အုိးလ္ထရက္ဖုိ႔ဒ္ကို ေပ်ာ္ရႊင္မႈေတြျပန္ယူေဆာင္ေပးခ်င္ေနတဲ့ ပါရဲရား

Photo Credit: Getty Images
Photo Credit: Getty Images

မန္ယူအသင္းကြင္းလယ္လူပါရဲရားက ဒီရာသီမွာ မန္ယူနဲ႔အတူ ေအာင္ျမင္မႈေတြရယူခ်င္ၿပီး အိုးလ္ထရက္ဖုိ႔ဒ္ကြင္းထဲက ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္မႈေတြျပန္လည္ယူေဆာင္ေပးခ်င္တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

အသက္ 23 ႏွစ္အရြယ္ ဘရာဇီးကြင္းလယ္လူပါရဲရားဟာ ဒီရာသီမွာ နည္းျပဆုိးလ္ရွားရဲ႕ ဦးစားေပးကစားသမားစာရင္းထဲမွာပါ၀င္ခြင့္ရရွိလာခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ပြဲထြက္ခြင့္ရခဲ့သလုိ ၀ုဗ္နဲ႔ပြဲမွာလည္းလူစား၀င္ကစားခြင့္ရခဲ့ပါတယ္။ ပါရဲရားဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ တုိက္စစ္မွဴးမာရွယ္သြင္းယူခဲ့တဲ့ဂိုးအတြက္လည္း ညာေတာင္ပံကေန အေကာင္းဆံုးျဖတ္တင္ေဘာေပးပို႔ကာဖန္တီးေပးႏုိင္ခဲ့တာပါ။

Photo Credit: Getty Images

စေနညမွာကစားရမယ့္ ပဲေလ့စ္နဲ႔ပြဲမတုိင္ခင္ မန္ယူတီဗီြနဲ႔အင္တာဗ်ဴးမွာ ပါရဲရားက ”ဒီရာသီမွာ အသင္းနဲ႔အတူ ဆုဖလားေတြရယူၿပီး ကလပ္ထံကို ေပ်ာ္ရႊင္မႈေတြျပန္လည္ယူေဆာင္ေပးခ်င္ပါတယ္။ ပရိသတ္ေတြ ေပ်ာ္ရႊင္ေနၾကတာကိုလည္း ကၽြန္ေတာ္ျမင္ေတြ႕ခ်င္ေနတာပါ။ ပြဲကစားခ်ိန္ပိုရလာၿပီး သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြနဲ႔ ကၽြန္ေတာ္တတ္ႏုိင္သေလာက္ အသင္းကိုကူညီေပးႏုိင္ၿပီး ဆုဖလားေအာင္ျမင္မႈေတြရယူခ်င္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

ဒါ့အျပင္ ပါရဲရားက လက္ရွိအခ်ိန္မွာ သူဟာ ကိုယ့္ကိုယ္ကုိယံုၾကည္မႈအျပည့္နဲ႔ အသင္းအတြက္ ေပ်ာ္ရႊင္စြာကစားေပးေနေၾကာင္း၊ နည္းျပထံကလည္း ယံုၾကည္မႈအျပည့္ရရွိထားေၾကာင္းနဲ႔ အရင္ကထက္စာရင္ ပိုမိုရင့္က်က္တဲ့ကစားသမားတစ္ဦးျဖစ္လာၿပီး ႀကံဳေတြ႕ရမယ့္စိန္ေခၚမႈေတြအတြက္ အဆင္သင့္ျဖစ္ေနေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ ပါရဲရားဟာ ဂရန္နာဒါနဲ႔ ဗလင္စီယာတုိ႔မွာ တစ္ရာသီအငွားစီနဲ႔သြားေရာက္ကစားခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီက မန္ယူကိုျပန္ေရာက္လာၿပီး ၿပိဳင္ပြဲအရပ္ရပ္ 22 ပြဲပါ၀င္ကစားကာ 1 ဂုိးသြင္းယူေပးႏုိင္ခဲ့ပါတယ္။

(Unicode)

အိုးလ်ထရက်ဖို့ဒ်ကို ပျော်ရွှင်မှုတွေပြန်ယူဆောင်ပေးချင်နေတဲ့ ပါရဲရား

မန်ယူအသင်းကွင်းလယ်လူပါရဲရားက ဒီရာသီမှာ မန်ယူနဲ့အတူ အောင်မြင်မှုတွေရယူချင်ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲက ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေပြန်လည်ယူဆောင်ပေးချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် 23 နှစ်အရွယ် ဘရာဇီးကွင်းလယ်လူပါရဲရားဟာ ဒီရာသီမှာ နည်းပြဆိုးလ်ရှားရဲ့ ဦးစားပေးကစားသမားစာရင်းထဲမှာပါဝင်ခွင့်ရရှိလာခဲ့ပြီး ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ပွဲထွက်ခွင့်ရခဲ့သလို ဝုဗ်နဲ့ပွဲမှာလည်းလူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ ပါရဲရားဟာ ချဲလ်ဆီးနဲ့ပွဲမှာ တိုက်စစ်မှူးမာရှယ်သွင်းယူခဲ့တဲ့ဂိုးအတွက်လည်း ညာတောင်ပံကနေ အကောင်းဆုံးဖြတ်တင်ဘောပေးပို့ကာဖန်တီးပေးနိုင်ခဲ့တာပါ။

စနေညမှာကစားရမယ့် ပဲလေ့စ်နဲ့ပွဲမတိုင်ခင် မန်ယူတီဗွီနဲ့အင်တာဗျူးမှာ ပါရဲရားက ”ဒီရာသီမှာ အသင်းနဲ့အတူ ဆုဖလားတွေရယူပြီး ကလပ်ထံကို ပျော်ရွှင်မှုတွေပြန်လည်ယူဆောင်ပေးချင်ပါတယ်။ ပရိသတ်တွေ ပျော်ရွှင်နေကြတာကိုလည်း ကျွန်တော်မြင်တွေ့ချင်နေတာပါ။ ပွဲကစားချိန်ပိုရလာပြီး သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ ကျွန်တော်တတ်နိုင်သလောက် အသင်းကိုကူညီပေးနိုင်ပြီး ဆုဖလားအောင်မြင်မှုတွေရယူချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပါရဲရားက လက်ရှိအချိန်မှာ သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အသင်းအတွက် ပျော်ရွှင်စွာကစားပေးနေကြောင်း၊ နည်းပြထံကလည်း ယုံကြည်မှုအပြည့်ရရှိထားကြောင်းနဲ့ အရင်ကထက်စာရင် ပိုမိုရင့်ကျက်တဲ့ကစားသမားတစ်ဦးဖြစ်လာပြီး ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ပါရဲရားဟာ ဂရန်နာဒါနဲ့ ဗလင်စီယာတို့မှာ တစ်ရာသီအငှားစီနဲ့သွားရောက်ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက မန်ယူကိုပြန်ရောက်လာပြီး ပြိုင်ပွဲအရပ်ရပ် 22 ပွဲပါဝင်ကစားကာ 1 ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။