့ရဲ့အမှားပါပဲ။ ဒါဟာ ဒီရာသီရဲ့ ပုံပြင်ဟောင်းကြီးလိုတောင်ဖြစ်နေပါပြီ။ 2-0 နဲ့ဦးဆောင်နိုင်ပြီး ဒီပွဲကိုအနိုင်ရတာထက်တောင်ပိုမိုတဲ့အခြေအနေဖြစ်ခဲ့တာပါ။ ဒီလိုပုံစံမျိုးဖြစ်သွားဖို့ ဘာအကြောင်းမှကိုမရှိခဲ့ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကပဲ ကိုယ့်ကိုနာကျင်အောင်လုပ်ဖို့ သူတို့ကိုအခွင့်အရေးပေးလိုက်တာပါ။ ဒီအတွက် ကိုယ်တိုင်ပဲတာဝန်ယူရပါမယ်။ ဒါမျိုးဖြစ်အောင် ကျွန်တော်တို့ကပဲ ခွင့်ပြုလိုက်တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ 2 ဂိုးသွင်းခဲ့တဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူးအေဘရာဟမ်ဟာ 2010 နောက်ပိုင်းမှာ ချဲလ်ဆီးဆက်တိုက် ပရီးမီးယားလိဂ် 2 ပွဲဆက်တိုက် အနည်းဆုံး 2 ဂိုးသွင်းယူပေးနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး နောက်ဆုံးလုပ်နိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းက အင်္ဂလိပ်ကစားသမားဟာ လမ်းပတ်ကိုယ်တိုင်ပဲဖြစ်ခဲ့ပြီး 2010 ဇန်နဝါရီက အလားတူစွမ်းဆောင်နိုင်ခဲ့တာပါ။ အဲဒီပွဲအပြီးမှာ အေဘရာဟမ်ရဲ့ခြေစွမ်းကိုလည်း လမ်းပတ်ကချီးကျူးခဲ့ပြီး ဒီပုံစံအတိုင်း ရှေ့ဆက်ခြေစွမ်းပြသွားဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။