အဲလစ္ဆန္လည္းဒီလိုအမွားမ်ိဳး မွားခဲ့ဖူးတာပဲ…

Photo Credit

Photo Credit ; Reuters

လီဗားပူးအသင္းကြင္းလယ္လူဝစ္ခ်္နယ္ဒန္ကေတာ့ အသင္းရဲ႕ဒုတိယဦးစားေပးဂိုးသမားအက္ဒရီယန္ကို ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ျပဳလုပ္ခဲ့မိတဲ့အမွားအတြက္ စိတ္ထဲမထားဖို႔နဲ႔ ဒဏ္ရာေၾကာင့္ အနားယူေနရတ့ဲ ဦးစားေပးဂိုးသမား အဲလစ္ဆန္လည္း ဒီလိုအမွားမ်ိဳးျပဳလုပ္ခဲ့ဖူးတယ္လို႔ အားေပးစကားဆိုလိုက္ပါတယ္။

Photo Credit ; Getty Images

၂၀၁၉-၂၀၂၀ ရာသီမွာ လီဗာပူးအသင္းရဲ႕နံပါတ္ ၁ ဦးစားေပးဂိုးသမားအဲလစ္ဆန္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အသင္းရဲ႕ေနာက္ဆုံး ၂ပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။၊ ဒါေၾကာင့္ အရန္ဂိုးသမားျဖစ္တဲ့ အက္ဒရီယန္ဝင္ေရာက္ ကစားရာမွာေတာ့ သူ႕ရဲ႕လက္စြမ္းေတြက ေကာင္းမြန္ျခင္းေရာ ဆိုးရြားမႈေတြပါ ဒြန္တြဲေနခဲ့ပါတယ္။

Photo Credit ; Getty Images

စူပါဖလားဖိုင္နယ္ပြဲစဥ္ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မွာေတာ့ အက္ဒရီယန္ရဲ႕အေကာင္းဆံုးလက္စြမ္းျပမႈေတြနဲ႔အတူ လီဗာပူးအသင္းက ပင္နယ္တီအဆံုးအျဖတ္မွာအႏိုင္ရရွိၿပီး စူပါဖလားကိုဆြတ္ခူးရယူႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့စေနေန႔က ေဆာက္သမ္တန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အက္ဒရီယန္က မထင္မွတ္တဲ့ အမွားကို ျပဳလုပ္ခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားဒန္နီအင့္စ္ရဲ႕ ေခ်ပဂိုးကိုခြင့္ျပဳခဲ့ရပါတယ္။

Photo Credit ; Reuters

အဆိုပါ ပြဲစဥ္မွာအန္ဒရီယန္ရဲ႔ အမွားေၾကာင့္ ေခ်ပဂိုး ၁ ဂိုး ျပန္ေပးခဲ့ရၿပီးလီဗာပူူးအသင္းကေဆာက္သမ္တန္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔သာအႏိုင္ရရွိခဲ့တာပါ။ အဆိုပါျဖစ္ရပ္နဲ႔ ပက္သတ္ၿပီး နယ္သာလန္ႏိုင္ငံသားကြင္းလယ္လူဝစ္ခ်္နယ္ဒန္က “ဒီလိုအျဖစ္အပ်က္ေတြက ဂိုးသမားေတြမွာ ျဖစ္တတ္ပါတယ္၊ ၿပီးခဲ့တဲ့ရာသီတုန္းက လက္စတာအသင္းနဲ႔ ပြဲစဥ္မွာေရာ ဒီႏွစ္ရာသီႀကိဳပြဲစဥ္မွာေရာ အဲလစ္ဆန္လည္း ဒီလိုအမွားမ်ိဳးေတြ ျဖစ္ပ်က္ခဲ့ဖူးတယ္”

Photo Credit

”အက္ဒရီယန္က ဘာလို႔ ဒီလိုမမွားရမွာလဲ၊ ကၽြန္ေတာ္ထင္တာကေတာ့ ဒီအမွားကို သူကိုယ္တုိင္သိၿပီး ေနာက္တစ္ခါ ထပ္ၿပီးမမွားဖို႔ကပိုအေရးႀကီးတယ္လို႔ ထင္ပါတယ္၊ လူတိုင္းဒီလိုမွားတတ္ၾကပါတယ္၊ ဂိုးသမားေတြေရာေပါ့၊ ဒါေပမဲ့ အက္ဒရီယန္က ဂိုးသမားတစ္ဦး ျဖစ္ေနတဲ့အတြက္ ဒီလိုအမွားမ်ိဳးထပ္ကာထပ္ကာမမွားဖုိ႔ေတာ့ လိုပါတယ္၊ ဒီအမွားေတြကေပးဂိုးေတြ ျဖစ္ေနလို႔ပါ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

အဲလစ်ဆန်လည်းဒီလိုအမှားမျိုး မှားခဲ့ဖူးတာပဲ…

လီဗားပူးအသင်းကွင်းလယ်လူဝစ်ချ်နယ်ဒန်ကတော့ အသင်းရဲ့ဒုတိယဦးစားပေးဂိုးသမားအက်ဒရီယန်ကို ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ပြုလုပ်ခဲ့မိတဲ့အမှားအတွက် စိတ်ထဲမထားဖို့နဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဦးစားပေးဂိုးသမား အဲလစ်ဆန်လည်း ဒီလိုအမှားမျိုးပြုလုပ်ခဲ့ဖူးတယ်လို့ အားပေးစကားဆိုလိုက်ပါတယ်။
၂၀၁၉-၂၀၂၀ ရာသီမှာ လီဗာပူးအသင်းရဲ့နံပါတ် ၁ ဦးစားပေးဂိုးသမားအဲလစ်ဆန်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့နောက်ဆုံး ၂ပွဲကို လွဲချော်ခဲ့ရပါတယ်။၊ ဒါကြောင့် အရန်ဂိုးသမားဖြစ်တဲ့ အက်ဒရီယန်ဝင်ရောက် ကစားရာမှာတော့ သူ့ရဲ့လက်စွမ်းတွေက ကောင်းမွန်ခြင်းရော ဆိုးရွားမှုတွေပါ ဒွန်တွဲနေခဲ့ပါတယ်။
စူပါဖလားဖိုင်နယ်ပွဲစဉ် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာတော့ အက်ဒရီယန်ရဲ့အကောင်းဆုံးလက်စွမ်းပြမှုတွေနဲ့အတူ လီဗာပူးအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရရှိပြီး စူပါဖလားကိုဆွတ်ခူးရယူနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့က ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အက်ဒရီယန်က မထင်မှတ်တဲ့ အမှားကို ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်ကစားသမားဒန်နီအင့်စ်ရဲ့ ချေပဂိုးကိုခွင့်ပြုခဲ့ရပါတယ်။
အဆိုပါ ပွဲစဉ်မှာအန်ဒရီယန်ရဲ့ အမှားကြောင့် ချေပဂိုး ၁ ဂိုး ပြန်ပေးခဲ့ရပြီးလီဗာပူူးအသင်းကဆောက်သမ်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့သာအနိုင်ရရှိခဲ့တာပါ။ အဆိုပါဖြစ်ရပ်နဲ့ ပက်သတ်ပြီး နယ်သာလန်နိုင်ငံသားကွင်းလယ်လူဝစ်ချ်နယ်ဒန်က “ဒီလိုအဖြစ်အပျက်တွေက ဂိုးသမားတွေမှာ ဖြစ်တတ်ပါတယ်၊ ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာအသင်းနဲ့ ပွဲစဉ်မှာရော ဒီနှစ်ရာသီကြိုပွဲစဉ်မှာရော အဲလစ်ဆန်လည်း ဒီလိုအမှားမျိုးတွေ ဖြစ်ပျက်ခဲ့ဖူးတယ်”
”အက်ဒရီယန်က ဘာလို့ ဒီလိုမမှားရမှာလဲ၊ ကျွန်တော်ထင်တာကတော့ ဒီအမှားကို သူကိုယ်တိုင်သိပြီး နောက်တစ်ခါ ထပ်ပြီးမမှားဖို့ကပိုအရေးကြီးတယ်လို့ ထင်ပါတယ်၊ လူတိုင်းဒီလိုမှားတတ်ကြပါတယ်၊ ဂိုးသမားတွေရောပေါ့၊ ဒါပေမဲ့ အက်ဒရီယန်က ဂိုးသမားတစ်ဦး ဖြစ်နေတဲ့အတွက် ဒီလိုအမှားမျိုးထပ်ကာထပ်ကာမမှားဖို့တော့ လိုပါတယ်၊ ဒီအမှားတွေကပေးဂိုးတွေ ဖြစ်နေလို့ပါ”လို့ ပြောသွားခဲ့ပါတယ်။