အ၀ါကတ္ျပသခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ္နည္းျပျဖစ္လာတဲ့ ဂြါဒီယိုလာ

Photo Credit ; Getty Images

Photo Credit ; Getty Images

စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ အ၀ါကတ္ျပသခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ္နည္းျပျဖစ္လာေၾကာင္း သိရပါတယ္။ စပိန္ႏိုင္ငံသား ဂြါဒီယုိလာဟာ တနဂၤေႏြေန႔က လီဗာပူးန႔ဲကစားခဲ့တ့ဲ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲရဲ႕ ပြဲခ်ိန္ ၄၁မိနစ္မွာ ကြင္းလယ္ဒိုင္ မာတင္အက္ကင္ဆန္ရဲ႕အ၀ါကတ္ျပသသတိေပးျခင္းခံခဲ့ရတာပါ။

Photo Credit ; Getty Images

ဘာစီလုိနာနဲ႔ ဘုိင္ယန္ျမဴးနစ္နည္းျပေဟာင္း ဂြါဒီယိုလာဟာ အသင္းေခါင္းေဆာင္ ေဒးဗစ္ေဆးလ္ဗားကို လီဗာပူးေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္ ၾကမ္းတမ္းစြာကစားခဲ့ျခင္းအေပၚ မေပ်ာ္မရႊင္ျဖစ္ခဲ့တာျဖစ္ၿပီး ဂိုမက္ဇ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ေဆးလ္ဗားလည္း အေတာ္ေလးအထိနာခဲ့ရပါတယ္။ အဂၤလန္လက္ေရြးစင္ ဂိုမက္ဇ္က ေဘာလုံးအရဦးခဲ့တာျဖစ္ေပမယ့္ ဂြါဒီယိုလာကေတာ့ သူ႕ရဲ႕ကစားပုံအေပၚ မေပ်ာ္မရႊင္ျဖစ္ေနၿပီး စတုတၳဒိုင္ အက္၀ဲလ္ကို ေဒါသတႀကီးအျပစ္တင္ခဲ့ပါတယ္။

Photo Credit

ကြင္းထဲမွာ ေဆးလ္ဗား ေဆးကုသမႈခံယူေနခ်ိန္ ကြင္းလယ္ဒိုင္ အက္ကင္ဆန္လည္း ကြင္းေဘးစည္းေရာက္လာၿပီး ဂြါဒီယိုလာကို အ၀ါကတ္ျပသခဲ့တာျဖစ္ပါတယ္။ အက္ဖ္ေအက ကြင္းေဘးစည္းမွာ နည္းျပေတြရဲ႕အျပဳအမူ တုိးတက္လာေစေရးအတြက္ နည္းျပေတြကို အ၀ါကတ္ျပသသတိေပးမယ့္စည္းမ်ဥ္းကို ၂၀၁၈ ခုႏွစ္စတင္အသက္သြင္းခဲ့တာ့ပါ။

Photo Credit

ဒါေပမဲ့ အဲဒီစည္းမ်ဥ္းက အဂၤလန္အဆင့္နိမ့္လိဂ္၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္ဖလား၊ EFL Trophy နဲ႔ National League ၿပိဳင္ပြဲေတြမွာပဲ အက်ံဳး၀င္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္နည္းျပေတြကေတာ့ ႏႈတ္နဲ႔သတိေပးျခင္းပဲ ခံခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီစည္းမ်ဥ္းကို အျပည္ျပည္ဆုိင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕(IFAB)က ျပင္ဆင္ခဲ့ၿပီး ပရီးမီးယားလိဂ္နည္းျပေတြပါ အက်ံဳး၀င္တဲ့စည္းမ်ဥ္းျဖစ္လာပါတယ္။

Photo Credit

Unicode

အဝါကတ်ပြသခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ်နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာ

စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အဝါကတ်ပြသခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ်နည်းပြဖြစ်လာကြောင်း သိရပါတယ်။ စပိန်နိုင်ငံသား ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့က လီဗာပူးနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲရဲ့ ပွဲချိန် ၄၁မိနစ်မှာ ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ရဲ့အဝါကတ်ပြသသတိပေးခြင်းခံခဲ့ရတာပါ။
ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂွါဒီယိုလာဟာ အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားကို လီဗာပူးနောက်ခံလူ ဂျိုးဂိုမက်ဇ် ကြမ်းတမ်းစွာကစားခဲ့ခြင်းအပေါ် မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပြီး ဂိုမက်ဇ်ရဲ့ဖျက်ထုတ်မှုကြောင့် ဆေးလ်ဗားလည်း အတော်လေးအထိနာခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင် ဂိုမက်ဇ်က ဘောလုံးအရဦးခဲ့တာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ သူ့ရဲ့ကစားပုံအပေါ် မပျော်မရွှင်ဖြစ်နေပြီး စတုတ္ထဒိုင် အက်ဝဲလ်ကို ဒေါသတကြီးအပြစ်တင်ခဲ့ပါတယ်။
ကွင်းထဲမှာ ဆေးလ်ဗား ဆေးကုသမှုခံယူနေချိန် ကွင်းလယ်ဒိုင် အက်ကင်ဆန်လည်း ကွင်းဘေးစည်းရောက်လာပြီး ဂွါဒီယိုလာကို အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။ အက်ဖ်အေက ကွင်းဘေးစည်းမှာ နည်းပြတွေရဲ့အပြုအမူ တိုးတက်လာစေရေးအတွက် နည်းပြတွေကို အဝါကတ်ပြသသတိပေးမယ့်စည်းမျဉ်းကို ၂၀၁၈ ခုနှစ်စတင်အသက်သွင်းခဲ့တာ့ပါ။
ဒါပေမဲ့ အဲဒီစည်းမျဉ်းက အင်္ဂလန်အဆင့်နိမ့်လိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား၊ EFL Trophy နဲ့ National League ပြိုင်ပွဲတွေမှာပဲ အကျုံးဝင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်နည်းပြတွေကတော့ နှုတ်နဲ့သတိပေးခြင်းပဲ ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီစည်းမျဉ်းကို အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့(IFAB)က ပြင်ဆင်ခဲ့ပြီး ပရီးမီးယားလိဂ်နည်းပြတွေပါ အကျုံးဝင်တဲ့စည်းမျဉ်းဖြစ်လာပါတယ်။