အြန္လုိင္းေပၚမွာ ဂယက္ရိုက္သြားေစတဲ့ မက္ဆီရဲ႕သားျဖစ္သူ မတ္တီယိုရဲ႕ေအာင္ပြဲခံမႈ

Photo Credit: The Sun
Photo Credit: The Sun

ဘက္တစ္ကို 5-2 နဲ႔အႏုိင္ရခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ႏူးကမ့္ကြင္းထဲက ဒီရာသီလာလီဂါပထမဆံုးႏုိင္ပြဲဟာ ပရိသတ္ေတြကို ေပ်ာ္ရႊင္မႈေပးႏုိင္ခဲ့သလုိ ပြဲၾကည့္စင္ေပၚက မက္ဆီရဲ႕သားျဖစ္သူ မတ္တီယိုရဲ႕ ထူးျခားတဲ့ေအာင္ပြဲခံမႈကလည္း Twitter ေပၚမွာ ေတာ္ေတာ္ေလးကိုေရပန္းစားသြားခဲ့ပါတယ္။

Photo Credit: The Sun

ၿပီးခဲ့တဲ့တနဂၤေႏြညကပြဲစဥ္မွာ ဘာစီလုိနာအသင္းအတြက္ ဒဏ္ရာရရွိေနၾကတဲ့ အဓိကတုိက္စစ္မွဴးမက္ဆီနဲ႔ ဆြာရက္ဇ္တုိ႔ႏွစ္ဦးစလံုးပါ၀င္ႏုိင္ခဲ့ျခင္းမရွိပါဘူး။ ဒါေပမဲ့ ႏူးကမ့္ကြင္းမွာကစားတာျဖစ္လုိ႔ အဲဒီပြဲစဥ္ကို ဆြာရက္ဇ္ေရာ၊ မက္ဆီပါ လာေရာက္အားေပးခဲ့ၿပီး မက္ဆီရဲ႕သားသံုးေယာက္လည္းပါ၀င္လာခဲ့ပါတယ္။ ပြဲစၿပီး 15 မိနစ္အၾကာမွာေတာ့ ဘက္တစ္ဘက္က တုိက္စစ္မွဴးဖီကာရဲ႕ကန္သြင္းခ်က္နဲ႔အတူ ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး အဲဒီအခ်ိန္မွာ မက္ဆီရဲ႕သားအလတ္ျဖစ္သူ မတ္တီယိုရဲ႕ရုတ္တရက္လုပ္ရပ္က ေဘးနားမွာရွိေနတဲ့ ဆြာရက္ဇ္ကိုေတာင္မွ မ်က္ႏွာပ်က္သြားေစခဲ့တာပါ။

Photo Credit: The Sun

ဖီကာရဲ႕ဂိုး၀င္သြားခ်ိန္မွာ ဘာစီလိုနာပရိသတ္ေတြအားလံုး စိတ္ပ်က္သြားၾကေပမယ့္ မတ္တီယိုကေတာ့ ရုတ္တရက္ပဲ လက္ႏွစ္ဖက္ကိုေထာင္ကာ အားရပါးရေအာင္ပြဲခံခဲ့တာပါ။ ဒါေၾကာင့္လည္း အနားမွာရွိေနတဲ့ ဆြာရက္ဇ္က မ်က္ႏွာပ်က္သြားၿပီး မတ္တီယိုကို အဲဒီလိုမလုပ္ဖုိ႔အတြက္ ေျပာၾကားေနတဲ့ပံုစံမ်ဳိးလည္းေတြ႕ခဲ့ရပါတယ္။ ေနာက္ပိုင္းမွသာ မက္ဆီ၊ ဆြာရက္ဇ္နဲ႔ မတ္တီယိုတုိ႔အားလံုး သေဘာက်ၿပီးရယ္ေမာေနတဲ့ပံုစံကိုျမင္ေတြ႕ခဲ့ရတာပါ။

Photo Credit: The Sun

မတ္တီယိုအတြက္ ဒါဟာ မက္ဆီရဲ႕ ဘာစီလုိနာကိုဆန္႔က်င္တာ ပထမဆံုးအႀကိမ္ေတာ့မဟုတ္ပါဘူး။ သူဟာ ဘာစီလိုနာအသင္းရႈံးပြဲႀကံဳေတြ႕တုိင္းလည္း ဖခင္ျဖစ္သူ မက္ဆီကို ေနာက္ေျပာင္ေလ့ရွိတာပါ။ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လီဗာပူးကို ဘာစီလိုနာရႈံးနိမ့္ခဲ့ေတာ့လည္း မက္ဆီကုိေနာက္ေျပာင္တဲ့အေနနဲ႔ သားအဖႏွစ္ဦး Playstation ဂိမ္းကစားၾကတဲ့အခ်ိန္မွာ ကၽြန္ေတာ္က အေဖကုိႏုိင္ထားတဲ့ လီဗာပူးဆုိၿပီးေျပာၾကားခဲ့ဖူးတာကို မက္ဆီက အင္တာဗ်ဴးတစ္ခုမွာ၀န္ခံခဲ့ပါေသးတယ္။

(Unicode)

အွန်လိုင်းပေါ်မှာ ဂယက်ရိုက်သွားစေတဲ့ မက်ဆီရဲ့သားဖြစ်သူ မတ်တီယိုရဲ့အောင်ပွဲခံမှု

ဘက်တစ်ကို 5-2 နဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းထဲက ဒီရာသီလာလီဂါပထမဆုံးနိုင်ပွဲဟာ ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်ခဲ့သလို ပွဲကြည့်စင်ပေါ်က မက်ဆီရဲ့သားဖြစ်သူ မတ်တီယိုရဲ့ ထူးခြားတဲ့အောင်ပွဲခံမှုကလည်း Twitter ပေါ်မှာ တော်တော်လေးကိုရေပန်းစားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေညကပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ဒဏ်ရာရရှိနေကြတဲ့ အဓိကတိုက်စစ်မှူးမက်ဆီနဲ့ ဆွာရက်ဇ်တို့နှစ်ဦးစလုံးပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ နူးကမ့်ကွင်းမှာကစားတာဖြစ်လို့ အဲဒီပွဲစဉ်ကို ဆွာရက်ဇ်ရော၊ မက်ဆီပါ လာရောက်အားပေးခဲ့ပြီး မက်ဆီရဲ့သားသုံးယောက်လည်းပါဝင်လာခဲ့ပါတယ်။ ပွဲစပြီး 15 မိနစ်အကြာမှာတော့ ဘက်တစ်ဘက်က တိုက်စစ်မှူးဖီကာရဲ့ကန်သွင်းချက်နဲ့အတူ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး အဲဒီအချိန်မှာ မက်ဆီရဲ့သားအလတ်ဖြစ်သူ မတ်တီယိုရဲ့ရုတ်တရက်လုပ်ရပ်က ဘေးနားမှာရှိနေတဲ့ ဆွာရက်ဇ်ကိုတောင်မှ မျက်နှာပျက်သွားစေခဲ့တာပါ။

ဖီကာရဲ့ဂိုးဝင်သွားချိန်မှာ ဘာစီလိုနာပရိသတ်တွေအားလုံး စိတ်ပျက်သွားကြပေမယ့် မတ်တီယိုကတော့ ရုတ်တရက်ပဲ လက်နှစ်ဖက်ကိုထောင်ကာ အားရပါးရအောင်ပွဲခံခဲ့တာပါ။ ဒါကြောင့်လည်း အနားမှာရှိနေတဲ့ ဆွာရက်ဇ်က မျက်နှာပျက်သွားပြီး မတ်တီယိုကို အဲဒီလိုမလုပ်ဖို့အတွက် ပြောကြားနေတဲ့ပုံစံမျိုးလည်းတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှသာ မက်ဆီ၊ ဆွာရက်ဇ်နဲ့ မတ်တီယိုတို့အားလုံး သဘောကျပြီးရယ်မောနေတဲ့ပုံစံကိုမြင်တွေ့ခဲ့ရတာပါ။

မတ်တီယိုအတွက် ဒါဟာ မက်ဆီရဲ့ ဘာစီလိုနာကိုဆန့်ကျင်တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ သူဟာ ဘာစီလိုနာအသင်းရှုံးပွဲကြုံတွေ့တိုင်းလည်း ဖခင်ဖြစ်သူ မက်ဆီကို နောက်ပြောင်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကို ဘာစီလိုနာရှုံးနိမ့်ခဲ့တော့လည်း မက်ဆီကိုနောက်ပြောင်တဲ့အနေနဲ့ သားအဖနှစ်ဦး Playstation ဂိမ်းကစားကြတဲ့အချိန်မှာ ကျွန်တော်က အဖေကိုနိုင်ထားတဲ့ လီဗာပူးဆိုပြီးပြောကြားခဲ့ဖူးတာကို မက်ဆီက အင်တာဗျူးတစ်ခုမှာဝန်ခံခဲ့ပါသေးတယ်။