အံ့အားသင့္ဖြယ္ဂိုးန႔ဲ မန္ယူလူငယ္အသင္းကို ပညာေပးသြားတဲ့ ခ်ာလ္တန္လူငယ္

Photo Credit: The Sun
Photo Credit: The Sun

မန္ယူ ယူ-18 အသင္းနဲ႔ ခ်ာလ္တန္ယူ-18 အသင္းတုိ႔ရဲ႕ေျခစမ္းပြဲစဥ္မွာ ခ်ာလ္တန္လူငယ္အသင္းသား အာရြန္ဟင္နရီသြင္းယူခဲ့တဲ့ ေတာ္ေတာ္ေလးကိုအံ့အားသင့္စရာေကာင္းၿပီး လွပလြန္းခဲ့တာေၾကာင့္ twitter ေပၚမွာ ေရပန္းအစားဆံုးဗီဒီယိုဖိုင္တစ္ခုျဖစ္ေနပါတယ္။

Photo Credit: The Sun

ခ်ာလ္တန္လူငယ္က 4-2 နဲ႔အႏုိင္ရခဲ့တဲ့ အဲဒီပြဲစဥ္မွာ လူငယ္ကြင္းလယ္လူအာရြန္ဟင္နရီဟာ ဒိုင္လူႀကီးက ပြဲစၿပီလုိ႔ ခရာမႈတ္ၿပီးအခ်က္ေပးလုိက္တာနဲ႔ ကြင္းလယ္ေခါင္စည္း၀ိုင္းထဲမွာတည္ထားတဲ့ ေဘာလံုးကိုေျပးကန္ကာ မန္ယူဘက္ကို ဂုိးသြင္းလုိက္တာျဖစ္ပါတယ္။ မန္ယူလူငယ္အသင္းဂိုးသမားက ေရွ႕ထြက္ေနၿပီး အဆင္သင့္မျဖစ္တာကို ျမင္ေတြ႕လုိက္တဲ့ အာရြန္ဟင္နရီဟာ ပြဲစတယ္ဆုိတာနဲ႔ ခ်က္ခ်င္းပဲေဘာလံုးကိုေျပးကန္ကာ အခြင့္အေရးယူလုိက္တာပါ။ သူ႕ရဲ႕ကန္ခ်က္ကလည္း အရမ္းကိုတိက်လြန္းခဲ့ၿပီး ဂုိးသမားရဲ႕ေခါင္းေပၚကေက်ာ္ကာ ညာဘက္ေထာင့္ထဲကိုတန္း၀င္သြားခဲ့ပါတယ္။

Photo Credit: The Sun

အာရြန္ဟင္နရီရဲ႕ကန္ခ်က္ဂိုး၀င္သြားတာနဲ႔ ခ်ာလ္တန္အသင္းသားေတြက သူ႕ကိုေျပးဖက္ကာေအာင္ပြဲခံခဲ့ၾကၿပီး မန္ယူကစားသမားေတြကေတာ့ ရုတ္တရက္အံ့အားသင့္ကာ ကြင္းထဲမွာေၾကာင္အမ္းအမ္းနဲ႔ရပ္ၾကည့္ေနခဲ့ၾကပါတယ္။ ဒုတိယပိုင္းမွာလည္း အာရြန္ဟင္နရီဟာ အဲဒီလုိပဲ ဂိုးသမားေရွ႕ထြက္ေနတာကိုအခြင့္ေကာင္းယူၿပီး ကြင္းလယ္ကေနလွမ္းကန္ခဲ့ေသးေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ မန္ယူဂိုးသမားကာကြယ္ႏုိင္ခဲ့ပါတယ္။ သူ႕ရဲ႕သြင္းဂုိးဟာ သိပ္ကိုလွပလြန္းတာေၾကာင့္ ပရိသတ္ေတြက မန္ယူဂႏၳ၀င္ေဒးဗစ္ဘက္ဟမ္းရဲ႕ သြင္းဂိုးနဲ႔လည္း ႏိႈင္းယွဥ္ခ်ီးက်ဴးေနၾကပါတယ္။ ပရိသတ္တခ်ဳိ႕ကဆုိရင္ အာရြန္ဟင္နရီရဲ႕ဂုိးေၾကာင့္ အခုခ်က္ခ်င္းပဲစာခ်ဳပ္ခ်ဳပ္လုိက္ဖုိ႔ေတာင္ တုိက္တြန္းခဲ့ၾကတာေတြ႕ရပါတယ္။

(Unicode)

အံ့အားသင့်ဖွယ်ဂိုးနဲ့ မန်ယူလူငယ်အသင်းကို ပညာပေးသွားတဲ့ ချာလ်တန်လူငယ်

မန်ယူ ယူ-18 အသင်းနဲ့ ချာလ်တန်ယူ-18 အသင်းတို့ရဲ့ခြေစမ်းပွဲစဉ်မှာ ချာလ်တန်လူငယ်အသင်းသား အာရွန်ဟင်နရီသွင်းယူခဲ့တဲ့ တော်တော်လေးကိုအံ့အားသင့်စရာကောင်းပြီး လှပလွန်းခဲ့တာကြောင့် twitter ပေါ်မှာ ရေပန်းအစားဆုံးဗီဒီယိုဖိုင်တစ်ခုဖြစ်နေပါတယ်။

ချာလ်တန်လူငယ်က 4-2 နဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ လူငယ်ကွင်းလယ်လူအာရွန်ဟင်နရီဟာ ဒိုင်လူကြီးက ပွဲစပြီလို့ ခရာမှုတ်ပြီးအချက်ပေးလိုက်တာနဲ့ ကွင်းလယ်ခေါင်စည်းဝိုင်းထဲမှာတည်ထားတဲ့ ဘောလုံးကိုပြေးကန်ကာ မန်ယူဘက်ကို ဂိုးသွင်းလိုက်တာဖြစ်ပါတယ်။ မန်ယူလူငယ်အသင်းဂိုးသမားက ရှေ့ထွက်နေပြီး အဆင်သင့်မဖြစ်တာကို မြင်တွေ့လိုက်တဲ့ အာရွန်ဟင်နရီဟာ ပွဲစတယ်ဆိုတာနဲ့ ချက်ချင်းပဲဘောလုံးကိုပြေးကန်ကာ အခွင့်အရေးယူလိုက်တာပါ။ သူ့ရဲ့ကန်ချက်ကလည်း အရမ်းကိုတိကျလွန်းခဲ့ပြီး ဂိုးသမားရဲ့ခေါင်းပေါ်ကကျော်ကာ ညာဘက်ထောင့်ထဲကိုတန်းဝင်သွားခဲ့ပါတယ်။

အာရွန်ဟင်နရီရဲ့ကန်ချက်ဂိုးဝင်သွားတာနဲ့ ချာလ်တန်အသင်းသားတွေက သူ့ကိုပြေးဖက်ကာအောင်ပွဲခံခဲ့ကြပြီး မန်ယူကစားသမားတွေကတော့ ရုတ်တရက်အံ့အားသင့်ကာ ကွင်းထဲမှာကြောင်အမ်းအမ်းနဲ့ရပ်ကြည့်နေခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာလည်း အာရွန်ဟင်နရီဟာ အဲဒီလိုပဲ ဂိုးသမားရှေ့ထွက်နေတာကိုအခွင့်ကောင်းယူပြီး ကွင်းလယ်ကနေလှမ်းကန်ခဲ့သေးပေမယ့် ဒီတစ်ကြိမ်မှာတော့ မန်ယူဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးဟာ သိပ်ကိုလှပလွန်းတာကြောင့် ပရိသတ်တွေက မန်ယူဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းရဲ့ သွင်းဂိုးနဲ့လည်း နှိုင်းယှဉ်ချီးကျူးနေကြပါတယ်။ ပရိသတ်တချို့ကဆိုရင် အာရွန်ဟင်နရီရဲ့ဂိုးကြောင့် အခုချက်ချင်းပဲစာချုပ်ချုပ်လိုက်ဖို့တောင် တိုက်တွန်းခဲ့ကြတာတွေ့ရပါတယ်။